Sunday, July 15, 2012

အကြမ်းဖက်သမားများကြောင့် ဒုက္ခရောက်နေကြသူများအား ပြည်တွင်းမှလှူဒါန်းမှုများ

Ever November | 7/15/2012 07:57:00 PM | Best Blogger Tips

ရခိုင်ပြည်နယ်အတွင်း ဇွန် ()ရက်နေ့က စတင်အကြမ်းဘက် တိုက်ခိုက်မှုကြောင့် ဒုက္ခရောက်နေကြသည့် ဒေသခံပြည်သူလူထုများ အတွက် လှူဒါန်းငွေနှင့် အ၀တ်အထည်များကို ပြည်တွင်းမှ အောက်ပါအတိုင်း လှူဒါန်းခဲ့ကြကြောင်း သိရှိရသည်။
၎င်းလှူဒါန်းသည့် ကျပ်ငွေ (၃၆) သိန်းတချို့ကို ချင်းပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့အစည်းဝင်များ၊ ပြည်နယ်အတွင်းရှိ ဌာနဆိုင်ရာ ၀န်ထမ်းများနှင့် ဒေသခံပြည်သူများ၏ ထည့်ဝင်လှူဒါန်းသောငွေများဖြစ်ကြောင်း ဇူလိုင် (၁၄) ထုတ် မြန်မာ့အလင်းက ဖေါ်ပြထားသည်။
ထို့ပြင် ရခိုင်ပြည်နယ်ဒုက္ခသည်များ လတ်တလော ရပ်တည်နိုင်ရေးအတွက် အလှူငွ၊ စားသောက်ကုန်ပစ္စည်းများနှင့် အ၀တ် ပေးအပ် လှူဒါန်းပွဲ အခမ်းအနားကို သောကြာနေ့ နံက်ပိုင်းတွင် ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်ရှိ မီးသတ်ဦးစီးဌာန (ရုံးချုပ်) မေခလာခန်းမတွင် ကျင်းပခဲ့ကြောင်း ဖေါ်ပြသည်။
ယင်းအခမ်းအနားတွင် ရှမ်းပြည်နယ်ရဲတပ်ဖွဲ့ဝင်များက ကျပ်ငွေ (၁၃) သိန်း၊ သာကေတမြို့နယ် ကျူရှင်ဆရာ/ မများ လူမှုကူညီစောင့် ရှောက်ရေးအသင်းက () သိန်း၊ ဗုဒဓမ္မစာပေပြန့်ပွားရေး စုပေါင်းအလှူရှင်များမှ () သိန်း၊ ဆရာတော် ဦးက၀ိခဇက () သိန်း၊ ခင်မောင်ညွှန့်ကုမ္ပဏီမှ လျှပ်စစ်ဝန်ထမ်းများက ၂၁၀၀၀၀၊ ဦးခင်မောင်အုန်း-ဒေါ်မြင့်မြင့်အေး မိသားစုက () သိန်းနှင့် အ၀တ်လေးအိတ်၊ ဒုတိယအရာခံဗိုလ် ၀မ်းကြည်-ဒေါ်မြတ်လေးဝင်း (တပ်မတော်နည်းပညာတက္ကသိုလ်-ပြင်းဦးလွင်)က ၃၀၀၀၀၊ ဦးမြင့်သန်း-ဒေါ်သန်းသန်းမြင့် မိသားစုက ၁၅၀၀၀၀နှင့် အ၀တ်တထုပ်၊ ကျိုက္ကဆံရဲရိပ်သာက အ၀တ်အထည်နှစ်ထုပ်၊ ဦးကျော်ကြား-ဒေါ်ညိုဝင်းမို့မို့ - သမီး မရွှေရည်ဝင်းမို့မို့ မိသားစုက ၁ သိန်း၊ အ၀တ်နှစ်ပုံးနှင့် မီးဖိုချောင်သုံး ပစ္စည်းတပုံး၊ ဒေါ်ကေသီက အ၀တ်အထည်နှစ်ထုပ်၊ မဖြူဖြူဟန်က ကျပ်ငွေ ၃၀၀၀နှင့် အ၀တ်အထည်တထုပ်၊ ကိုဇော်ထွန်းက ကျပ်ငွေ ၃၀၀၀၀နှင့် အ၀တ်လေးထုပ် သောကြာနေ့ကအထိ အလှူငွ (၂၈၅၉၅၃၉၂၃) ကျပ်ရရှိကြောင်းနှင့် ၎င်းမီးသတ်ဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကိုကိုလှိုင်နှင့်အဖွဲ့က လက်ခံခဲ့ကြောင်း မြန်မာ့အလင်းကဆိုသည်။
