Sunday, May 6, 2012

ကမ္ဘာလှည့် ခရီးသွားများ လည်ပတ်နိုင်ရန် ကန့်သတ်နယ်မြေ ခရီးစဉ်များကိုလည်း ပြန်လည်ခွင့်ပြုပေးမည်ဟု သိရ

Ever November | 5/06/2012 05:43:00 PM | Best Blogger Tips

အင်းဝမြို့ဟောင်းရှိ ဗားကရာကျောင်းတိုက်သို့ လာရောက်လေ့လာကြသော
 ကမ္ဘာလှည့် ခရီးသည်များ

မြန်မာနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသွားများ ပိုမိုဝင်ရောက်လာသောကြောင့် ကမ္ဘာလှည့်ခရီးသွားများ လည်ပတ်နိုင်ရန် ကန့်သတ်ထားသည့် နယ်မြေခရီးစဉ်များကို ပြန်လည်ခွင့်ပြုပေးမည်ဟု ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနမှ သိရှိရသည်။
မြန်မာနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသွားများ ပိုမိုဝင်ရောက်လာသည်နှင့် အမျှ သွားရောက် လည်ပတ်နိုင်သည့် ခရီးစဉ်ဒေသသစ်များ ပိုမိုလိုအပ်သဖြင့် ယခင်ပြည်ထဲရေးဝန်ကြီးဌာန၏ နယ်မြေကန့်သတ်ချက်တွင် ဖော်ပြထားခြင်းမရှိသော ချင်းပြည်နယ်၊ ကယားပြည်နယ်နှင့် စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းရှိ နယ်မြေအချို့အား ခရီးစဉ်သစ်များအဖြစ် ကြိုတင်ခွင့်ပြုချက်ဖြင့် သွားလာပေးလျက် ရှိကြောင်းလည်း သိရှိရသည်။
“ကမ္ဘာလှည့်ခရီးသွားတွေ ပိုမိုဝင်ရောက်လာတဲ့အတွက် အရင်က ကမ္ဘာလှည့်ခရီးသည်တွေ အတွက် ကန့်သတ်ထားတဲ့ နယ်မြေတွေကို ပြန်ပြီးခွင့်ပြုတော့မယ်လို့ သိရတယ်။ လက်ရှိအချိန်မှာ မြန်မာနိုင်ငံမှာ နိုင်ငံရေး အလှည့်အပြောင်းကြောင့် နိုင်ငံတကာက ခေါင်းဆောင်တွေလာတယ်။ ဧည့်သည်တွေလာတယ်။ ဒီအချိန်မှာ မြန်မာနိုင်ငံခရီးသွား လုပ်ငန်းမြင့်တက်ဖို့အတွက် အထူးတလည် promotion လုပ်နေစရာ မလိုတဲ့ အချိန်ဖြစ်နေတယ်။ ဒီလိုအချိန်မှာ အခွင့်အရေးကို အမိအရ ဆုပ်ကိုင်သင့်တယ်”ဟုလည်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ အငြိမ်းစားဝန်ထမ်းတစ်ဦးက ပြောကြားခဲ့ ပါသည်။
“ခရီးသွားတွေက ၀င်လာပြီ။ ဒီအခါမှာ ဟိုတယ်လိုအပ်ချက်က  လည်း ရှိလာပြီ။ နောက်ပြီး မြန်မာ နိုင်ငံမှာက home stay ကို ခွင့်မပြု ဘူး။ တချို့နယ်မြေမှာတော့ ခွင့်ပြု တယ်။ တကယ်တမ်းက ကျကျနနနဲ့ home stay ကိုခွင့်ပြုရင် ခရီးသည် တွေအတွက် နေရတာပိုကောင်းတယ်။ ဒေသအတွက်ကောင်းသလို ဒေသ ခံတွေအတွက်လည်း ကောင်းတယ်။ ဒီတော့ကျွမ်းကျင်တဲ့သူတွေနဲ့ ဖွဲ့ စည်းပြီး home stay ကို ဘယ်လိုခွင့် ပြုမလဲဆိုတာရှိသင့်တယ်။ ယိုးဒယား၊ လာအိုနဲ့ ကမ္ဘောဒီးယားတို့မှာဆိုရင် home stay ကရှိတယ်”ဟုလည်း ခရီးသွားလုပ်ငန်း ကုမ္ပဏီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ထို့ပြင် ဧည့်လမ်းညွှန်တစ်ဦးကလည်း “အိမ်သာလို့ဧည့်လာတာပေါ့။ ဧည့်သည်တွေထဲမှာ သန့်တဲ့ ဧည့်သည်ရှိသလို ညစ်ပတ်တဲ့ဧည့်သည်ရှိတယ်။ ညစ်တဲ့ဧည့်သည်ကြောင့် အစွန်းအထင်းရှိသလို သန့်တဲ့ဧည့်သည်ကြောင့်လည်း အကျိုးအမြတ်ကောင်းတွေ ရနိုင်တယ်။ ဒါ တွေကတော့ ဒီလုပ်ငန်းကို တာဝန်ယူလုပ်ကိုင်နေတဲ့ ခရီးသွားလုပ်ငန်း ကုမ္ပဏီ၊ဧည့်သည်၊ဒေသခံမှာ တာဝန်ရှိတယ်။ နောက်ပြီး သက်ဆိုင်ရာ အဖွဲ့အစည်း၊ ခရီးသွားလုပ်ငန်းရှင်၊ ၀န်ကြီးဌာနအကုန် တာဝန်ရှိပါတယ်။ နောက်တစ်ခုက ကိုယ့်ပြည်တွင်းမှာ ဟိုတယ်ခနဲ့ တခြားစရိတ်တွေကြီးလို့ ဆိုပြီး နိုင်ငံခြားခရီးထွက်ကြတဲ့သူ တွေရှိတယ်။ ကိုယ့်နိုင်ငံသားတောင် ဈေးကြီးတယ်ပြောနေရင် ပြည်ပခရီးသွားတွေကို ဘယ်လိုဆွဲဆောင်မလဲ။ ဒီတော့ ဟိုတယ်လုပ်ငန်းရှင်တွေ အနေနဲ့လည်း ကိုယ်ပေးတဲ့ services နဲ့ ဈေးနှုန်းကိုက်ညီဖို့ လိုတယ်” ဟုလည်း ပြောကြားခဲ့သည်။
လက်ရှိကာလတွင် ခွင့်ပြုဒေသများထက် ကျော်လွန်သွားရောက် လိုသော နိုင်ငံခြားသားခရီးသွား ဧည့်သည် (Package Tour Group & F.I.T)များ အတွက် ခရီးသွားလိုင်စင်ရယူထားသော ခရီးသွားကုမ္ပဏီများမှ တစ်ဆင့် ဟိုတယ်နှင့်ခရီးသွား လာရေးဝန်ကြီးဌာနသို့ တင်ပြလျှောက်ထားရမည်ဖြစ်ပြီး စာရွက်စာတမ်းများ ပြည့်စုံပါက ငါးရက်မှ ခုနစ်ရက်အတွင်း ခရီးစဉ်ခွင့်ပြုမိန့်ရရှိရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
အဆိုပါခရီးစဉ် ခွင့်ပြုမိန့်ရရှိသည်နှင့် တပြိုင်နက် တယ်လီဖုန်းဖြင့် သော်လည်းကောင်း၊ ဖက်စ်ဖြင့် သော် လည်းကောင်း၊ လူဖြင့်လည်း ကောင်း၊ ချောလမ်းကြောင်းဖြင့် လည်းကောင်း ပေးပို့ပေးမည် ဖြစ်ကြောင်းလည်း ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနမှ ထုတ်ပြန်ချက်များအရ သိရှိရသည်။
မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်သော နိုင်ငံခြားသားများ ၏ လုံခြုံရေးအတွက်ဟု ဆိုကာ ကန့်သတ်နယ်မြေများကို ပြည်ထဲရေးဝန်ကြီးဌာနမှ ၁၉၉၆ခုနှစ်၊ဧပြီလ ၁၀ ရက်တွင် ထုတ်ပြန်ခဲ့ပြီး ၂၀၀၈ခုနှစ် ဖေဖော်ဝါရီ၁၉ရက်တွင်ထပ်မံပြင်ဆင် ဖြည့်စွက် သတ်မှတ်ခဲ့ကြောင်းလည်း သိရှိရသည်။
ဟိုတယ်နှင့်ခရီးသွားလာရေး ၀န်ကြီးဌာနမှ ထုတ်ပြန်ချက်များအရ မိုးကုတ်၊ ဖားကန့်၊ နေပြည်တော်(ပျဉ်းမနား၊ လယ်ဝေး၊ တပ်ကုန်း)ဒေသများ သို့ ကမ္ဘာလှည့်ခရီးသည်များ သွားလာ ခွင့်မပြုကြောင်းလည်း သိရသည်။
ချင်းပြည်နယ်၊ ကယားပြည်နယ်နှင့် စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း နယ်မြေခရီးစဉ်သစ်များ
ချင်းပြည်နယ် - တီးတိန်၊တွန်းဇံ၊ရိဒ်မြို့နယ်ခွဲရှိ ရိဒ်ရေကန်၊ မတူပီမြို့အနီး ဘုံတလာရေတံခွန်နှင့် ပလက်ဝမြို့များ။
ကယားပြည်နယ်  - ဖရူးဆိုးနှင့် ဒီမောဆိုးမြို့နယ်များမှ ပဒေါင်ရွာများ။
စစ်ကိုင်းတိုင်းဒေသကြီး - ပန်ဆောင်၊ နန်းယွန်း၊ တနိုင်း၊ နမ္မတီး၊ လီဒိုလမ်းမသို့။
EMG

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1