Monday, July 9, 2012

ရေအောက်တွင် နှစ်ပေါင်းများစွာ နစ်မြုပ်နေခဲ့သော ကုန်းမြေ ဒေသကြီးတစ်ခု ရေငုပ်သမားများ ရှာဖွေတွေ့ရှိ

Ever November | 7/09/2012 09:59:00 AM | Best Blogger Tips

စကော့တလန်အနီးရှိ မြောက်ပင်လယ်အတွင်းသို့ ခရစ်မပေါ်မီ ၁၈၀၀၀ မှ ၅၅၀၀ ခုနှစ်ကြား နစ်မြုပ်ခဲ့သော ကြီးမားကျယ်ပြန့်သည့် Doggerland အမည်ရှိ ကုန်းမြေဒေသကြီးတစ်ခုကို ရေနံကုမ္ပဏီတစ်ခုမှ ရေငုပ်သမားများက ရှာဖွေတွေ့ရှိခဲ့သည်ဟု သိရသည်။ အဆိုပါ နစ်မြုပ် နေသော Doggerland ဒေသကြီးသည် ဥရောပတိုက်၏ အဓိက အချက်အချာကျရာနေရာဒေသဖြစ်ပြီး စကော့တလန်နိုင်ငံ မြောက်ပိုင်းမှ ဒိန်းမတ်နိုင်ငံအထိ ကျယ်ပြန့်ကာ ယခင်က လူဦးရေ ထောင်ပေါင်းများစွာ နေထိုင်ခဲ့ကြကြောင်း သိရသည်။ လွန်ခဲ့သည့် နှစ်ပေါင်း ၂၀၀၀၀ ၀န်းကျင်ခန့်က အဆိုပါဒေသကြီးကို ရေခဲများ ဖုံးလွှမ်းခဲ့ဖွယ်ရှိသော်လည်း ရေခဲများ အရည်ပျော်လာသည့်အချိန်တွင် ကုန်းမြေအများစု ပေါ်ထွက်လာခဲ့သည်။ သို့ရာတွင် ရေခဲများ အရည်ပျော်ကျမှုကြောင့် ပင်လယ်ပြင်မျက်နှာပြင်မှာလည်း မြင့်တက်လာခဲ့ရသည်။ ထို့နောက်တွင် အင်အားကြီးမားသည့် ဆူနာမီလှိုင်းများ တိုက်ခတ်မှုကြောင့် ၄င်းဒေသသည် ပင်လယ်ရေအောက်သို့ နစ်မြုပ်ခဲ့ရသည်။ အဆိုပါ ရေအောက်ကမ္ဘာ၏ ပုံစံနှင့် ယင်းနေရာဒေသတွင် နေထိုင်ခဲ့ကြသည့် လူများ၏ အသက်ရှင်နေထိုင်မှုပုံစံများကို သိရှိနားလည်နိုင်ရန် ကြိုးစားဖော်ထုတ်သွားမည်ဖြစ်ကြောင်း စိန့်အန်ဒရူးတက္ကသိုလ်မှ သုတေသီတစ်ဦးက ပြောကြားခဲ့သည်။ 
(အင်တာနက်)
khitlunge

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1