တခြားတဘက်မှာ လူမှုဝန်ထမ်းကယ်ဆည်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဦးစီးဌာန (ရုံးချုပ်)သို့ ဇူလိုင် () ရက်နေ့က ဦးတင်ထွန်း-ဒေါ်ယဉ်ယဉ်နုမှ (၂၁၃၈၀၀) တန်ဖိုးရှိ အ၀တ်အထည်မျိုးစုံ၊ ဇူလိုင် () ရက်နေ့တွင် မောင်ပြည်ဖြိုးခန့် အထက() ဒဂုံမြို့မကျောင်းမှ () သိန်း၊ ဇူလိုင် (၁၀) ရက်နေ့တွင် မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း တပ်ကုန်းသကြားစက် စက်ရုံမှူး ဗိုလ်မှူး မျိုးအောင် (ငြိမ်း)နှင့် ၀န်ထမ်းမိသားစုက ၁၇၀၀၀၀နှင့် (၂၈၈၇၀၀) တန်ဖိုးရှိအထည်နှင့် လူသုံးကုန် ပစ္စည်းများ၊ ဦးမင်းမင်း(ကုန်သည်)-ဒေါ်မိုးသူဇာ(အလယ်တန်းပြ-အထက-)၊ သားမောင်ဟိန်း ဇေယျာထွန်း၊ သမီး မမေမြတ်ဘုဏ်း မိသားစု (X-1-EMO-Punk Fashion)မိသားစုမှ ကျပ်ငွေ (၅၈၃၀၀၀) တန်ဖိုးရှိအထည်မျိုးစုံ၊ ဇူလိုင် (၁၁) ရက်နေ့က ဒေါ်ဥမ္မာအေးသစ် မှ (၃၇၅၀၀) တန်ဖိုးရှိ အထည်မျိုးစုံ၊ ဇူလိုင် (၁၃) ရက်နေ့က နေပြည်တော် (CRAZY ENGLISH CLUB) သင်တန်းမှူး ဦးသန်းဆွေနှင့် သင်တန်းသား/သူများနှင့် စက်မှုဝန်ကြီးဌာနမှ မိသားစုများက (၁၅၂၀၀၀)နှင့် ကျပ်ငွေ (၂၁၈၀၀) တန်ဖိုးရှိ အထည်မျိုးစုံတို့ကို လာရောက်လှူဒါန်းခဲ့ကြောင်းနှင့် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးအောင်အဖွဲ့က လက်ခံ၍ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြောင်း ဖေါ်ပြသည်။
နိုင်ငံတကာရောက်မျိုးချစ်ပြည်ချစ်များနှင့်လူသားချင်းကိုယ်ချင်းစာနာထောက်ထားသူများနှင့် ပြည်တွင်းလူ
မှုရေး ကူညီစောင့်ရှောက် သူများ ပူးပေါင်းပြီး ဒုက္ခရောက်နေကြသော ရခိုင်ပြည်သူ လူထုများအား ကူညီနေကြကြောင်း သိရှိရသည်။
ရခိုင်ပြည်နယ်အတွင်း သောင်းကျန်းသူအကြမ်းဖက် သမားများ၊ NGOs နှင့် လူမှုဝန်ထမ်းအဖွဲ့အစည်း တချို့များကြောင့် ဒုက္ခရာက်နေ ကြသော ရခိုင်ပြည်သူဒေသခံများမှာ ယခုအချိန်ထိ ယင်းတို့အား မယုံသင်္ခါဖြစ်နေကြကြောင်း သိရှိရသည်။  
ထို့ပြင် နယ်စပ်ဒေသလုံခြုံရေး၊ စိုးမိုးရေးနှင့်စည်းရုံးရေးတာဝန်များဖြင့် လှုပ်ရှားနေကြသော နစက၊ စစ်တပ်နှင့်ရဲတပ်ဖွဲ့တို့ ပုံစံမျိုးစုံဖြင့် ခြစားမှုများကြောင်း မြန်မာပြည်အတွင်းသို့ တဖက်နိုင်ငံဘင်္ဂလာမှ ကျူးကျော်ဝင်ရောက်လာသူ တဖြည်းဖြည်းများပြားလာပြီး မေယုခရိုင်အဆင့်မှ အီဆလာမ်မိတ်နိုင်ငံ ထူထောင်ဖို့အတွက် ယခုကဲ့သို့ အကြမ်းဖက်ဝါဒဖြင့် နယ်ချဲ့တိုက်ခိုက်လာ ရခြင်းဖြစ်ကြောင်း ယုံကြည်နေကြသည်။ 
ယင်းသောင်းကျန်းသူများက မောင်တောမြို့နယ်တွင် ယခင်တည်ရှိသော ရခိုင်ဒေသခံ ကျေးရွာပေါင်း ၁၄၀ ကျော်အား အကြမ်းဖက် တိုက်ခိုက်ခဲ့ရာမှ ယခုကျန်ရှိနေသော ၄၀ ကျော်အား ထပ်မံပြီး ဇွန် ၈ ရက်နှင့် ၉ ရက်နေ့များက ၂၂ ရွာကို မီးရှို့တိုက်ခိုက် ခဲ့ခြင်း ဖြစ်သည်။
ပြည်တွင်း၊ ပြည်ပမြန်မာနိုင်ငံသား အများအပြားက ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေသည့် ပဋိပက္ခမှာ မြန်မာနိုင်ငံ နယ်နမိတ်အတွင်း ဖြစ်ပွားနေခြင်းဖြစ်ပြီး တနိုင်ငံလုံးအတိုင်းအတာဖြင့် ကာကွယ်ရမည်ဖြစ်ကြောင်း ရှုမြင်သုံးသပ် ပြောဆိုနေကြသည်။
Arakan Times

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1