Saturday, July 21, 2012

ထိုင်ဝမ် EVA လေကြောင်းလိုင်း ရန်ကုန်သို့ ပျံသန်းပြေးဆွဲမည်

Ever November | 7/21/2012 04:16:00 PM | Best Blogger Tips

ထိုင်ဝမ်နှင့် မြန်မာအကြား စီးပွါးရေး ဆက်သွယ်မှုနှင့် လာရောက်လည်ပတ်သူ ဦးရေ တိုးတက်လာသည့်အတွက် ထိုင်ဝမ်၏ ဒုတိယ အကြီးဆုံး လေကြောင်းလိုင်း EVA က အောက်တိုဘာလ ၉ ရက်နေ့မှ စတင်ကာ တိုင်ပေ-ရန်ကုန် ခရီးစဉ်ကို တပတ်လျှင် ၃ ကြိမ် ပျံသန်းပြေးဆွဲမည် ဖြစ်ကြောင်း ကြေညာလိုက်သည်။

ထိုင်ဝမ် အများအပြားမှာ ဆယ်စုနှစ်ပေါင်းများစွာ အထီးကျန်နေခဲ့သည့် မြန်မာနိုင်ငံတွင် စီးပွါးရေး လုပ်ငန်းများ လုပ်ဆောင်ရန် နှင့် မြန်မာပြည်သို့ လာရောက်လည်ပတ်ကြရန် စိတ်ဝင်စားမှုများ ပိုမိုများပြားလာသည်ဟု EVA က ဆိုသည်။

လေကြောင်းလိုင်း၏ အနာဂတ် ခရီးသည် အများစုမှာ မြောက်အမေရိကမှ ခရီးသည်များ ဖြစ်ကြပြီး ထိုင်ဝမ်မှ တဆင့် မြန်မာနိုင်ငံသို့ လာရောက်လိုကြသူများ ဖြစ်လိမ့်မည်ဟု မျှော်မှန်းထားကြောင်း EVA လေကြောင်းလိုင်းက ဆိုသည်။  

စစချင်းတွင် MD-90 ဂျက်လေယာဉ်များဖြင့် ပျံသန်းပြေးဆွဲမည် ဖြစ်ပြီး ၂ဝ၁၃ ခုနှစ် ဒုတိယ သုံးလပတ်မှ စတင်ကာ A321 လေယာဉ်များဖြင့် ခရီးစဉ်အား ပြေးဆွဲမည်ဟု ကုမ္ပဏီက ဆိုသည်။  

ထိုင်ဝမ်၏ အထင်ကရ လေကြောင်းလိုင်း ဖြစ်သည့် China Airlines မှာ လက်ရှိအချိန်တွင် တိုင်ပေနှင့် ရန်ကုန်အတွင်း တပတ်လျှင် ၄ ကြိမ် ပျံသန်းလျက် ရှိသည်။

သို့သော် စက်တင်ဘာ ၁၅ ရက်နေ့မှ စတင်ကာ တပတ်လျှင် ၅ ကြိမ်သို့ တိုးမြှင့် ပျံသန်းမည်ဟု ယခုနှစ် အစောပိုင်းက China Airlines က ပြောကြားခဲ့သည်။
မဇ္ဈိမ သတင်းဌာန

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1