Monday, July 9, 2012

နေစွမ်းအင်သုံး လေယာဉ် မော်ရိုကို သဲကန္တာရပေါ် အောင်မြင်စွာပျံသန်းနိုင်ခဲ့

Ever November | 7/09/2012 10:54:00 AM | Best Blogger Tips

ရာဘတ်- ရီယိုဒီဂျနေးရိုးမြို့၌ ကျင်းပသော အဓိကကျသည့် ထိပ်သီးဆွေးနွေးပွဲတစ်ခုက ကမ္ဘာ့စီးပွားရေး စိမ်းလန်းစိုပြည်ရေးကို ဆွေးနွေးသည့်အတိုင်း နေစွမ်းအင်ဖြင့်မောင်းသော လေယာဉ် တစ်စင်း သည် ဇွန်လ ၂၂ ရက်နေ့ အစောပိုင်း၌ မော်ရိုကိုသဲကန္တာရပေါ် ၎င်း၏ ပျံသန်းမှုကို အပြီးသတ်ကာ အသစ်ပြောင်းလဲနိုင်သော စွမ်းအင်ကို ခင်းကျင်းပြသလိုက်သည်။
ရာဘတ်မြို့မှ ကြာသပတေးနေ့ မိုးသောက်ချိန်၌ စတင်ပျံတက်ပြီးနောက် ဆွစ်ဇာလန်နိုင်ငံလုပ် နေစွမ်းအင်ဖြင့် မောင်းသော လေယာဉ်သည် ကွာဇာဇိတ် မြို့တွင် သန်းခေါင်ယံကျော် ၂၆ မိနစ် ၌ဆင်းသက်ခဲ့သည်။
လေယာဉ်ပျံသန်းနေစဉ် လေယာဉ်မှူး အင်ဒရီဘော့ခ်ျဘာ့ဂ်က အောင်မြင်မှု အခွင့်အလမ်းကို စိတ်ချယုံကြည်နေကြောင်း ဂြိုဟ်တု ဖုန်းဖြင့် အေအက်ဖ်ပီ သို့ပြောပြပြီး လေယာဉ်ဆင်းသက်ခါနီး ၌ ၎င်းခရီးက အံ့ချီးဖွယ်ကောင်းသည်ဟု ပြောသည်။
ကွာဇာဇိတ်တွင် ရာသီဥတုမှာ သာယာပြီး ယခင်အချိန်ကထက် သဘာဝမိခင်က ပိုပြီးအလေးသာပုံရ ကြောင်း ၎င်းကပြောသည်။
ဘော့ခ်ျဘာ့ဂ်သည် ဇွန်လ ၁၃ ရက်နေ့၌ သဲကန္တာရကိုဖြတ်ရန် ပထမ ကြိုးစားသော်လည်း အက်တလက်စ် တောင်များတွင် လေထန်သဖြင့် ပြန်လှည့်ခဲ့ရသည်။
ထိုခရီးသည် နေရင်း ဒေသဖြစ်သော ဆွစ်ဇာလန်နိုင်ငံမှ စပိန်၊ ထိုမှ မော်ရိုကိုသို့ ခရီးစဉ်၏ နောက်ဆုံးအဆင့်ဖြစ်သည်။
ယခုလအစောပိုင်း၌ ရောင်းရင်း တီထွင်သူနှင့် စွန့်စားသူ ဘာထရန် ပစ်ကာ့တ်သည် နေစွမ်းအင်သုံး လေယာဉ်ကို မက်ဒရစ်မှ ရာဘတ်သို့ ပျံသန်းခဲ့ဖူးသည်။
သောကြာနေ့၌ လေယာဉ်ဆင်းသက် သည့် ကွာဇာဇိတ်သည် ကမ္ဘာပေါ်တွင် အကြီးဆုံး နေစွမ်းအင်ထုတ်လုပ်သည့် စက်ရုံ တည်ဆောက်ရန် မော်ရိုကို အာဏာ ပိုင်များက စီစဉ်သည့်နေရာဖြစ်သည်။
နည်းပညာအဆင့်မြင့် လေယာဉ်တွင် ဧရာမဂျက်လေယာဉ်၏ တောင်ပုံ တစ်လျားရှိပြီး အလတ်စားအရွယ် ကား၏အလေးချိန်ထက် မပိုပေ။
လေယာဉ်ပန်ကာများကို မောင်းသည့် လျှပ်စစ်မော်တာ လေးလုံးကို အားပြန် သွင်းပေးသော ဆိုလာဆဲလ် ၁၂,၀၀၀ တပ်ဆင် ထားသည်။
ကွာဇာဇိတ်သည် မော်ရိုကိုမြို့တော် မှ ကီလိုမီတာ ၅၅၀ ကွာဝေးပြီး ၁၇ နာရီခွဲ အချိန်ယူခဲ့သည်။
၎င်းတို့ခန့်မှန်းထားသော ၁၆ နာရီထက် အနည်းငယ် ပိုသည်ကို တွေ့ရသည်။
ထိုခရီးကို Swiss Solar Impulse ကုမ္ပဏီနှင့် Moroccan Agency for Solar Energy တို့ ပူးတွဲစီစဉ်ခဲ့သည်။
လွန်ခဲ့သောလ၌ နေစွမ်းအင်ဖြင့် မောင်းသော လေယာဉ်သည် မက်ဒရစ် မှ ရာဘတ်သို့ ကီလိုမီတာ ၂,၅၀၀ ခရီးကို မောင်းနှင်ခဲ့ရာ ယမန်နှစ်က ပါရီနှင့် ဘရပ်ဆဲလ်ကြား လေယာဉ်ခရီးအပြီး အရှည်ဆုံးဖြစ်ပြီး တိုက်ကြီးနှစ်ခုကြား ပထမဆုံးဖြစ်သည်။
Myanmar Times

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1