Friday, June 22, 2012

 မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းရေး ပိုမိုခရီးတွင်စေရန်အတွက် ဗြိတိန်ပြည်သူများ အပါအ၀င် ကမ္ဘာ့ပြည်သူများက ကူညီရန် ဒေါ်အောင်ဆန်းစုကြည် ဗြိတိန်လွှတ်တော်၌ ပြောကြား

Ever November | 6/22/2012 12:06:00 PM | Best Blogger Tips
ဒေါ်အောင်ဆန်းစုကြည် လန်ဒန်မြို့ရှိ Westminster ခန်းမ၌ ဗြိတိန်လွှတ်တော်နှစ်ရပ်မှ 
အမတ်များအား မိန့်ခွန်းပြောကြားနေစဉ် (Photo AFP)

မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ပိုမိုခရီးတွင်စေရန်အတွက် ဗြိတိန်ပြည်သူများ အပါအ၀င် ကမ္ဘာ့ပြည်သူများက ကူညီရန် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဗြိတိန်နိုင်ငံ လန်ဒန်မြို့ရှိ ဗြိတိန်လွှတ်တော်၌ ဇွန်လ ၂၁ ရက်နေ့က ပြောကြားခဲ့သည်။

ငြိမ်းချမ်းရေးနိုဗယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်က လန်ဒန်မြို့ရှိ Westminster ခန်းမ၌ ဗြိတိန်လွှတ်တော်နှစ်ရပ်မှ အမတ်များအား မိန့်ခွန်းပြောကြားရာတွင် ယင်းကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည် လန်ဒန်မြို့ရှိ Westminster ခန်းမ၌ ဗြိတိန်လွှတ်တော်နှစ်ရပ်မှ 
အမတ်များအား မိန့်ခွန်းပြောကြားနေစဉ် (Photo AFP)
ဗြိတိန်လွှတ်တော်နှစ်ရပ်လုံးကိုအဆိုပါခန်းမကြီးထဲ၌မိန့်ခွန်းပြောခွင့်အားကမ္ဘာကျော် နိုင်ငံခေါင်းဆောင်များ
ကိုသာ ဂုဏ်ထူးဆောင် အခွင့်အရေး တစ်ရပ်အနေဖြင့် ဗြိတိန်အစိုးရက ပေးလေ့ရှိပါသည်။
ဒုတိယကမ္ဘာစစ်ကတည်းကဗြိတိန်လွှတ်တော် နှစ်ရပ်လုံးကိုမိန့်ခွန်းပြောကြားခွင့်ရခဲ့သူမှာ လေးဦးသာရှိပြီး
 ဒေါ်အောင်ဆန်းစုကြည်မှာ ငါးဦးမြောက်ဖြစ်သည်။
သူ့အရင် လေးဦးမှာ ချားစ်ဒီဂေါလ်၊ နယ်လ်ဆင်မင်ဒဲလား၊ ပုပ်ရဟန်းမင်းကြီး ၁၆ နှင့် အမေရိကန်သမ္မတ ဘာရက်အိုဘားမားတို့ ဖြစ်ကြသည်။
အောက်လွှတ်တော်ဥက္ကဋ္ဌ John Bercow က ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းမပြောကြားမီ ကြိုဆိုမိတ်ဆက်စကားကို ပြောကြားခဲ့သည်။ ထိုကဲ့သို့ ပြောကြားနေစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် လွှတ်တော်နှစ်ရပ်မှ အမတ်များ၏ လက်ခုပ်တီးသြဘာပေးခြင်းကို ခံခဲ့ရသည်။
ဒေါ်အောင်ဆန်းစုကြည်က သူ့ဖခင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ဗြိတိန်နိုင်ငံတို့ ဆက်ဆံခဲ့မှုအကြောင်းကို ဦးစွာပြောကြားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည် လန်ဒန်မြို့ရှိ Westminster ခန်းမ၌ ဗြိတိန်လွှတ်တော်နှစ်ရပ်မှ
 အမတ်များအား မိန့်ခွန်းပြောကြားနေစဉ် (Photo AFP)
ဒေါ်အောင်ဆန်းစုကြည်က မြန်မာပြည်သူများအား လုပ်ပိုင်ခွင့် အာဏာပေးရန် အရေးကြီးကြောင်း၊ မိမိတို့နိုင်ငံသည် ပိုမိုကောင်းမွန်သည့် အနာဂတ်ဆီသို့ သွားနေသည့်ခရီး၏ အစတွင် ရပ်တည်နေကြောင်း၊ ထို့ကြောင့်တက်စရာ တောင်ကုန်းများလည်းကျန်ရှိနေသေးကြောင်း၊တံတားထိုးစရာ ချောက်နက်များလည်း ရှိနေကြောင်း၊ ကျော်လွှားရမည့် အတားအဆီးများလည်း ရှိနေကြောင်း မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။
မိမိတို့၏သံန္နိဋ္ဌာန်ချထားမှုကခရီးရောက်နိုင်သော်လည်းကမ္ဘာ့ပြည်သူများနှင့်ဗြိတိန်ပြည်သူများ၏ ထောက်
ခံမှုများက မိမိတို့ကို ပိုမိုခရီးရောက်စေနိုင်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
ဗြိတိန်လွှတ်တော်သည်လွတ်လပ်စွာပြောဆိုခွင့်၏သင်္ကေတ ဖြစ်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က
 ပြောကြားခဲ့သည်။
