Friday, May 4, 2012

 မာလီအာဏာသိမ်းအစိုးရကို သမ္မတဟောင်း ထောက်ခံသူများက တန်ပြန် အာဏာသိမ်းမှုဖြစ်ပွား

Ever November | 5/04/2012 10:44:00 AM | Best Blogger Tips
အာဏာသိမ်းခေါင်းဆောင် အာမာဒူဟာရာဆာနိုဂိုကို သစ္စာခံသည့် တပ်ဖွဲ့ဝင်များအား 
မတ်လ ၂၂ ရက်နေ့က မြို့တော်ဘာမာကို လမ်းတစ်ခုပေါ်တွင် မြင်တွေ့ရစဉ်
ပြီးခဲ့သော သီတင်းပတ် ငါးပတ်က အာဏာသိမ်းခဲ့သော မာလီစစ်အစိုးရကို အာဏာသိမ်းခံရသည့် သမ္မတဟောင်း ထောက်ခံသူများက တန်ပြန် အာဏာသိမ်းရန် ကြိုးပမ်းခဲ့ရာ နှိမ်နင်းနိုင်ခဲ့ကြောင်း လက်ရှိအာဏာသိမ်းစစ် အစိုးရက မေလ ၁ ရက်တွင် ပြောကြားခဲ့သည်။

အာဏာသိမ်းခံရသည့် သမ္မတဟောင်း Amadou Toumani Toure ကို သစ္စာခံသည့် ပြည်ပ ကျောထောက်နောက်ခံပြုတပ်များက တန်ပြန်အာဏာသိမ်းခဲ့ပြီး နိုင်ငံပိုင်ရုပ်သံနှင့် အသံလွှင့်ဌာန၊ လေဆိပ်နှင့် မြို့တော် ဘာမာကို အနီးရှိ မြို့တို့တွင် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်းသိရသည်။ မတ်လ ၂၂ရက်နေ့က အာဏာသိမ်းပြီးနောက် လက်ရှိစစ်အစိုးရက နိုင်ငံပိုင်ရုပ်သံနှင့် အသံလွှင့်ဌာနကို ထိန်းချုပ်ထားသည်။

ယင်းကဲ့သို့ တန်ပြန်အာဏာသိမ်းမှု ဖြစ်ပွားခဲ့သဖြင့် အနောက်အာဖရိကနိုင်ငံ မာလီတွင် ဒီမိုကရေစီစနစ် ပြန်လည်အသက်သွင်းရေး မျှော်လင့်ချက်မှာ ထိခိုက်လာနိုင်ပြီး နိုင်ငံမြောက်ပိုင်းရှိ Tuareg သူပုန်များအတွက် အခွင့်အရေး ဖြစ်လာစေနိုင်သည်။
လက်ရှိ အာဏာသိမ်းအစိုးရကို သစ္စာခံသူများက သမ္မတဟောင်းလက်ထက် စစ်ဦးစီးချုပ်ဟောင်း Abidine Guindo ကို ဖမ်းဆီးရန် ကြိုးပမ်းခဲ့ပြီး နောက်ပိုင်း ယင်းကဲ့သို့ တန်ပြန်အာဏာသိမ်းရန် ကြိုးပမ်းမှုဖြစ်ခဲ့ခြင်း ဖြစ်သည်။ Guindo မှာ သမ္မတအစောင့် တပ်ဖွဲ့ Red Berets ၏ ခေါင်းဆောင်ဟောင်း ဖြစ်သည်။

အာဏာသိမ်းခေါင်းဆောင် အာမာဒူဟာရာဆာနိုဂိုကိုက လေဆိပ်၊ နိုင်ငံပိုင်ရုပ်သံ၊ အသံလွှင့်ဌာနနှင့် ကာတီစစ်တန်းလျားတို့ကို ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း ကြေညာခဲ့သည်။
မာလီအာဏာသိမ်းအစိုးရသည် နိုင်ငံတကာ၏ ဖိအားပေးမှုကြောင့် လွှတ်တော်ဥက္ကဋ္ဌဟောင်း Dioncounda Traore ထံ အာဏာလွှဲပေးရန် သဘောတူခဲ့ပြီး Traore သည် ကြားဖြတ်သမ္မတအဖြစ် ဧပြီလ ၁၂ ရက်တွင် ကျမ်းကျိန်ခဲ့သည်။ 
AFP

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1