Friday, May 25, 2012

ဒေါ်လာဈေးတက်ချိန်၊ ရွှေဈေး(၁၀)ရာခိုင်နှုန်းကျော်ကျဆင်းနေ

Ever November | 5/25/2012 08:39:00 PM | Best Blogger Tips
ကမ္ဘာ့ရွှေဈေးနှုန်းများဆက်တိုက်ကျဆင်းနေသောကြောင့် ပြည်တွင်းရွှေဈေးကွက်အတွင်း ၁၀%ရာခိုင်နှုန်း ကျော်အထိ    ရွှေဈေးနှုန်းကျဆင်းခဲ့ကြောင်း ရန်ကုန်ရွှေဈေးကွက်အတွင်းက စုံစမ်းသိရသည်။
 
“ရွှေဈေးကျပြီး အရောင်းအဝယ် အေးနေတယ်ဆိုတာ မဟုတ်ပါဘူး။ ရွှေဈေးစပြီး ကျကတည်းက ဈေးကွက်က ပြန်လှုပ်လာတယ်။ ရောင်းသူထက် ဝယ်သူက ပိုများတယ်”ဟု ဗိုလ်ချုပ်ဈေးအနီးရှိ ရွှေ/ငွေ လက်ဝတ်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းလုပ်ကိုင်သူ ဦးလင်းသိုက်က ပြောသည်။
 
ရွှေဈေးနှုန်းကျဆင်းနေခြင်းကြောင့် ငြိမ်သက်နေခဲ့သော ရွှေဈေးကွက်ပြန်လည် လှုပ်ခက်ခဲ့ပြီး ဈေးကွက် အတွင်း၌   ရောင်းသူထက် ဝယ်သူ များနေကြောင်း     ဈေးကွက်အတွင်းကသိရှိရသည်။
 
“အရောင်းအဝယ် များလာတယ်။ အများစုက အခေါက်ရွှေ(အကယ်ဒီ)ဝယ်တာ များတယ်။ အရင်ကတော့ ဒေါ်လာဈေးတက်ရင် ရွှေဈေးလည်း လိုက်တက်တယ်။ အခုတော့ ဒေါ်လာဈေးကတက်ပြီး ရွှေဈေးက ကျ နေတယ်”ဟု “ရတနာ” စိန်ရွှေရတနာရောင်းဝယ်ရေးမှ မမြင့်မြင့်စန်းက ပြောသည်။
 
မေလအတွင်း ရွှေဈေးနှုန်းကျဆင်းခဲ့သော်လည်း အမေရိကန်ဒေါ်လာလဲလှယ်နှုန်းမှာ မြင့်တက်လျက် ရှိနေ သည်ဟု သိရသည်။ ယခင်က အမေရိကန်ဒေါ်လာလဲလှယ်နှုန်းမြင့်လာပါက ရွှေဈေးနှုန်းလိုက်လံမြင့်တက် လေ့ရှိခဲ့သည်။
 
လက်ရှိအချိန် မေလ(၂၅)ရက်နေ့တွင် အမေရိကန်တစ်ဒေါ်လာလျှင် မြန်မာငွေကျပ်(၈၄၂)အထိ သိမ်ဖြူငွေလဲ စင်တာတွင်  ဈေးဖွင့်ချိန်တွင်   မြန်မာ့အခေါက်ရွှေဈေးမှာ တစ်ကျပ်သားလျှင် ကျပ်(၆၉၆၅၀၀) အထိ ထိုးကျလာ ခြင်းဖြစ်သည်။
 
၂၀၁၂ ခုနှစ်အတွင်း ကမ္ဘာ့ရွှေဈေးမြင့်တက်ခဲ့မှုကြောင့် မတ်လလဆန်းပိုင်းအတွင်း ကမ္ဘာ့ရွှေဈေးနှုန်း တစ် အောင်စလျှင် အမေရိကန်ဒေါ်လာ (၁၇၀၀)ကျော်အထိမြင့်တက်ခဲ့ပြီး ပြည်တွင်းရွှေဈေးနှုန်းမှာ တစ်ကျပ်သား လျှင် အမြင့်ဆုံး ကျပ် (၇၆၀၀၀၀)ကျော်အထိ ရောက်ရှိခဲ့သည်။
 
ထို့ကြောင့် အရောင်းအဝယ်လုပ်သူများမှ ရွှေတစ်ကျပ်သားလျှင် ကျပ်(၈)သိန်းအထိမြင့်လာနိုင်သည်ဟု ခန့်မှန်း ခဲ့သော်လည်း ရက်ပိုင်းအတွင်း ကမ္ဘာ့ရွှေဈေးနှုန်းများပြန်လည်ကျဆင်းခဲ့ပြီး မေလ (၂၅)ရက် ရောက်သည်အထိ ကမ္ဘာ့ရွှေဈေးတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ (၁၅၅၃.၂၀)နှင့်  ပြည်တွင်းရွှေတစ်ကျပ်သားလျှင် ကျပ် (၆၉၆၅၀၀)သို့ ရောက်ရှိခဲ့သည်။
ရန်နိုင်(မြစ်မခ)

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1