Friday, May 25, 2012

အာဆီယံဒေသ၏ အချက်အချာအဖြစ် ထိုင်းနိုင်ငံမှ ဖြစ်လာနိုင်

Ever November | 5/25/2012 09:55:00 PM | Best Blogger Tips
ထိုင်းနိုင်ငံဟာ လာမယ့် ၂၀၁၅ ခုနှစ်မှာ ထူထောင်မယ့် အာဆီယံ အထူးစီးပွားရေး ပေါင်းစည်းဒေသ အကောင်အထည် ပေါ်လာပြီး နောက်ပိုင်းမှာအာဆီယံဒေသရဲ့အချက်အချာ နေရာတစ်ခု ဖြစ်လာနိုင်ကြောင်း ထိုင်းစီးပွားရေး ပညာရှင်တစ်ဦးက ပြောကြားခဲ့တယ်လို့ သိရပါတယ်။ အဲဒီလို ခန့်မှန်းပြောကြားချက်ကို ထိုင်းနိုင်ငံမှ စိုက်ပျိုးရေးနဲ့ စားသောက်ကုန် ၊ လက်လီအရောင်း လုပ်ငန်းတွေနဲ့ တယ်လီကွန်မျူနီကေးရှင်း လုပ်ငန်းတွေ ပေါင်းစည်းထားတဲ့ စီးပွားရေး လုပ်ငန်းစု ကြီးတစ်ခုဖြစ်တဲ့ CP Group မှ ဒုတိယဥက္ကဌက ပြောကြားခဲ့တာ ဖြစ်ပါတယ်။

၎င်းက ပြောကြားရာမှာ ထိုင်းနိုင်ငံဟာ ပထ၀ီမြေ အနေအထားအရ အာဆီယံဒေသရဲ့ အလယ်ဗဟိုမှာ ရှိနေတဲ့အတွက်အာဆီယံစီးပွားရေး ပေါင်းစည်းဒေသထူထောင်ပြီးချိန်မှာ ဒေသတွင်းအချက်အချာ နေရာ
တစ်ခု ဖြစ်လာမှာဖြစ်ကြောင်း ၊ နိုင်ငံရပ်ခြားက ရင်းနှီးမြုပ်နှံသူတွေ ၀င်ရောက်လာမှာ ဖြစ်တဲ့အတွက် ထိုင်းအလုပ်သမားတွေ အနေနဲ့ စွမ်းရည်ပြည့်ဝအောင် လုပ်ဆောင်ထားသင့်ကြောင်း ၊ ထိုင်းနိုင်ငံ အစိုးရ အနေနဲ့လည်း အာဆီယံ စီးပွားရေး ပေါင်းစည်းဒေသ အတွင်းမှာ ထိုင်းနိုင်ငံရဲ့ ပုဂ္ဂလိက ကဏ္ဍက ဦးဆောင်နိုင်အောင် နည်းဗျူဟာတွေချမှတ် လုပ်ဆောင်သင့်ကြောင်း တိုက်တွန်းပြောကြားခဲ့တယ်လို့ သိရပါတယ်။
MRTV4

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1