Tuesday, July 10, 2012

ငမန်း ဆိုတာ ဒီလိုပါ

Ever November | 7/10/2012 01:08:00 PM | Best Blogger Tips

ခက်ခဲ ကြမ်းတမ်းလှတဲ့ DSA ဗိုလ်လောင်းဘဝကို ဖြတ်ကျော်ရတာဟာ ဘယ်လောက် ခက်ခဲတယ်ဆိုတာ ပြောပြရင် မယုံနိုင်စရာပါပဲ။ DSA ကို စတက်တဲ့ ပထမနှစ် ဗိုလ်လောင်းဘဝဟာ အရပ်သားဘဝကနေ စစ်သားဘဝကို စတင်ကူး ပြောင်းရတဲ့ ကာလဖြစ်လို့ အဲဒီ အချိန်မှာ ဗိုလ်လောင်း ဘဝကို အရှုံးပေးပြီး ဘဝပျက်သွားရတဲ့လူတွေ မနည်းပါဘူး။ တ ကယ်တော့ ဗိုလ်လောင်းဘဝဆိုတာ တကယ့်အဖြူထည်လေးတွေပါ။ သူတို့တွေဟာ ဒီကနေ့ တပ်မတော်ရဲ့လက်ရှိ အ ခြေအနေတွေကိုလဲ ဘာမှ ဂဃနဏ နားမလည်ကြသေးပါဘူး။
၁ဝဝ မှာ ၉၅ ယောက်က တကယ်နိုင်ငံတော်ကို ချစ်လို့ တပ်မတော်ကို အထင်ကြီးပြီး ဝင်လာတဲ့ သူတွေပါ။ အားလုံးဟာ တသွေး၊ တသံ၊ တမိန့် ဆိုတဲ့ ပုံသွင်းမှုကို ကျေကျေနပ်နပ်ကြီး ခံယူထားကြတဲ့ အချိန်ပါ။ တကယ်လည်း စစ်တက္ကသိုလ် ရဲ့ အရိပ်အောက်မှာ အဆင့်အတန်းမရွေး အားလုံးတန်းတူဆိုပြီး မှတ်ထင်ခံယူခဲ့ကြတာပါ။ ဒါပေမဲ့ အဲဒီခံယူချက်တွေ ဟာ စစ်တက္ကသိုလ်ရောက်ပြီး ထပ်ပြောရရင် ဆေးအောင်ပြီး ဗိုလ်လောင်းဘဝရောက်လို့ တပတ်လောက် အကြာမှာပဲ အဲဒီခံယူချက်တွေအားလုံး မြောင်းထဲရောက် ကုန်ပါတော့တယ်။
“မင်းက တပ်ရင်းမှူးသားလား” လို့ အမေးခံရပြီး ရင်ဘတ်ကို အုန်းခနဲ လက်သီးနဲ့ ထိုးထည့်လိုက်တာက “ငါက တိုင်းမှူး သားကွ” ဆိုတဲ့ အနောက်တောင်တိုင်း တိုင်းမှူးရဲ့သား ဒုတိယနှစ် ဗိုလ်လောင်းကျောင်းသား တိုးနိုင်မန်း ပါ။ အထိုးခံရတဲ့ ပထမနှစ် ဗိုလ်လောင်းကို တပ်ရင်းမှူးသားမှန်းသိလို့ အပြစ်မရှိ အပြစ်ရှာထိုးတာပါ။ နောက်ပိုင်း သိလာရတာက တိုးနိုင် မန်း ဟာ ပထမနှစ် ဗိုလ်လောင်းဘဝကိုလည်း အိပ်ရင်း စားရင်း ကျော်ဖြတ်လာခဲ့သလို ဒုတိယနှစ် ဗိုလ်လောင်းဘဝမှာလဲ ပထမနှစ် ဗိုလ်လောင်းတွေ အူတုန်သည်းတုန် ကြောက်ရတဲ့ စီနီယာ ဖြစ်လာခဲ့ပါတယ်။
