Sunday, July 29, 2012

ဆီရောင်းချ၍ မြန်မာ့မီးရထားမှ အရာရှိအပါအ၀င်ဝန်ထမ်း( ၄၇ ) ရာထူးမှရပ်ဆိုင်းခံရ

Ever November | 7/29/2012 06:44:00 AM | Best Blogger Tips
မြန်မာ့မီးရထားမှ အရာရှိ(၄)ဦးအပါအ၀င် ၀န်ထမ်း(၄၇)ဦးအားမြန်မာ့မီးရထားပိုင် တရားမ၀င်စက်ဆီရောင်း ချခြင်းနှင့်ပတ်သက်၍ရာထူးမှထုတ်ပယ်လိုက်ကြောင်း သတင်းရရှိရသည်။
 
မြန်မာ့မီးရထားတိုင်း အမှတ်(၃)ဖြစ်သည့် မိုးညှင်းမြို့တွင်ပြီးခဲ့သည့်ရက်ပိုင်းက စက်ခေါင်းစက်ရုံမှအရာရှိ   လေးဦးအပါအ၀င်ရထားဝန်ထမ်း လေးဆယ့်ခုနှစ်ဦးကို အလုပ်မှဖြုတ်ပစ်လိုက်သည်ဟုစုံစမ်းသိရှိရသည်။
 
ထိုကဲ့သို့ အလုပ်တာဝန်များမှ ရပ်စဲခဲ့ရခြင်းမှာ မြန်မာ့မီးရထားပိုင်စက်သုံးဆီများအား တရားမ၀င် ထုတ်ယူ ရောင်းချခဲ့ခြင်းကြောင့်ဖြစ်သည်ဟုမီးရထားဝန်ထမ်းအသိုင်းအ၀န်းမှ သိရသည်။
 
`` တစ်ချို့တွေဆို အိမ်တွေမြေတွေ ပေါင်ကြရောင်းကြပြီး ပြန်ဆပ်ရတာရှိတယ် ၊ငိုကျယိုကျဖြစ်ကြတာပေါ့ ၊ အလုပ်ကလည်း အနားခံရတယ်ဆိုတော့ပိုဆိုးသွားတယ်´ ဟုစုံစမ်းမေးမြန်းမှုများအား မိုးညှင်းမြိုမှ အတွင်းသိမီးရထားဝန်ထမ်းတစ်ဦးက ပြန်လည်၍ အတည်ပြုဖြေကြားပေးခဲ့သည်။
 
ယခုလိုအရေးယူခြင်းသည်ဌာနတွင်းအရေးယူမှုဖြစ်ကြောင်းနှင့်စက်ခေါင်းဝန်ထမ်းများအနေဖြင့် နိုင်ငံတော်
သမ္မတထံ တင်ပြ အသနားခံသွားကြမည်ဖြစ်ကြောင်းကိုလည်းစုံစမ်းသိရှိရသည်။
 
ယခုလို အစုလိုက်အပြုလိုက် အလုပ်တာဝန်များမှ ရပ်စဲခံလိုက်ရသောကြောင့်အခြားတိုင်းအမှတ်များရှိ မီးရထားဝန်ထမ်းများအနေဖြင့်လည်းစိုးရိမ်ပူပန်မှုများရှိနေကြောင်း မြန်မာ့မီးရထားဝန်ထမ်းအသိုင်းအ၀န်း
ကစုံစမ်းသိရှိရသည်။
မင်းမင်းလတ်-မန္တလေး(မြစ်မခ)

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1