Friday, May 25, 2012

ဂရိ နိုင်ငံသား ၁၃၀၀၀ မှာ အိမ်ခြေမဲ့ ဖြစ်နေ

Ever November | 5/25/2012 10:14:00 PM | Best Blogger Tips
အသစ်ထွက်ပေါ်လာသည့်အစီရင်ခံစာတစ်ရပ်အရဂရိ နိုင်ငံရှိ၁၃၀၀၀ သောလူများမှာ မြို့တော် အေသင်တွင် အိမ်ယာမဲ့ အခြေအနေဖြင့် နေထိုင်နေရကြောင်းနှင့်နောက်ထပ် တိုးပွားလာဖွယ် ရှိကြောင်း သိရသည်။ ယခု အစီရင်ခံစာကိုလူမှုကယ်ဆယ်ရေးအဖွဲ့တစ်ခု ဖြစ်သည့်Praksisမှကြာသပတေး နေ့ကထုတ်ပြန်ခဲ့ခြင်း ဖြစ်ကာ လူပေါင်း ၄ သန်းကျော် နေထိုင်သည့် ဂရိနိုင်ငံ မြို့တော်တွင် လူပေါင်း ၁၁၅၀၀ မှာ စွန့်ပစ်ထားသည့် အဆောက်အအုံများအတွင်းတွင် နေထိုင်နေကြရပြီးအခြားသောလူ၁၅၀၀မှာလမ်းမများပေါ်တွင် နေထိုင်
 နေကြရသည်။

ယခုလို နေထိုင်သူ၁၅၀၀ထဲမှအများစုမှာအလုပ်လက်မဲ့များ ဖြစ်ကြကာမူးယစ်ဆေးစွဲ နေကြသူများလည်း
 ဖြစ်ကြောင်း၊ယခုလို ဖြစ်ရခြင်းမှာအစိုးရ၏ ပြန်လည်ထူထောင်ရေးစင်တာများပိတ်သွားခြင်းကြောင့် ဖြစ်ကာ
 ထောက်ပံ့ငွေများ မရှိတော့ခြင်းကြောင့် ဖြစ်ကြောင်းလည်း အဆိုပါ အဖွဲ့၏ ဥက္ကဋ္ဌ ဖြစ်သူ Tzanetos Antypas မှ AFP မှ တစ်ဆင့် ပြောကြား သွားခဲ့သည်။ ထို့အပြင် နေအိမ်မဲ့များမှာလည်း မျိုးဆက်သစ်များပင် ဆက်လက် ထွက်ပေါ်လာနေပြီ ဖြစ်ကြောင်း ၎င်းမှ ပြောခဲ့ကာ အလုပ်လက်မဲ့ နှုန်းများ မြင့်တက်လာခြင်းနှင့် စီးပွားရေး ပြဿနာများ တိုးတက်လာခြင်းကြောင့် ဖြစ်ကြောင်း ပြောခဲ့သည်။
MRTV4

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1