Saturday, July 21, 2012

ရီးရဲလ်နှင့် စာချုပ် သက်တမ်းတိုးရန် စီစဉ်နေသည့် ဟီဂူအင်

Ever November | 7/21/2012 04:21:00 PM | Best Blogger Tips

ရီးရဲလ်တိုက်စစ်မှူးဟီဂူအင်၏အဖေ၊ အေးဂျင့် နှင့်အသင်းဒါရိုက်တာဆန်းချက်ဇ်တို့ တွေ့ဆုံဆွေးနွေးပြီးနောက် ၎င်းသည် အသင်းနှင့် စာချုပ်သက်တမ်းတိုးရန် စီစဉ်နေကြောင်း သိရသည်။ ဟီဂူအင်၏ လက်ရှိ စာချုပ်သက်တမ်းမှာ (၂၀၁၆)ခုနှစ် နွေရာသီအထိ ရှိနေသော်လည်း ကစားသမားနှင့် ပတ်သက်သည့် အပြောင်းအရွှေ့ သတင်းများကြောင့် ကစားသမားအား စာချုပ် သက်တမ်း တိုးမြှင့်လိုနေခြင်း ဖြစ်ကာ လစာငွေကြေးကိုလည်း တစ်နှစ် ယူရို (၃.၅)သန်း မှ ယူရို (၄.၅)သန်းထိ တိုးမြှင့်ပေးရန် ကမ်းလှမ်းခဲ့ကြောင်း သိရသည်။ ယင်းလစာငွေမှာ အခြားသော တိုက်စစ်မှူး တစ်ဦးဖြစ်သည့် ဘန်ဇီးမား၏ လစာငွေနှင့် တူညီမည် ဖြစ်သည်။ အသက် (၂၄)နှစ် အရွယ်ရှိ ဟီဂူအင်သည် (၂၀၀၇)ခုနှစ်တွင် ရီးရဲလ် အသင်းသို့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး လာလီဂါ ပွဲစဉ် (၁၆၂)ပွဲ ကစားထားပြီး (၉၁)ဂိုး သွင်းယူထားနိုင်သူ ဖြစ်သည်။
soccre weekly

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1