Tuesday, May 15, 2012

မီးလောင်မှုဖြစ်ပွားနိုင်သည့် PC ၁၆၀,၀၀၀ ကို Lenovo ပြန်လည်သိမ်းဆည်းခဲ့

Ever November | 5/15/2012 02:31:00 PM | Best Blogger Tips
Power supply ရှိ အတွင်းပိုင်းစက်ပစ္စည်း အစိတ်အပိုင်းတစ်ခု၏ ချို့ယွင်းမှုကြောင့် အပူလွန်ကဲကာ မီးလောင်မှုဖြစ်ပွားနိုင်သည့် Thinkcentre M70z နှင့် M90z all-in-one desktop PC နှစ်မျိုးအား ၂၀၁၀ ခုနှစ် မေလမှ ၂၀၁၂ ဇန်န၀ါရီလအတွင်း ကမ္ဘာတစ်ဝန်းမှ အလုံးရေ ၁၆၀,၀၀၀ ခန့် ပြန်လည်သိမ်းဆည်းခဲ့ကြောင်း သိရသည်။

Lenovo အနေဖြင့် all-in-one PC များရှိ power supply ချို့ယွင်းချက်ကို ရှာဖွေတွေ့ရှိခဲ့ကြောင်း၊ ၎င်းချို့ယွင်းချက်ကြောင့် အပူလွန်ကဲမှုများဖြစ်ပွားပြီး မီးလောင်မှုဖြစ်ပေါ်စေနိုင်ကြောင်းနှင့် မီးလောင်မှုဖြစ်ပွားသောကြောင့် ပျက်စီးသွားသည့် PC နှစ်လုံးနှင့်ပတ်သက်သည့် သုံးစွဲသူထံမှ တင်ပြချက်များကိုလည်း လက်ခံရရှိခဲ့ကြောင်း Lenovo ၏ ယူကေမီဒီယာဆက်ဆံရေးဌာနမှ အကြီးအကဲဖြစ်သူ Charlotte Westက Inquirer သတင်းဌာနသို့ပြောကြားခဲ့သည်။ ထို့အပြင် ချို့ယွင်းမှုဖြစ်ပွားသည့် all-in-one desktop PC များအတွက် power supply များကိုလည်း အခမဲ့ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်းနှင့် ၎င်းဖြစ်ရပ်များအတွက် Lenovo အနေဖြင့်တောင်းပန်ပါကြောင်း သူမက ဆက်လက် ပြောကြားခဲ့သည်။ အထက်ပါ desktop PC များကိုသုံးစွဲသူများအနေဖြင့် ၎င်းတို့ကွန်ပျူတာရှိ serial number များကိုစစ်ဆေးသင့်ကြောင်းနှင့် ပြန်လည်သိမ်းဆည်းသည့် စာရင်းအသေးစိတ်ကို Lenovo support ၀က်ဘ်ဆိုက်တွင် ဖော်ပြထားကြောင်းသိရသည်။
Internet Journal

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1