Friday, May 4, 2012

ရန်ကုန်တိုင်း ဒေသကြီးတွင် သုံးရက်အတွင်း မိုးကြိုးပစ်၍ လူခြောက်ဦး သေဆုံး

Ever November | 5/04/2012 02:36:00 PM | Best Blogger Tips
ဓါတ်ပုံ(Google Images)
ရန်ကုန်၊ မေ ၃မုတ်သုံကြို ကာလအတွင်း အပူရှိန် မြင့်တက်လာမှုကြောင့် ရန်ကုန်တိုင်း ဒေသကြီး၌ ဧပြီလ ၂၉ ရက်မှ မေလ ၁ ရက်နေ့အထိ သုံးရက်အတွင်း လူခြောက်ဦး မိုးကြိုးပစ်ခံရ၍ သေဆုံးမှု ဖြစ်ပေါ်ခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။အဆိုပါ မိုးကြိုးပစ်ခံရ၍ လူသေဆုံးမှုများမှာ ရန်ကုန်တိုင်း ဒေသကြီး သုံးခွ၊ တိုက်ကြီး၊ တွံတေး၊ သန်လျင် မြို့နယ်တို့တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သက်ဆိုင်ရာ ရဲစခန်းများ၏ ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံ အရပ်ရပ်တွင် မုတ်သုံရာသီ မကျရောက်မီ ကာလအတွင်း နေ့အပူချိန် မြင့်တက်လာရာမှ မွန်းလွဲ၊ ညနေပိုင်းတို့၌ မိုးတိမ်တောင်များ ဖြစ်ပေါ်ပြီး အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာနေရာ တစ်လျှောက်တွင် လေပြင်း တိုက်ခတ်ခြင်း၊ လေပြင်းနှင့်အတူ ထစ်ချုန်းခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်းနှင့် နေရာကွက်ကြား မိုးထစ်ချုန်း ရွာခြင်းကဲ့သို့ မိုးလေဝသ ဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန (နေပြည်တော်) က ထုတ်ပြန်ထားသည်။
The Voice Weekly

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1