Monday, May 7, 2012

ပြုပြင်ပြောင်းလဲရေး အငြင်းပွားမှု ကြောင့် ဒုသမ္မတနုတ်ထွက်

Ever November | 5/07/2012 09:45:00 PM | Best Blogger Tips
လက်ရှိအစိုးရအဖွဲ့ထဲမှာ သဘောထားတင်းမာသူလို့ နံမယ်ကြီးတဲ့ ဒုသမ္မတ ဦးတင်အောင်မြင့်ဦး ရာထူးကနေ နှုတ်ထွက်သွားကြောင်း မေလ (၇) ရက်နေ့ ရန်ကုန်ကပေးပို့တဲ့ Asian News International သတင်းမှာ ရေး သားထားပါတယ်။ အသက် ၆၁ နှစ်အရွယ်ရှိ ဥိးတင်အောင်မြင့်ဥိးဟာ သမ္မတဥိးသိန်းစိန် ခေါင်းဆောင်တဲ့ လက်ရှိ အစိုးရအဖွဲ့အတွင်း ပြုပြင်ပြောင်းလဲရေးလုပ်လိုသူတွေနဲ့ သဘောထားတင်းမာသူတွေအကြား အငြင်းပွားမှု ကြောင့် အခုလို နှုတ်ထွက်သွားတာလို့ သတင်းမှာ ရေးထားပါတယ်။ 

ဦးတင်အောင်မြင့်ဥိးဟာ စင်္ကာပူက ပြန် လာပြီးနောက် ကျန်းမာရေးမကောင်းဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ မေလ (၃) ရက်နေ့ကတည်းက နှုတ်ထွက် စာတင်ခဲ့တာဖြစ်ကြောင်း ပြည်တွင်းသတင်းမီဒီယာတွေကို ကိုးကားပြိး Asian News International သတင်းမှာ ရေးသားထားပါတယ်။
DVB

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1