Friday, June 22, 2012

စစ်တွေမြို့ပေါ်မှ ဘင်္ဂါလီ(၆၀၀)၀န်းကျင်အား မြို့ပြင်ရှိ ကယ်ဆယ်ရေးစခန်းများသို့ ပို့ဆောင်

Ever November | 6/22/2012 07:56:00 PM | Best Blogger Tips
ရခိုင်ပြည်နယ်စစ်တွေမြို့မှဘင်္ဂါလီလူမျိုး(၆၀၀)၀န်းကျင်အားအာဏာပိုင်များကဇွန်လ(၂၂)ရက်နေ့တွင်
 မြို့ပေါ်မှမြို့ပြင်ကယ်ဆယ်ရေးစခန်းများသို့ ပြောင်းရွှေလျက်ရှိကြောင်း ဒေသခံများထံက  သိရှိရသည်။
 
“မြိုထဲမှာရှိတဲ့ ဘင်္ဂါလီလူမျိုးတွေကို မြို့ပြင်မှာရှိတဲ့ ဘင်္ဂါလီရွာတွေမှာ နေရာပြန်ချပေးတာပါ”ပာု ရခိုင်တိုင်းရင်း သားများတိုးတက်ရေးပါတီက  ဦးဦးလှစောက ပြောသည်။
 
အဆိုပါဘင်္ဂါလီလူမျိုးများအားလုံထိန်းနှင့်တပ်အာဏာပိုင်များကစစ်တွေမြို့ပေါ်ရှိ အောင်မင်္ဂလာရပ်
ကွက်မှ မြို့ပြင်ရှိ သဲချောင်းရပ်ကွက်ရှိ ကယ်ဆယ်ရေးစခန်းသို့ ရွှေ့ပြောင်းပေးနေခြင်း ဖြစ်သည်။
 
“ကျွန်တော်သိရသလောက် မြို့ပေါ်က ဘင်္ဂါလီတွေကို မြို့ပြင်ပြောင်းရွှေ့ခိုင်းနေကြပါတယ်။ အာဏာပိုင်တွေက ပြောင်းရွှေ့ပေးနေ တာပါ။”  ဟု  စစ်တွေမြို့ခံ ဦးလှထွန်းက ပြောသည်။

ထိုသိုရွှေ့ပြောင်းပေးနေသည့် ဘင်္ဂါလီလူမျိုးဦးရေမှာ ခြောက်ရာဝန်းကျင်ရှိပြီး လုံခြုံရေးတိုးမြှင့်ကာ အာဏာပိုင် များက စစ်ကား(၇)စီးဖြင့် ရွှေ့ပြောင်းပေးနေခြင်းဖြစ်ကြောင်းကိုလည်း သိရှိရသည်။
 
“ဒီနေ့မနက် ၉နာရီ လောက်ကတည်းက အင်ပါယာမှာ လုံခြုံရေးရေးတွေ တင်းကျပ်ပြီး ရွှေ့ပြောင်းပေးနေ တာပါ”ပာု ဦးလှထွန်းက ဆက်ပြောသည်။

အဆိုပါ စစ်တွေမြို့  အောင်မင်္ဂလာရပ်ကွက်(အင်ပါယာရွာ) နေ ဘင်္ဂါလီလူမျိုးများအား မြို့မှပြောင်းရွေ့ရန် ရခိုင်တိုင်းရင်းသားများက ကြေညာထားခဲ့ကြောင်းကိုလည်း သိရှိရသည်။

ရခိုင်ပြည်နယ် စစ်တွေမြို့ ကမ်းနားလမ်း မိဇံရပ်ကွက်နေ အကြမ်းဖက်ဆူပူလှုပ်ရှားမှုတွင် မပါဝင်သေးသော ဘင်္ဂါလီလူမျိုး(၁၀၀)ကျော်ကို ရခိုင်တိုင်းရင်းသားများက လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ ဇွန်လ (၁၁) ရက်နေ့က  လွှဲအပ်ခဲ့ကြောင်းကိုလည်း စုံစမ်းသိရသည်။
စစ်တွေတွင် ပုဒ်မ (၁၄၄) အား  ဇွန် (၂၁) ရက်နေ့အထိ ထုတ်ပြန်ထားဆဲဖြစ်သည်။
စောဇင်ညီ(မြစ်မခ)

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1