တိုးနိုင်မန်းနဲ့ ပတ်သက်လာရင် စီနီယာဗိုလ်လောင်းမပြောနှင့် ကျောင်းကအရာရှိများပင် ဗြဟ္မာဦးခေါင်းကိုင်ထားရသလို ဖြစ်နေပါတယ်။ ဂျူနီယာ ဗိုလ်လောင်းဘဝမှာ အများနဲ့တန်းတူ Hall Room တွေမှာ နေကြရတာပါ။ ခုတင်တလုံး၊ Show ပြတဲ့ Locker ၄ လုံးနဲ့ သေတ္တာ ၁ လုံးစာ နေရာကျဉ်းကျဉ်းလေးမှာ တိုးနိုင်မန်း မပျော်ပါဘူး။ သူက သီးသန့် စတိုခန်းမှာ ပဲနေပါတယ်။ အဲဒီစတိုခန်းဟာ ဗိုလ်လောင်း ၁၅ ယောက်လောက်နေလို့ရတဲ့ အခန်းပါ။ လျှပ်စစ်ပစ္စည်းဆိုရင် မီးသီး တောင် ကိုယ်ပိုင်မထားရတဲ့ ဗိုလ်လောင်းဘဝမှာ ဂျူနီယာတန်းပဲ ရှိသေးတဲ့ တိုးနိုင်မန်းက အဲဒီစတိုခန်းကြီးထဲမှာ တီဗွီ၊ ထမင်းပေါင်းအိုး၊ လျှပ်စစ်မီးဖို၊ လျှပ်စစ်မီးပူ၊ Locker ၁ဝ လုံးထဲမှာ စားစရာခေါက်ဆွဲခြောက်၊ အသီးအနှံ၊ အကြော်အ လှော်မျိုးစုံနဲ့ တကယ့် ဇိမ်ကျကျ နေခဲ့တာပါ။ ကျောင်းကထုတ်ပေးတဲ့ စောင်၊ ခြင်ထောင်၊ ခေါင်းအုံးတွေကို သူ မသုံးပါ ဘူး။ ပြီးတော့ လက်တိုလက်တောင်းခိုင်းဖို့ သူ့ထက်ငယ်တဲ့ ဗိုလ်လောင်း ၅ ယောက်လောက်က သူ့အနားမှာ အချိန်ပြည့် ပါပဲ။
ပြီးတော့ မယုံနိုင်စရာတခုပြော ပြပါဦးမယ်။ တိုးနိုင်မန်းက ဒီလောက်နဲ့ မတင်းတိမ်သေးပါဘူး။ အိမ်နဲ့ အချိန်မရွေး ဆက် သွယ်လို့ရအောင် ၄ ထပ်ဆောင် ကျောင်းခေါင်မိုးပေါ်မှာ Cordless Phone အင်တင်နာတိုင်ကြီးကို ထောင်လိုက်ပါသေး တယ်။ တိုးနိုင်မန်း အခန်းကို ဝင်လိုက်ရင် စားသောက်ဆိုင်ကို ရောက်သွားသလိုပါပဲ။ VCD Karaoke က တငြိမ့်ငြိမ့် ကြော်လှော်ချက်ပြုတ်နေကြတဲ့ ထမင်းဟင်းအနံ့က တသင်းသင်းနဲ့။ ကျောင်းက Training Officer မပြောနဲ့။ ကျောင်း အုပ်ကြီးတောင် သူ့ကို ဘာမှမပြောရဲပါဘူး။ မပြောရဲတာက ဗိုလ်လောင်း တိုးနိုင်မန်းက ကျောင်းအရာရှိတွေရဲ့ ဘဝကို ပြောင်းလဲပေးနိုင်စွမ်းရှိလို့ပါ။
