Saturday, July 21, 2012

မော်လမြိုင်နှင့် ဘားအံဆေးရုံတွင် သွေးလွန်တုတ်ကွေးရောဂါ ကုတင်မဆံ့

Ever November | 7/21/2012 04:44:00 PM | Best Blogger Tips

 သွေးလွန်တုတ်ကွေးရောဂါ ကူးစက်မှုကြောင့် မွန်ပြည်နယ် မော်လမြိုင် ကလေးအထူးကု
ဆေးရုံနှင့် ကရင်ပြည်နယ် ဆေးရုံကြီးတွင် ကလေးငယ် ၅၀၀ ကျော် တက်ရောက်ကုသမှု ခံယူနေရကြောင်း မြို့နယ် ကျန်းမာရေး ဝန်ထမ်းများက ပြောသည်။

ကုတင် ၅၀၀ ဆံ့ မော်လမြိုင် ကလေးအထူးကုဆေးရုံကြီးတွင် တက်ရောက်ကုသမှု ခံယူသည့် ကလေးများမှာ ကုတင်မလောက်အောင် များပြားကြောင်း ဆေးရုံသို့ လူနာကြည့် သွားရောက်ခဲ့သည့် မုဒုံမြို့နယ်မှ အမျိုးသမီး တဦးက
ပြောသည်။

ကရင်ပြည်နယ် ဘားအံ ပြည်သူ့ဆေးရုံကြီးတွင်မူ ကလေးငယ် အယောက် ၂၀၀ ကျော် တက်ရောက် ကုသမှု ခံယူနေကြောင်း ဒေါက်တာအောင်နွေဦး က ပြောသည်။

မော်လမြိုင်မြို့ပေါ်တွင် အနှစ် ၃၀ ခန့် ဆေးခန်းဖွင့် ကုသနေသည့် ဒေါက်တာမင်းစိုးလင်းက “ဆေးရုံက ကျနော့် သူငယ်ချင်းတွေ ပြောတော့ ကုတင်တွေ မဆံ့ဘူး။ ဒီနှစ်တော်တော် အဖြစ်များတယ်၊ ကျနော့် ဆေးခန်းမှာတောင် တနေ့ တနေ့ အယောက် ၃၀ လောက် လာကုကြတယ်” ဟု ပြောသည်။

သွေးလွန်တုတ်ကွေးရောဂါမှာ ယခင်က မိုးရာသီနှင့် အသက် ၁၂ နှစ်အောက် ကလေးများတွင်သာ ဖြစ်ပွားလေ့ရှိသော် လည်း ယခင်နှစ်မှ စ၍ ရာသီမရွေးဘဲ လူကြီးများတွင်လည်း ဖြစ်ပွားလာသည်ကို တွေ့ရှိရကြောင်း ဒေါက်တာ မင်းစိုးလင်းက ပြောသည်။

“ကျနော့်ဆေးခန်းမှာဆို အသက် ၃၇ နှစ် အရွယ်လည်း တွေ့ရတယ်။ လူကြီးတော့ နည်းတယ်၊ ဆယ်ဂဏန်းလောက် ပဲ တွေ့ရတယ်” ဟု ပြောသည်။

ရောဂါ ဖြစ်ပွားမှုနှုန်း နှစ်စဉ် များပြားလာသော်လည်း မြန်မာနိုင်ငံတွင်းသို့ ၎င်းရောဂါ ဝင်ရောက်လာသည်မှာ နှစ်ကာလ ကြာရှည်ပြီ ဖြစ်၍ လူများ၌ ခံနိုင်ရည် ရှိလာခြင်းကြောင့် သေပျောက်မှုနှုန်း နည်းလာကြောင်းလည်း သူက ပြောသည်။

ဘားအံမြို့တွင် ဆေးခန်း ဖွင့်ကာ ကုသနေသည့် ဒေါက်တာအောင်နွေဦးက “မနှစ်ကလောက်တော့ မများဘူး၊ အများအားဖြင့် နယ်ဘက်က လာကုကြတာ များတယ်။ အသေအပျောက်လည်း အရင်နှစ်တွေနဲ့စာရင် အတော်လေး နည်းလာတယ်” ဟု ပြောသည်။
မဇ္ဈိမ

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1