Friday, May 25, 2012

ဒေါ်အောင်ဆန်းစုကြည် မေလ ၂၉ ရက်နေ့ ထိုင်းနိုင်ငံသွားမည်

Ever November | 5/25/2012 08:02:00 PM | Best Blogger Tips
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်NLDဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည်ထိုင်းနိုင်ငံဘန်ကောက်မြို့သို့ မေလ ၂၉ ရက်နေ့တွင် သွားရောက်မည်ဖြစ်ပြီး ဘန်ကောက်တွင် ကျင်းပမည့် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးဖိုရမ်သို့ တက်ရောက်မည်ဖြစ်ကြောင်း NLD အတွင်းရေးမှူးအဖွဲ့ဝင် ဦးဉာဏ်ဝင်း က မဇ္ဈိမကို အတည်ပြု
ပြောကြားသည်။

“ပထမ ၂၈ ရက်နေ့ သွားဖို့ပါ။ အိန္ဒိယဝန်ကြီးချုပ်နဲ့တွေ့ဖို့ တရက် နောက်ဆုတ်လိုက်တယ်။ ဒါကြောင့် ၂၉ ရက် ညနေ သွားဖြစ်မှာပါ”ဟု ၎င်းက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ထိုင်းနိုင်ငံတွင် မည်မျှကြာအောင် နေထိုင်မည်ဆိုသည်ကိုမူ မပြောနိုင်သေးကြောင်း ဦးဉာဏ်ဝင်း က ပြောသည်။
ခရီးစဉ်တွင် ကိုယ်ရေးအရာရှိ အပါအဝင် တက္ကသိုလ်ရိပ်သာခြံဝင်းအတွင်းမှပုဂ္ဂိုလ်သုံးဦးခန့် ဒေါ်အောင်ဆန်းစုကြည်နှင့် အတူလိုက်ပါကြမည်ဟု NLD မှ တာဝန်ရှိသူတဦးက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံကူးလက်မှတ်အားအစိုးရအဖွဲ့တာဝန်ရှိသူများက မေလပထမသီတင်းပတ်
အတွင်းကပေးခဲ့ခြင်း ဖြစ်သည်။ ဤခရီးစဉ်သည် နှစ်ပေါင်း ၂၄ နှစ်အတွင်း ဒေါ်အောင်ဆန်းစုကြည်၏ ပထမဆုံး ပြည်ပခရီးစဉ်ဖြစ်သည်။
မဇ္ဈိမ

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1