တစ်ချို့ အရာရှိတွေလည်း တိုးနိုင်မန်း ကောင်းမှုနဲ့ မြောင်းထဲရောက်။ တချို့လဲ တိုးနိုင်မန်း ဆိုတဲ့ ဗိုလ်လောင်းလေးကို အဖားကောင်းလို့ တပ်ရင်းမှူးတွေ ဖြစ်သွားကြတဲ့အခါ နေရာကောင်းကောင်းကို ရောက်သွားကြပါတယ်။ ဒီလောက် ဇိမ် ခံတဲ့ တိုးနိုင်မန်းဟာ အများနည်းတူ အလုပ်လုပ်တဲ့အခါမှာကျတော့ ပါမယ် ထင်ပါသလား။ PT ပြေးတာတောင် သူစိတ် ပါတဲ့အချိန်မှ ပြေးပါတယ်။ နောက်ပြီး ဗိုလ်လောင်းတာဝန်ကျ Appointment Cadet ကိုလည်း တနှစ်ပတ်လုံးယူပါတယ်။ ဒီတာဝန်ဟာ ထက်မြက်ထူးချွန်တဲ့ ဗိုလ်လောင်းတွေ တောင်မှ ၃ လ ပဲ တာဝန်ယူရတာပါ။ ဒါပေမဲ့ တိုးနိုင်မန်းက တာဝန် အမျိုးမျိုးကို လှည့်ပတ်ယူနေတာပါ။ တပ်ရင်း Appointment Cadet ကတော့ သူ မလုပ်ခဲ့ရပါဘူး။
အဲဒီ တပ်ရင်းတာဝန်က တကယ့် အရည်အချင်းရှိတဲ့ ဗိုလ်လောင်းတွေပဲ တာဝန်ယူရတာပါ။ တိုးနိုင်မန်းက ကိုယ့်အရည် အချင်း ကိုယ်သိတော့ အရှက်ကွဲမှာစိုးလို့ ဒီတာဝန်ကို မယူရဲလို့ပါ။ စနေ၊ တနင်္ဂနွေသာ ဧည့်တွေ့ခွင့်ရတဲ့ ဗိုလ်လောင်း တွေထဲမှာ တိုးနိုင်မန်း မပါပါဘူး။ ရုံးဖွင့်ရက်တွေမှာလည်း သူ့ကို ဧည့်လာတွေ့ပုံက သူ့အဖေရဲ့ အဆောင်ယောင်တွေ ဖြစ် တဲ့ ရှေ့ကပွိုင့်ကား (လုံခြုံရေး ရဲဘော်အပြည့်)၊ နောက်က Audi ကားနက်ကြီးနဲ့ လာတာပါ။ အများအားဖြင့်တော့ အဖေ ဖြစ်သူရဲ့ PA ဗိုလ်ကြီးတယောက် အမြဲလာပါတယ်။ အဲဒီအချိန်မှာ သူ့အဖေက ဗိုလ်ချူပ်ကြီးဖြစ်နေပါပြီ။ သူ့အမေလာတဲ့ နေ့တွေလိုမျိုးဆိုရင် ကျောင်းအုပ်ကြီး၊ နည်းပြမှူးချုပ်တို့က ဘေးကနေ တပြုံကြီး ပါလာကြပါတယ်။ မှိုရမဲ့ မျက်နှာလေး တွေလို အစွမ်းကုန် သွားဖြဲနေရတာများ ဒီလိုဆရာသမားတွေကို ဘယ်လိုများ လေးစားရပါ့။
ပြီးတော့ ဒီမြင်ကွင်းတွေ မြင်လိုက်ရတိုင်း မျက်နှာမွဲ ဗိုလ်လောင်းတွေရဲ့ အသည်းနှလုံးကို ဖြစ်ညှစ်လိုက်သလိုမျိုး ခံစား ကြရပါတယ်။ တကယ်တော့ ဒီစစ်အာဏာရှင်စနစ် ကြီးစိုးနေသမျှတော့ လူ့စွမ်းအား အရင်းအမြစ်တွေ ဆုံးရှုံးပြီး တကိုယ် ကောင်းသမား ကိုယ်ကျိုးစီးပွါးတွေ အတ္တတွေ မသမာမှုတွေနဲ့ လူ့လောကကြီးဟာ မှန်ကန်မှု၊ တိုးတက်မှုတွေ ဝေးသ ထက်ဝေး၊ နှေးသထက်နှေး၊ နောက်နေ့မှာလည်း လက်တွေ့ကြုံဆုံခဲ့ပုံလေးတွေကို စာဖတ်ပရိသတ်များ ပိုတောင် ဒေါပွ၊ သြချရအောင် ဆက်လက်တင်ပြပေးပါဦးမယ်။ စစ်မှန်တဲ့ ဒီမိုကရေစီ နိုင်ငံတော်မှာ တပ်မတော်သားများ တိုင်းပြည်အ တွက် အမှန်တကယ် ကောင်းကျိုးပြုနိုင်ကြဖို့ မျှော်မှန်းရေးသားလိုက်ရပါတယ်။
