Friday, May 4, 2012

 မိုဘိုင်းဖုန်းများအားလုံး၏ အင်တာနက်တပ်ဆင်ခအား ငွေကျပ်တစ်သောင်းသတ်မှတ်

Ever November | 5/04/2012 09:07:00 PM | Best Blogger Tips
မေလ၇ရက်နေ့တွင်ထပ်မံချထားပေးမည့်မိုဘိုင်းဖုန်းများအားလုံး၏အင်တာနက်တပ်ဆင်ခအား ငွေကျပ်
တစ်သောင်း သတ်မှတ်ထားကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သတင်းရရှိသည်။
၎င်းအင်တာနက်လိုင်းအား WCDMA(3G)အပါအ၀င် ဂျီအက်စ်အမ် မိုဘိုင်းဖုန်းများအားလုံးနှင့် CDMA 800 MHz မိုဘိုင်းဖုန်းများအတွက် ချထားပေးမည်ဖြစ်ပြီး သုံးစွဲခအနေဖြင့် GSM 2.75G (EDGE)အတွက် တစ်မိနစ်လျှင် ၂ ကျပ်နှုန်း၊WCDMA (3G) အတွက် တစ်မိနစ်လျင်၎ကျပ်နှင့် CDMA 800MHz အတွက် တစ်မိနစ်လျှင် ၄ ကျပ်နှုန်း အသီးသီး သတ်မှတ်ထားကြောင်း သိရသည်။

''မိုဘိုင်းဖုန်းတွေရဲ့ အင်တာနက်အသုံးပြုခွင့်ကို ရန်ကုန်၊ မန္တလေး ၊ နေပြည်တော်မြို့ကြီးတွေအပြင် တိုင်းနဲ့ပြည်နယ်တွေအားလုံးမှာလည်း ချထားပေးသွားမှာပါ။ WCDMA 3G ဖုန်းအတွက် MMS တို့ Video calling တို့က မကြာခင်အချိန်မှာ ပေးသွားမှာပါ။ အင်တာနက်ပေးပြီး တဲ့နောက်မှာ ဒီ service တွေ တဖြည်းဖြည်းရလာမှာပါ။ 3G စနစ်ကရန် ကုန်မြို့ရဲ့ သုံးပုံနှစ်ပုံကို လွှမ်းခြုံပြီး သွားပါပြီ။ နယ်မြို့တွေမှာလည်း သတ်မှတ်ထား တဲ့နေရာတွေမှာ သုံးလို့ရမှာပါ။ ရန်ကုန်မှာ လက်ရှိပေးထားတဲ့ data service တွေလည်း တိုးချဲ့နေပါတယ်။ 3G နဲ့ EDGE ရဲ့ Speed ခြင်းကတော့ တူမှာမဟုတ်ပါဘူး''ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မိုဘိုင်းအင်ဂျင်နီယာချုပ် ဦးသိန်းဝင်းက ပြောကြားခဲ့သည်။
အဆိုပါ မိုဘိုင်းဖုန်းများ၏ အင်တာနက် လျှောက်ထားမှုများအတွက် လိုအပ်သည့် အချက်အလက်များအား ၀န်ဆောင်မှု ချပေးခါနီးတွင် အသေးစိတ် ကြေငြာပေးသွားမည်ဖြစ်ကြောင်း သိရသည်။
EMG

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1