မြန်မာ့မီးရထားတိုင်း
အမှတ်(၃)ဖြစ်သည့် မိုးညှင်းမြို့တွင်ပြီးခဲ့သည့်ရက်ပိုင်းက
စက်ခေါင်းစက်ရုံမှအရာရှိ လေးဦးအပါအ၀င်ရထားဝန်ထမ်း လေးဆယ့်ခုနှစ်ဦးကို
အလုပ်မှဖြုတ်ပစ်လိုက်သည်ဟုစုံစမ်းသိရှိရသည်။
ထိုကဲ့သို့
အလုပ်တာဝန်များမှ ရပ်စဲခဲ့ရခြင်းမှာ မြန်မာ့မီးရထားပိုင်စက်သုံးဆီများအား
တရားမ၀င် ထုတ်ယူ
ရောင်းချခဲ့ခြင်းကြောင့်ဖြစ်သည်ဟုမီးရထားဝန်ထမ်းအသိုင်းအ၀န်းမှ သိရသည်။
`` တစ်ချို့တွေဆို အိမ်တွေမြေတွေ ပေါင်ကြရောင်းကြပြီး
ပြန်ဆပ်ရတာရှိတယ် ၊ငိုကျယိုကျဖြစ်ကြတာပေါ့ ၊ အလုပ်ကလည်း
အနားခံရတယ်ဆိုတော့ပိုဆိုးသွားတယ်´ ဟုစုံစမ်းမေးမြန်းမှုများအား မိုးညှင်းမြို့မှ အတွင်းသိမီးရထားဝန်ထမ်းတစ်ဦးက ပြန်လည်၍ အတည်ပြုဖြေကြားပေးခဲ့သည်။
ယခုလိုအရေးယူခြင်းသည်ဌာနတွင်းအရေးယူမှုဖြစ်ကြောင်းနှင့်စက်ခေါင်းဝန်ထမ်းများအနေဖြင့် နိုင်ငံတော်
သမ္မတထံ တင်ပြ အသနားခံသွားကြမည်ဖြစ်ကြောင်းကိုလည်းစုံစမ်းသိရှိရသည်။
ယခုလို
အစုလိုက်အပြုလိုက် အလုပ်တာဝန်များမှ
ရပ်စဲခံလိုက်ရသောကြောင့်အခြားတိုင်းအမှတ်များရှိ မီးရထားဝန်ထမ်းများအနေဖြင့်လည်းစိုးရိမ်ပူပန်မှုများရှိနေကြောင်း
မြန်မာ့မီးရထားဝန်ထမ်းအသိုင်းအ၀န်း
ကစုံစမ်းသိရှိရသည်။
မင်းမင်းလတ်-မန္တလေး(မြစ်မခ)
No comments:
Post a Comment