ဒီမိုကရေစီ နိုင်ငံဆိုရင် သူတို့ ဒီလို လုပ်ချင်သလို လုပ်လို့ မရဘူး။ ဒါကြောင့် စစ်အုပ်စုဟာ ဒီမိုကရေစီလိုလားသူကို ရန် သူလို့ သတ်မှတ်တယ်။ ဒါရှင်းရှင်းလေးပါ။ မျိုးဆက်သစ် အရာရှိငယ်တွေ ဒါကို ဝန်ခံရဲကြပါ။ နောက်တခုတင်ပြပါဦးမယ်။ ဗိုလ်လောင်းဆိုတာ စနေ၊ တနင်္ဂနွေပဲ အပြင်ထွက် လည်ရတာပါ။ ဒါတောင် ပြစ်ဒဏ်ကျတဲ့ အပတ်ဆို အပြင်ထွက်ခွင့် မရပါဘူး။ တပ်ပြင်ထွက်ခွင့်ဆိုတာက လွယ်လွယ်ကူကူရတာတော့ မဟုတ်ပါဘူး။ ဒီလို ခက်ခဲတဲ့အလုပ်ကို တိုးနိုင်မန်း မမျှော်မှန်းပါဘူး။ ဘာလို့လဲဆိုတော့ သူက ညအချိန်ပဲ အပြင်ထွက်လည်တာပါ။ စစ်တက္ကသိုလ်မှာ ညဘက် အပြင်ထွက် ရင် ကြီးလေးတဲ့အပြစ်ပေးလေ့ ရှိပါတယ်။
တချို့ဆိုရင် ကျောင်းထုတ်ခံရပြီး တပ်ရင်းတပ်ဖွဲ့တွေကို ရဲဘော်အဖြစ် ပို့လေ့ရှိပါတယ်။ အဲဒါက တိုးနိုင်မန်း အတွက် တော့ မဟုတ်ပါဘူး။ ညဘက် အနှီ တိုးနိုင်မန်း အပြင်ထွက်ဖို့ နည်းပြမှူးချုပ်ဖြစ်တဲ့ ဒုတိယဗိုလ်မှူးကြီးယုလွင် ကိုယ်တိုင် သူ့ရဲ့ Isuzu Double Cap ကို ပေးရပါတယ်။ ပြီးတော့ သူ့ရဲ့ သမီးလေးကိုလည်း တိုးနိုင်မန်းနဲ့ နီးစပ်အောင် ပွဲထုတ်လေ့ ရှိပါတယ်။ ရည်ရွယ်ချက်ကတော့ သမက်ဖမ်းချင်တာပါပဲ။ အဆုံးမှာတော့ သမက်မရလိုက်တဲ့အပြင် သမီး ဗိုက်မထွက် လာအောင် မနည်းလုပ်လိုက်ရပါတယ်။ အော်… ဒါလည်း တဒုက္ခ။
ဗိုလ်လောင်း တိုးနိုင်မန်းက ညဘက်ဆိုရင် တပ်ပြင်ကို စီးတော်ယာဉ် ၂ စီးနဲ့ အမြဲထွက်လည်လေ့ရှိပါတယ်။ ဒုတိယ ဗိုလ်မှူးကြီးယုလွင်က သမက်မရလိုက်ပေမဲ့ စကခမှူးအဖြစ် ချီးမြှောက်တာတော့ ခံလိုက်ရရှာပါတယ်။ ဒါဘဲလေ တပ် ထဲမှာ မှန်ကန်တယ်ဆိုတဲ့စကား ခေတ်စားနေတာ ဆိုလိုရင်းက မှန်ရင် ကန်ခံရမယ်၊ ဇိမ်ချင်ရင် ငြိမ်နေပေတော့။ တတ် ရင်တော့ ငတ်ပြီပေါ့။ ထက်ရင်လည်း မျက်တော့တာပဲ။ နောက်တခါ ရှိသေးတယ် တိုးနိုင်မန်းရဲ့ ဖော်လန်ဖား သူငယ်ချင်း ဗိုလ်လောင်းတွေကို ကျောင်းက အရာရှိတွေခမျာ အပြစ်ရှိလို့ အပြစ်ပေးတဲ့အခါမှာတောင် တိုးနိုင်မန်း ရှေ့မှာ အပြစ်ပေး လို့မရပါဘူး။
