တူရကီတွင် ပထမဆုံးအကြိမ် စစ်ဘက်လွှမ်းမိုးမှုမပါသော အရပ်သား အပြည့်အဝ
ကိုယ်စားပြုသည့် အခြေခံဥပဒေသစ်တစ်ခုကို လွှတ်တော်ဆိုင်ရာ ကော်မတီက
ရေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။
လွန်ခဲ့သောနှစ်ပေါင်း ၃၀ ခန့်က
စစ်ဘက်အုပ်စိုးမှုအောက်တွင် ရေးဆွဲထားသော လက်ရှိကျင့်သုံးနေသည့်
အခြေခံဥပဒေနေရာတွင် ပိုမိုရှင်းလင်းလွယ်ကူပြီး ဒီမိုကရေစီနည်းကျသော
အခြေခံဥပဒေသစ်ဖြင့် အစားထိုးသွားရန် ရည်ရွယ်သည်။ လက်ရှိကျင့်သုံးနေ သော
အခြေခံဥပဒေမှာ စစ်တပ်ကို လုပ်ပိုင်ခွင့် အများအပြားပေးထားပြီး
လူတစ်ဦးချင်းစီ၏ အခွင့်အရေးများကို ချုပ်ကိုင်ထားကာ
ကာ့ဒ်လူမျိုးများအပါအ၀င် လူနည်းစုတို့၏ အခွင့်အရေးများကို အလွန်အမင်း
လျစ်လျူရှုထားသည်။အခြေခံဥပဒေသစ်မူကြမ်းရေး ဆွဲခြင်းမှာ ယခုနှစ်ကုန်ပိုင်းတွင် ပြီးစီးမည်ဟု မျှော်လင့်ထားသည်။
ပါတီစုံပါဝင်သောကော်မတီက ယခုအခါ ရှားရှားပါးပါး သဘောတူညီမှုရရှိထားပြီး ပြည်သူများ၏ ဆန္ဒကို ကိုယ်စားပြုကာ စစ်မှန်သော ဒီမိုကရေစီဖော်ဆောင်ရေး ကတိပြုထားသည့် အခြေခံဥပဒေသစ် ရေးဆွဲရန် လုပ်ဆောင်နေသည်။ မူကြမ်းရေးဆွဲ ပြီးပါက နိုင်ငံတစ်ဝန်း ဆွေးနွေးပွဲများ ပြုလုပ်ပြီး အရပ်ဘက် အဖွဲ့အစည်းများထံမှ အမြင်များရရှိရန်လည်း တွန်းအားပေးသွားမည်ဖြစ်သည်။
သို့သော် ယဉ်ကျေးမှုဆိုင်ရာ လွတ်လပ်ခွင့်အရ ကာ့ဒ်လူမျိုးများကို
မည်သည့်အတိုင်းအတာအထိ ခွင့်ပြုသွားမည့်ကိစ္စနှင့် သမ္မတတွင် လုပ်ပိုင်ခွင့်
မည်မျှ ရှိသင့်သည့်ကိစ္စတို့ကို ညှိနှိုင်းဖြေရှင်းရမည်ဖြစ်သည်။ ဆယ်စုနှစ်
တစ်ခုကြာ နိုင်ငံရေးတွင် သြဇာလွှမ်းမိုးခဲ့သော လက်ရှိဝန်ကြီးချုပ်
ရီဆက်တာယစ်အာဒိုဂန်က အကယ်၍ အခြေခံဥပဒေသစ် ရေးဆွဲခြင်းကိစ္စကို လွှတ်တော်တွင်
သဘောတူမှုမရပါက ပြည်သူ့ဆန္ဒခံယူခြင်းကဲ့သို့ နည်းလမ်းများ အသုံးပြုသွားမည်ဟု
ခြိမ်းခြောက်ခဲ့သည်။
BBC
No comments:
Post a Comment