Sunday, July 29, 2012

ရှစ်လေးလုံး အခမ်းအနား အောင်မြင်ရေး သံဃာတော်များ ပါဝင်ဆောင်ရွက်မည်

Ever November | 7/29/2012 03:37:00 AM | Best Blogger Tips
ရှစ်လေးလုံး အရေးတော်ပုံ ငွေရတုအကြို ဝါဆိုသင်္ဃန်းကပ်လှူပူဇော်ပွဲ ကျင်းပမည့် မန္တလေးမြို့
 ချမ်းမြသာစည်မြို့နယ်၊ အလယ်တိုက်ကြီး၊ ဒက္ခိဏာရာမဘုရားကြီး ကျောင်းတိုက် ဖြစ်ပါသည်။

၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ အပါအ၀င် အခြားနိုင်ငံရေး အင်အားစုတွေ ပူးပေါင်းစီစဉ်နေတဲ့ ၂၄ နှစ်မြောက် ရှစ်လေးလုံး လူထုလှုပ်ရှားမှု နှစ်ပတ်လည် အခမ်းအနားကို မန္တလေးမြို့မှာ အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ပါဝင်ဆောင်ရွက်ပေးမယ်လို့ ဒီကနေ့ ကျင်းပတဲ့ အခမ်းအနား ဖြစ်မြောက်ရေး အစည်းအဝေးအပြီးမှာ သံဃာတော်တွေက သဘောတူညီခဲ့ပါတယ်။ 
ဒါဟာ လက်ရှိ ပြုပြင်ပြောင်းလဲရေးတွေ လုပ်နေတဲ့ မြန်မာနိုင်ငံမှာ မိမိတို့ကလည်း ပူးပေါင်း ဆောင်ရွက်နေတယ် ဆိုတာ လက်တွေ့ ပြသချင်တာကြောင့် ဖြစ်တယ်လို့လည်း အစည်းအဝေးကို တက်ရောက်နေတဲ့ ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့ဝင် ကိုပြုံးချိုက ပြောပါတယ်။
"အခုအချိန်မှာ နိုင်ငံရေးအရ ပြုပြင်ပြောင်းလည်းရေးမှာ အားလုံး ပါဝင်ပူးပေါင်းနိုင်မယ့် အခွင့်အလမ်းကို ဖန်တီးနေကြတယ်ဆိုတဲ့အတွက်၊ နောက်ပြီး ဒီအရေးတော်ပုံကြီးဟာ နိုင်ငံနဲ့ အ၀န်း ဖြစ်ပေါ်ခဲ့တဲ့အတွက် ဒီအရေးတော်ပုံကြီးမှာ လှုပ်ရှားခဲ့သူများအားလုံးလည်း ဒီအပြောင်းအလဲတွေမှာ ပူးပေါင်းပါဝင်နိုင်မယ့် နည်းလမ်းကောင်းတွေ အကြံဥာဏ်ကောင်းတွေနဲ့ စုစုစည်းစည်း ညီညီညွတ်ညွတ် လုပ်ကိုင်နိုင်မယ့် အနေအထားကို ဆရာတော်တွေကလည်း သဘောပေါက်တဲ့အတွက် ကြည်ကြည်ဖြူဖြူ လက်ခံကြတာပါ။"
မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ဘုရားကြီးကျောင်းတိုက် အတွင်း ကျင်းပမယ့် ရှစ်လေးလုံး အခမ်းအနားကို ပရိသတ် ထောင်နဲ့ချီ တက်ရောက်နိုင်အောင် စီစဉ် ဖိတ်ကြားထားတယ်လို့ ကိုပြုံးချိုက ပြောပါတယ်။ သတင်းမီဒီယာတွေလည်း လွတ်လွတ်လပ်လပ်နဲ့ စည်းကမ်းတကျ သတင်းယူနိုင်အောင် စီစဉ်ထားတယ်လို့ ပြောပါတယ်။
RFA

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1