လက်တွေ့ အဖြစ်အပျက်ကလေးတခု ပြောပြမယ်။ ၄၁/၄၂ ကျောင်းဆင်းခါနီး တိုးနိုင်မန်းရဲ့ သူငယ်ချင်းနှစ်ယောက် ည ဘက်မှာ အပြင်ခိုးထွက်ပါတယ်။ ည ၁ဝ နာရီခွဲလောက်မှာ တပ်ရင်းတခုလုံး Supply Check လုပ်ပြီး လူစစ်ပါတယ်။ အ ပြင်ခိုးထွက်တဲ့ တိုးနိုင်မန်းရဲ့သူငယ်ချင်း ဗိုလ်လောင်းနှစ်ယောက်ကို တပ်ခွဲမှူး ဗိုလ်မှူးတယောက်က တုတ်နဲ့ရိုက်ပြီး ဆုံး မပါတယ်။ အဲဒီအခါ တိုးနိုင်မန်းက “ဗိုလ်မှူး အဲဒီလို မရိုက်ပါနဲ့။ အဲဒါ ကျနော့် သူငယ်ချင်းတွေ” ဆိုပြီး ခပ်မာမာ ပြောပါ တယ်။ အဲဒီဗိုလ်မှူးလဲ ဗိုလ်လောင်းအများကြီး ရှေ့မှာဆိုတော့ တော်တော်ရှက်သွားပါတယ်။ ဒါကြောင့် ရှက်ရမ်းရမ်းပြီး ဟိုဗိုလ်လောင်း နှစ်ယောက်ကို “ရိုက်တယ်ကွာ၊ ရိုက်တယ်ကွာ” ဆိုပြီး အသားကုန် တီးပါတော့တယ်။
တိုးနိုင်မန်း ကိုလည်း “မင်းက ဗိုလ်လောင်း၊ ငါက အရာရှိကွ။ မင်း ငါ့ကို အမိန့်ပေးလို့ မရဘူး”စသည်ဖြင့် ဒေါကြီးမောကြီး ပြောပါတယ်။ ကျန်တဲ့ ဗိုလ်လောင်းတွေကတော့ အမှောင်ထဲမှာ ပြုံးမိကြပါတယ်။ ဘာလို့လဲဆိုတော့ တိုးနိုင်မန်းနေရာမှာ ဒီ့ပြင် ဗိုလ်လောင်းဆိုရင် နောက်တနေ့ မျက်နှာသစ်လို့မရအောင် စုတ်ပြတ်သတ်သွားမှာပါ။ အခုကျတော့ အရာရှိနဲ့ ဗိုလ် လောင်း အရပ်ထဲမှာ ရန်ဖြစ်နေသလိုပါပဲ။ ဒါပေမဲ့ အဲဒီဗိုလ်မှူးလဲ သိပ်မကြာလိုက်ပါဘူး။ တိုးနိုင်မန်း ကျောင်းဆင်းပြီး ၃ လလောက်အကြာမှာ မြောင်းထဲကို ပလုံစီပြီး မြုပ်သွားပါတော့တယ်။ ကျောင်းဆင်းပြီး ခြေလျင် တပ်ရင်းတခုကို ရောက် သွားတော့ အဖြစ်အပျက်ကလေးတခုကလည်း ယနေ့တိုင် မမေ့နိုင် အလျဉ်းသင့်လို့ ပြောပြချင်ပါသေးတယ်။
