မြစ်ဆုံ စီမံကိန်း လုပ်ငန်းခွင် (ဓာတ်ပုံ - Jinghpaw TarGyi )
မြန်မာ့နိုင်ငံရေးဖြစ်စဉ်တွေမှာ မရိုးသားတဲ့ ရွှေ့ကွက်တွေနဲ့ ထောင်ချောက်တွေကို သတိထားမိသူတွေ ရှိပေ မယ့် ဒီ ထောင် ချောက်တွေထဲကိုပဲ အမြဲ ၀င်ရောက်မိလျှက်သား ဖြစ်ဖြစ်နေတတ်တာ စဉ်းစားစရာပါ။
ရခိုင်ပြည်နယ်က ပဋိပက္ခနဲ့ပတ်သက်ပြီးလည်း မြန်မာ့ဒီမိုကရေစီ ဒေါ်အောင်ဆန်းစုကြည်က ဒီဖြစ်ရပ် ရဲ့ နောက်ကွယ်မှာ တခု ခု ရှိလေမလားလို့ သူ သံသယရှိတဲ့အကြောင်း ပြောခဲ့ပါသေးတယ်။
ဒါနဲ့ပတ်သက်ပြီးလည်း ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမြအေးတယောက် ပြောတာ မှတ်မိတယ်။ အဲဒီ ပဋိပက္ခနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့မှာ အစ္စလာမ်ဘာသာဝင်တချို့ ဆန္ဒပြစဉ် ထိမ်းသိမ်းပေးခဲ့ ပြီးနောက် ပြောတာလည်းဖြစ်ပါတယ်။
“ကျနော်တို့ နိုင်ငံမှာ ဖြစ်လေ့ဖြစ်ထ ရှိတဲ့ ပုံသေနည်းကြီးတခုလို ဖြစ်နေပြီဗျ၊ တခုခုဖြစ်တိုင်း ဘာသာ ရေး၊ လူမျိုးရေး အဓိ က ရုဏ်းတွေ ဖြစ်တာက ဟိုး ကိုလိုနီ ခေတ်ကတည်းကနေ ဒီကနေ့ ခေတ်အထိ မရိုးနိုင်တဲ့ လမ်းဟောင်းကြီးပဲ။ အဲဒီဟာ တွေကို တချို့တချို့သော အစိုးရတွေက လုပ်သလို၊ တချို့တချို့သော မသမာတဲ့ အုပ်စုတွေကလည်း လုပ်တယ်ဗျ။ ဒီနည်း လမ်းကြီးကို ပညာတတ်တွေ၊ မြန်မာနိုင်ငံမှာ ရှိတဲ့ လူတွေကလည်း သိနေပါပြီ၊ ရိုးအီနေပါပြီ။ ဒါပေမယ့် အဲဒီ ထောင်ချောက် ထဲကို အကြိမ်ကြိမ် သိလျှက်နဲ့ ဆင်းသက် နေကြတယ်။ အဲဒီတော့ ဘာဖြစ်လို့ ဆင်းသက် နေကြသလဲ ဆိုတဲ့ အဖြေကို ကျ နော်တို့ စဉ်းစားရမယ်။ အဲဒီအဖြေရဲ့ အကြောင်းတရားကို ကျနော်တို့ မရှာဖွေကြည့်နိုင်ဘဲ ဘယ်လိုမှ ပြဿနာကို ရှင်းလို့ ရ မှာ မဟုတ်ဘူး” လို့ ကိုမြအေး က ဆိုပါတယ်။
ဒါကြောင့် ဒီဖြစ်စဉ်တွေကို သေချာ ပြန်ကြည့်မိတယ်။ မြန်မာနိုင်ငံ အနောက်ဖက်က အန္တရာယ်ဟာ သတိထားရမှာ ဖြစ်သလို မြန်မာပြည်မြောက်ဘက်က ဘေးဆိုးကြီးလည်း မေ့သွားလို့ မဖြစ်ပါဘူး။
ဘာကြောင့်လည်းဆိုတော့ ဒီအနောက်ဘက်ခြမ်း ပြဿနာဟာ မရိုးသားတာ ပေါ်လွင်လာပါတယ်။
နောက်ဆုံး အကျိုးရလာဒ် ထွက်သွားသူတွေက မြန်မာနိုင်ငံရေးမှာ တပ်မတော်ရဲ့ အခန်းကဏ္ဍ အမြဲရှိနေစေ ချင်သူတွေပါ။ အခုဆို ဒေါ်အောင်ဆန်းစုကြည်နဲ့ အတိုက်အခံ ဒီမိုကရက်တွေက မြန်မာနိုင်ငံရေးမှာ တပ်မတော် ရဲ့ အခန်းကဏ္ဍ လျှော့ချ ရေး ကြိုးစားနေကြချိန်မှာ ဒီဖြစ်စဉ်ထွက်ပေါ်လာခဲ့တာပါ။
အခုတော့ အမုန်းမီးတွေ မွေးထားပြီး စစ်တပ်ကို ရခိုင်ပြည်သူတွေကိုယ်တိုင် တောင်းဆိုရတဲ့အခြေ အခင်း အကျင်း ကို ဖန်တီးထားပြီးလျှက်သား ဖြစ်နေပါပြီ။ ဒါကြောင့် စစ်တပ်ဟာ မြန်မာ့နိုင်ငံရေးမှာ မရှိမဖြစ် အမြဲ လိုအပ်ချက်ဖြစ်နေစေချင်တဲ့ လူတန်းစားတွေ အမြတ်ရသွားပြီး ရခိုင်ပြည်နယ်သားတွေကတော့ မိအေး ၂ ခါ နာဖြစ်ရပြီ။
