Sunday, May 6, 2012

 ၁၉၈၅ ခုနှစ်နောက်ပိုင်း တောင်ကိုရီးယား နိုင်ငံခြားရေး ၀န်ကြီးတစ်ဦး မြန်မာနိုင်ငံသို့ ပထမဆုံး လာရောက်

Ever November | 5/06/2012 05:31:00 PM | Best Blogger Tips
၁၉၈၅ ခုနှစ်နောက်ပိုင်း တောင် ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးတစ်ဦး သည် မြန်မာနိုင်ငံသို့ မေလ ပထမပတ်က ပထမဆုံး လာရောက်ခဲ့သည်။

တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး Kim Sung-Hwan သည် မြန်မာနိုင်ငံသို့ နှစ်ရက်ကြာခရီးအဖြစ် မေလ ၁ ရက်နေ့နှင့် ၂ ရက်နေ့များ တွင် လာရောက်ခဲ့ခြင်းဖြစ်သည်။
တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးသည် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အား နေပြည်တော်တွင် မေလ ၂ ရက်နေ့က သွားရောက်တွေ့ဆုံခဲ့သည်။ ထိုသို့တွေ့ဆုံရာ၌ နှစ်နိုင်ငံပူးပေါင်း ဆက်ဆံမှုများ တိုးမြှင့်ခိုင်မာရေး၊ နည်းပညာ၊ အင်ဂျင်နီယာ ပညာရပ်များနှင့် အခြား အဆင့်မြင့်ပညာ ကဏ္ဍများ၊ အားကစား ကဏ္ဍများတွင် ပိုမိုပူးပေါင်း ဆောင်ရွက်ရေး၊ စွမ်းအင်ကဏ္ဍ၊ သတ္တု ကဏ္ဍ၊ စားသောက်ကုန်ကဏ္ဍများနှင့် ရေနက်ဆိပ်ကမ်းများ၊ အထူးစီးပွားရေးဇုန်များတွင် လာရောက် ရင်းနှီးမြှုပ်နှံရေး ဆွေးနွေးခဲ့ကြကြောင်း သိရှိ ရသည်။
တောင်ကိုရီးယား နိုင်ငံခြားရေး ၀န်ကြီးသည် မြန်မာနိုင်ငံခြားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့်လည်း နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက် မှုတိုးမြှင့်ရေး မေလ ၂ရက်နေ့က သီးခြားတွေ့ဆုံ ဆွေးနွေးခဲ့ကြကြောင်း သိ ရသည်။
မြန်မာ-တောင်ကိုရီးယား နှစ်နိုင်ငံ သံတမန်ဆက်ဆံမှုကို ၁၉၇၅ ခုနှစ်တွင် စတင်ခဲ့သည်။
မြန်မာနိုင်ငံတွင် တောင်ကိုရီးယား ကုမ္ပဏီပေါင်း ၁၀၀ ခန့် လာရောက် ရင်းနှီးမြှုပ်နှံလုပ်ကိုင်နေပြီး ၇၀ ရာခိုင်နှုန်းခန့်မှာ အထည်ချုပ်လုပ်ငန်းများကို လုပ်ကိုင်နေခြင်းဖြစ်ကြောင်း သိရသည်။ ထို့ပြင် နှစ်နိုင်ငံကုန်သွယ်မှုမှာ ၂၀၁၁ ခုနှစ်တွင် ပြီးခဲ့သည့်နှစ်ထက် ၅၀ ရာခိုင်နှုန်းကျော် တက်ရောက်ခဲ့ပြီး ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ သန်း ၉၇၀ ခန့်ရှိကြောင်း သိရသည်။
EMG

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1