ထို့ပြင် ဖွဲ့စည်းပုံအခြေခံ ဥပဒေသည် ချရေးစရာမလိုကြောင်းကို ဗြိတိန်က မားမားမတ်မတ် သက်သေအထောက်အထား ဖြစ်ကြောင်း၊ သို့သော် ပြည်သူများ၏ လက်ခံအသိအမှတ် ပြုခြင်းကို ခံရမည်ဖြစ်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ၏ လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေကိုလည်း တိုင်းပြည်၏ လူမျိုးစုဖွဲ့စည်းပုံကို ထင်ဟပ်နိုင်ရန် ပြင်ဆင်ရန်လိုအပ်ကြောင်းလည်းငြိမ်းချမ်းရေး နိုဗယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်က
 ပြောကြားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည် မိနစ် ၃၀ ခန့် ကြာမြင့်သည့် မိန့်ခွန်းပြောကြားပြီးနောက် ခန်းမတွင်းရှိ အမတ်များက မတ်တပ်ရပ်လက်ခုပ်တီး သြဘာပေးခဲ့ကြပြီး အထက်လွှတ်တော် ဥက္ကဋ္ဌ Baroness D'Souza က ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ဗြိတိန်လွှတ်တော်၌ မိန့်ခွန်း မပြောကြားမီ အိမ်ရှေ့မင်းသား ချားလ်၊ ကြင်ယာတော် ကမီလာတို့နှင့် လန်ဒန်မြို့ရှိ ၎င်းတို့၏ အိမ်တော် Clarence House ၌ တွေ့ဆုံခဲ့သည်။ ထို့အတူ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ၀ီလျံဟိတ်ခ်ျနှင့်လည်း နိုင်ငံခြားရေးနှင့် ဓနသဟာယရုံး၌ တွေ့ဆုံခဲ့သည်။ ထို့ပြင် ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်နှင့်လည်း ဒေါင်းနင်းလမ်း အမှတ်(၁၀) ၌ တွေ့ဆုံဆွေးနွေးခဲ့သည်။ ထို့နောက် ၎င်းတို့နှစ်ဦးက ပူးတွဲသတင်းစာ ရှင်းလင်းပွဲကို ကျင်းပခဲ့ပြီး ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို အထောက်အကူ ပြုမည့် ရင်းနှီးမြှုပ်နှံမှုများ မြန်မာနိုင်ငံအနေဖြင့် လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
ဗြိတိန်အစိုးရက နိုင်ငံတော် သမ္မတ ဦးသိန်းစိန်အား ဗြိတိန်နိုင်ငံသို့ လာရောက်လည်ပတ်ရန် ဖိတ်ခေါ်ထားသည်။
"ဧပြီလက ၀န်ကြီးချုပ် မြန်မာနိုင်ငံမှာ ရှိတုန်းက သူတို့တွေ စတင် ဆွေးနွေးခဲ့တာတွေကို ဆက်လက် ဆွေးနွေးဖို့ သမ္မတ ဦးသိန်းစိန် လာမယ့် လတွေမှာ ယူကေကို လာလည်ဖို့ ရှိပါတယ်"ဟု ၀န်ကြီးချုပ် ဒေးဗစ်ကင်မရွန်၏ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ကြောင်း သတင်းများတွင် ဖော်ပြချက်အရ သိရသည်။
aဒ်ါအောင်ဆန်းစုကြည်၁၉၆၀ ပြည့်လွန်နှစ်များက တက်ရောက် ပညာသင်ကြားခဲ့ပြီး ဘွဲ့ရရှိခဲ့သည့် အောက်စဖို့ဒ် တက္ကသိုလ်ကလည်း ဒေါ်အောင်ဆန်းစုကြည်အား Honorary Doctor of Cilvil Law ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ကို အဆိုပါ တက္ကသိုလ်၌ ဇွန်လ ၂၀ ရက်နေ့က ချီးမြှင့်ခဲ့သည်။
လက်ရှိ၌ ဒေါ်အောင်ဆန်းစုကြည်သည် ၎င်း၏ ဥရောပခရီးစဉ် အတွင်း ဗြိတိန်နိုင်ငံသို့ ဇွန်လ ၁၉ ရက်နေ့မှစ၍ ရောက်ရှိနေခြင်း ဖြစ်သည်။
ဗြိတိန်နိုင်ငံသည်၁၉၈၈ခုနှစ် နှစ်ဆန်းပိုင်းအထိ ဒေါ်အောင်ဆန်းစုကြည် နေထိုင်ခဲ့ဖူးသည့် နိုင်ငံဖြစ်သည်။
 ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၈၈ ခုနှစ် နှစ်ဆန်းပိုင်းတွင် နာမကျန်းဖြစ်နေသော မိခင်ကြီး ဒေါ်ခင်ကြည်အား ပြုစုရန် မြန်မာနိုင်ငံသို့ ပြန်လာခဲ့သည်။ ၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံတွင် လူထုခေါင်းဆောင်အဖြစ် ပါဝင်ခဲ့ပြီးနောက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို ဖွဲ့စည်းထူထောင်ကာ ဒီမိုကရေစီ ရရှိရေး ဦးဆောင်ကြိုးပမ်းခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သည် ဇွန်လ ၂၆ ရက်နေ့ မွန်းလွဲပိုင်းတွင် ဗြိတိန်နိုင်ငံမှ ပြင်သစ်နိုင်ငံသို့ အလည်အပတ်ခရီး သွားရောက်မည်ဖြစ်ပြီး ဇွန်လ ၂၉ ရက်နေ့တွင် ပြင်သစ်နိုင်ငံမှ ပြန်လည်ထွက်ခွာမည် ဖြစ်ကာ မြန်မာနိုင်ငံသို့ ဇွန်လ ၃၀ ရက်နေ့တွင် ပြန်လည်ရောက်ရှိမည် ဖြစ်ကြောင်း သိရသည်။
EMG






No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1