နောက်တခုအမြတ်ရသွားသူတွေက တပြည်လုံး လျှပ်စစ်မီး ၂၄ နာရီ ရရှိရေး အစိုးရဆီမျက်နှာမူလာတဲ့အတွက် အာရုံလွဲ သွားစေချင်သူများ၊ မြစ်ဆုံဆည် စီမံကိန်းနဲ့ တရုတ်နိုင်ငံ ဆန့်ကျင်ရေးကို မလိုလားတဲ့ သူတွေပါပဲ။
အစိုးရက လျှပ်စစ်မီး လုံလောက်အောင် နိုင်ငံသားတွေအပေါ် မပေးနိုင်မှု၊ တာဝန်မကျေမှုနဲ့ မြန်မာ့ အသက် ဇီဝိန်ကို အာခံ တွင်းထဲ ငုံထားတဲ့ တရုတ်နိုင်ငံဘက်ကို အာရုံ မလှည့်နိုင်အောင် ဒီ ဖြစ်စဉ်ရဲ့ နောက်ကွယ်က ဖန်တီးခဲ့ကြသူတွေ ရှိတာ တဖြည်းဖြည်းတွေးလေ ရုပ်လုံးပေါ်လာလေပါဘဲ။
ရခိုင်မျိုးချစ်တွေနဲ့ ရခိုင်ပြည်နယ်တွင်း ပြည်သူတွေကတော့ ဓားစာခံတွေ ဖြစ်နေရတယ်။ နောက်ကွယ်က လက်တွေလည်း အလျှိုအလျှိုနဲ့ ပုံပေါ်လာခဲ့ပါတယ်။
ပထမဆုံး မြစ်ဆုံဆည် စီမံကိန်း ဆန့်ကျင်ရေး ပေါ်ထွက်လာတယ်။ မြစ်ဆုံဆည် စီမံကိန်းဆိုတာ မြန်မာ တမျိုးသားလုံး ရဲ့ အသက်ဝိဥာဉ် ကင်းမဲ့ သွားစေမယ့် ဧရာဝတီမြစ်ကြီး ကွယ်ပျောက်သွားမယ့် အရေး မို့ နိုင်ငံသားကောင်းတိုင်း တာဝန်ကျေ စွာ မိမိတို့ရဲ့ ဆန္ဒကို ထုတ်ဖော်ခဲ့ကြတယ်။ ပြည်သူ့အသံ အဓိက ထားတယ်ပြောတဲ့ အစိုးရ မြစ်ဆုံ ဆည်စီမံကိန်းကို ရပ်နား ထားလိုက်တယ်။ ဒါပေမယ့် ဘယ်အချိန် ဘယ်က ပြန် စမယ်ဆိုတာ မသေချာဘူး။
သူတို့ တရုတ်နိုင်ငံ အနေနဲ့က မြန်မာ နိုင်ငံမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေထဲမှာ အမြင့်ဆုံးနဲ့ ဦးဆောင်နေ တယ်။
လွန်ခဲ့တဲ့ နှစ်ပေါင်း များစွာကတည်းက တရုတ် နိုင်ငံဟာ မြန်မာနိုင်ငံသားတွေအပေါ် ဂုတ်သွေးစုပ်နေခဲ့တယ်။
လမ်းစဉ်ပါတီခေတ်ကတည်းက ပါတီချင်းဆက်ဆံရေး၊ နိုင်ငံချင်း ဆက်ဆံရေးဆိုတဲ့ စကားလုံးတွေနဲ့ ဦးနေ၀င်း အစိုးရနဲ့ လည်း ဆက်ဆံသလို ဗမာပြည် ပါတီနဲ့လည်း ပါတီချင်း ဆက်ဆံတယ်။ မြန်မာနိုင်ငံရဲ့ လက်နက် ကိုင်တော်လှန်ရေးမီးတွေ ရဲ့ လက်သည်အစိပ်အပိုင်းဟာ တရုတ်ဖြစ်နေတာ သတိထားမိသူ ရှိကြမယ်ထင် တယ်။
တဖက်ကလည်း တရုတ်ဟာ မြန်မာကိုသာမက ကမ္ဘာမှာပါ အတု အပနဲ့ စစ်ဆင်နေတယ်။ ဈေးပေါပေါ အရည်အချင်းမမီ ပစ္စည်းတွေနဲ့ ဆင်း ရဲတဲ့ ဖွံ့ဖြိုးဆဲ တတိယ နိုင်ငံတွေကို သူ့နိုင်ငံ ရင်ဆိုင်နေရတဲ့ လောင်စာဆီ အခက်အခဲ ဖြေရှင်းနိုင်ရေးနဲ့ တရုတ်နိုင်ငံ လုပ် လက်နက်တွေ ကို ရောင်း နိုင်ရေးတွေအတွက် အကျိုး စီးပွား တခုတည်းကိုသာ ကြည့်ပြီး နိုင်ငံသားတွေအကျိုး ဘယ်တုန်း က မှ မကြည့်ဘဲ ၀ိသမစီးပွားရေးတွေ လုပ်နေကြ တယ်။
irrawaddy blog
No comments:
Post a Comment