တပ်ရင်းမှူးရဲ့  သားနဲ့ နောက်တန်းမှူး ဗိုလ်မှူးရဲ့  သားက ကျောင်းမှာ အတန်းတူ ဖြစ်နေပါတယ်။ အတန်းပိုင် ဆရာမကို တပ်ရင်းမှူး အိမ်မှာ ခေါ်ပြီး စာသင်စေကာ လပတ်စာမေးပွဲမှာ မေးခွန်းရခဲ့ပေမဲ့ သားတော်မောင်က အဆင့်နံပါတ် (၂) ရ ပါတယ်။ အဆင့် နံပါတ် (၁) ကတော့ တကယ် စာတော်ပြီး တကယ် ကြိုးစားတဲ့ ဘာမေးခွန်းမှမရသော နောက်တန်းမှူး ဗိုလ်မှူးရဲ့သား ဖြစ်ပါတယ်။ တပ်ရင်းမှူးရဲ့သားက ဘာလုပ်တယ် ထင်ပါသလဲ။ နောက်တန်းမှူး ဗိုလ်မှူးသားရဲ့  စာအုပ် တွေကို သွားငှားပြီး မီးပုံရှို့လိုက်ပါတော့တယ်။ အဲဒီတော့ တပ်ရင်းမှူး ဇနီးမောင်နှံက သဘောတော်ကျပြီး ပြုံးရှာတာ အံ့ သြတကြီး မှတ်သားမိခဲ့ရပါတယ်။ တပ်ကြပ်ကြီး တယောက်ရဲ့ သားဆိုရင် စာတော်လိုက်တာမှ အနာဂါတ်ရဲ့  အဖူးအညွှန့် ကလေးပေါ့။ သူ့ခမျာ ငှက်ဖျားနဲ့ တပ်ရင်းအိမ်မှာ အလူးအလိမ့် ဖြစ်နေတုန်း တပ်ရင်းထဲက ကျောင်းကြို ပို့ကားက ဓာတ် ဆီ မရှိလို့တဲ့ ဒီကလေးကို ဆေးရုံပို့ဖို့ မတတ်နိုင်ဖြစ်ခဲ့ကြတယ်။
မိဘတွေမှာ တပ်ရင်းမှူးနဲ့ ဗိုလ်မှူး၊ ဗိုလ်ကြီးများကို မပြောရဲရှာဘူး။ အဲဒီ ကလေး ဘာဖြစ်သွားတယ် ထင်သလဲ၊ သေသွား တာပေါ့။ စစ်အာဏာရှင်စနစ်အောက်က အဖိနှိပ်ခံ စစ်သားများဆိုတဲ့ ခေါင်းစဉ်အောက်မှာ ရေးကြည့်ရင် တပုံတပင်ကြီး ပါ။ ဒါ့ကြောင့် သံဃာတော်တွေက လူအချင်းချင်း နှိပ်စက်ခြင်း ကင်းရှင်းကြပါစေလို့ မေတ္တာပို့တော့ သူတို့ နာရှာတာ။ အခုလည်း ဒေါ်အောင်ဆန်းစုကြည်ကိစ္စမှာ အပြစ်ရှိရင် လုံခြုံရေးယူထားတဲ့ သူတွေမှာသာ လုံးဝ တာဝန်ရှိတာ ရှင်းရှင်း လေးပါ။
သူတို့ကိုတော့ အရေးမယူတာ ဘာကြောင့်လဲ၊ စကားပုံ ဆိုတာကလည်း ဖြစ်တတ်လို့ ပညတ်ထားတာမို့ ဘုရားကား အောက် မျောက်ကားအထက်၊ ဖခင်ဗိုလ်ချုပ် (ဗိုလ်ချုပ် အောင်ဆန်း) မြင်လှည့်ချင်စမ်းပါဘိတော့။ တရားမျှတမှု၊ တန်း တူညီမျှမှု၊ လွတ်လပ်မှုတို့ဖြင့် ဒီမိုကရေစီ နိုင်ငံတော်ကြီး ပေါ်ထွက်မှသာ တိုင်းပြည်အတွက် အမှန်တကယ် အကျိုးရှိ သည်ဟု အလေးအနက် ယုံကြည်သည်။
ဗိုလ်အောင်မြေ
naytthit.net

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1