Tuesday, May 15, 2012

လုပ်ခလစာ တိုးမြှင့်ရရှိရေး အထည်ချုပ်စက်ရုံ အလုပ်သမား ဆန္ဒပြ

Ever November | 5/15/2012 01:22:00 PM | Best Blogger Tips

လှိုင်သာယာမြို့နယ်၊ စက်မှုဇုန် ၄ စပယ်ပွင့် အထည်ချုပ်စက်ရုံ အလုပ်သမားများ 
 လုပ်ခလစာ တိုးမြှင့်ရရှိရေးအတွက် ၂၀၁၂ ခုနှစ် မေလ ၁၄ ရက်က ဆန္ဒပြနေစဉ်။

လှိုင်သာယာမြို့နယ် စက်မှုဇုန် ၄ စပယ်ပွင့် အထည်ချုပ်စက်ရုံက အလုပ်သမားတွေဟာ လုပ်ခလစာ တိုးမြှင့်ရရှိရေးအတွက် ဒီကနေ့ ဆန္ဒပြခဲ့ကြပါတယ်။
အခြေခံလုပ်ခလစာဟာ ကျပ်တစ်သောင်းကျော် နှစ်သောင်းဝန်းကျင်ပဲ ရတဲ့အတွက် လုပ်ခလစာ အခြေခံ သုံးသောင်းကျော်နဲ့ အချိန်ပိုကြေးအပါအ၀င် တစ်လကိုအနည်းဆုံး ၇ သောင်းလောက် ရလိုကြောင်း ဆန္ဒပြအလုပ်သမားတွေက ပြောပါတယ်။
ဒီစပယ်ပွင့်စက်ရုံဟာ တရုတ်ပိုင်စက်ရုံ ဖြစ်တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ လောလောဆယ် အလုပ်သမား ခေါင်းဆောင် ၅ ဦးကိုခေါ်ယူပြီး အလုပ်သမားရေးရာဌာနနဲ့ အလုပ်ရှင်တို့က ညှိနှိုင်းဆွေးနွေး နေတယ်လို့ သိရပါတယ်။
အဲဒီ အထည်ချုပ်စက်ရုံမှာ အလုပ်သမား ၅၀၀ လောက်ရှိပြီး ဒီကနေ့ အလုပ်သမား အားလုံးနီးပါးက အခုလို အလုပ်မဆင်းဘဲ ဆန္ဒပြနေကြတာဖြစ်ကြောင်း ဆန္ဒပြအလုပ်သမားတွေက ပြောဆိုခဲ့ပါတယ်။
RFA

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1