မြန်မာ့ကမ်းလွန်နှင့် ရေနံသဘာဝဓာတ်ငွေ့ လုပ်ငန်းတွင် လာရောက် လုပ်ကိုင်လျက်ရှိသည့် 
 လေကြောင်း ပို့ဆောင်ရေးကဏ္ဍတွင် အရေးပါသည့် ရဟတ်ယာဉ်လုပ်ငန်းအား 
နိုင်ငံသားပိုင်အဖြစ် လုပ်ကိုင်နိုင်ရန် မြန်မာ့လေကြောင်း မှ 
စီစဉ်နေကြောင်း သတင်းရရှိပါသည်။
လက်ရှိအချိန်တွင် ရဟတ် ယာဉ်ဖြင့် သယ်ယူပို့ဆောင်ရေး လုပ်ငန်းအား 
စစ်ဘက်နှင့် မြန်မာ့ကမ်းလွန်နှင့် ရေနံသဘာဝဓာတ်ငွေ့ လုပ်ငန်းတွင်သာ 
အသုံးပြုနေသည်ဟု သိရသည်။
မြို့ပြလေကြောင်းသယ်ယူ ပို့ဆောင်ရေးလုပ်ငန်းတွင် ရဟတ်ယာဉ်ဖြင့် 
သယ်ယူပို့ဆောင်ရေး လုပ်ငန်းမှာ လေယာဉ်ကဲ့သို့ ဆင်း တက်ပြုလုပ်ရန်နေရာယူသော 
လေယာဉ်ကွင်း အသုံးပြုရန် မလိုအပ်ခြင်းကြောင့် သွားလာရန်ခက်ခဲသော 
နေရာဒေသများတွင် ရဟတ်ယာဉ် ဖြင့် သယ်ယူပို့ဆောင်ရေးမှာ များစွာ 
အရေးပါကြောင်း သိရသည်။
“ရဟတ်ယာဉ်က ဆင်းတက်ပြုလုပ်ဖို့ လေယာဉ်ကွင်းမလိုဘူး။ ဘောလုံးကွင်းလို 
နေရာကျယ်ကျယ် ရှိရင်တောင် ရဟတ်ယာဉ်တစ်စီး က အဆင်းအတက် ပြုလုပ်နိုင်ပါတယ်။ 
ဥပမာ-နိုင်ငံခြားသားတွေက ကျိုက်ထီးရိုးကို သွားချင်တယ်။ ကားနဲ့ 
သွားမယ်ဆိုရင် အချိန် အများကြီးပေးရမယ်။ ရဟတ်ယာဉ် နဲ့ဆိုရင်အချိန်ကုန် 
သက်သက်သာသာနဲ့ သွားနိုင်မှာပါ။ အရေးကြီး လူနာရွှေ့ပြောင်းတာတွေ၊ မြေမျက် 
နှာသွင်ပြင်လေ့လာရေးလုပ်ငန်းတွေ မှာလည်းရဟတ်ယာဉ်က လွယ်လွယ်ကူကူ အဆင်းအတက် 
ပြုလုပ်နိုင်မှာပါ” ဟု မြန်မာ့လေကြောင်းမှ တာဝန်ရှိသူတစ်ဦး ကပြောပြခဲ့သည်။
မြန်မာနိုင်ငံကမ်းလွန် ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေရေးလုပ်ငန်းများကို
 ၁၉၉၃ ခုနှစ်တွင် စတင်လုပ်ကိုင်ခဲ့ပြီး၊ နိုင်ငံခြားကုမ္ပဏီများမှ အများဆုံး
 လုပ်ကိုင်လျက်ရှိရာ အဆိုပါလုပ်ငန်းခွင်၏ အဓိကလုပ်ငန်းဖြစ်သော ရဟတ်ယာဉ် 
သယ်ယူ ပို့ဆောင်ရေးလုပ်ငန်းကို နိုင်ငံခြားရဟတ်ယာဉ် ကုမ္ပဏီများမှလာ 
ရောက်လုပ်ကိုင်မှုရှိကြောင်း သိရသည်။
ကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၏ ရဟတ်ယာဉ် 
ပို့ဆောင်ရေးလုပ်ငန်းကို အဓိက လာရောက် လုပ်ကိုင်နေသော 
နိုင်ငံခြားရဟတ်ယာဉ်ကုမ္ပဏီများမှာ ပြင်သစ်နိုင်ငံမှ Heliunion ၊ သြစတြေး 
လျနိုင်ငံမှ Heavy Lift၊ တရုတ်နိုင်ငံမှ China Off Shore Helicopter 
 ကုမ္ပဏီနှင့် ကိုရီးယားနိုင်ငံမှ Korean Express တို့ဖြစ်ကြောင်း သိရသည်။
“မြန်မာ့လေကြောင်း အနေနဲ့ ဈေးကွက်လိုအပ်ချက်ပေါ် မူတည်ပြီး 
ရဟတ်ယာဉ်တွေကို ၀ယ်ယူသွားဖို့ ရှိပါတယ်။ ရဟတ်ယာဉ်တွေ ၀ယ်ယူပြီးတာနဲ့ 
စင်းလုံးငှားခရီးစဉ် ငှားရမ်းခြင်းတွေကို လုပ်ဆောင်ပေးသွားမှာပါ”ဟု 
မြန်မာ့လေကြောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။
ယခင်က ရဟတ်ယာဉ်ဖြင့် သယ်ယူပို့ဆောင်ရေး လုပ်ငန်းအား မြန်မာ့လေကြောင်းမှ 
ပူးမားရဟတ်ယာဉ်၃စီးဖြင့် ဆောင်ရွက်ခဲ့ဖူးပြီး၊ ကမ်းလွန် ရေနံရှာဖွေရေး 
လုပ်ငန်း နှင့် ခရီးသည် သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွင် အသုံးပြုခဲ့ကြောင်း
 သိရသည်။EMG

No comments:
Post a Comment