Tuesday, July 10, 2012

ပစိဖိတ်သမုဒ္ဒရာတွင် အပူပိုင်းမုန်တိုင်း အီမီးလီးရား ဖြစ်ပေါ်လျက်ရှိ

Ever November | 7/10/2012 12:48:00 PM | Best Blogger Tips

မက္ကဆီကိုနိုင်ငံ တောင်ပိုင်း ပစိဖိတ်သမုဒ္ဒရာတွင် ဇူလိုင် ၇ ရက်ညနေက အပူပိုင်းမုန်တိုင်း အီမီးလီးရား ဖြစ်ပေါ်လျက်ရှိပြီး အဆိုပါ မုန်တိုင်းသည် ဆက်လက်တည်ရှိနေမည်ဟု ခန့်မှန်းရကြောင်း အမေရိကန် မိုးလေ၀သပညာရှင်များက ပြောကြားသည်။ ၂၀၁၂ ဟာရီကိန်းမုန်တိုင်းရာသီ၏ ပဉ္စမမြောက် မုန်တိုင်းဖြစ်သည့် အီမီးလီးရားမုန်တိုင်းသည် မက္ကဆီကိုနိုင်ငံ တောင်ပိုင်း မန်ဇာနီလိုဒေသမှ ၅၈၀ မိုင်အကွာနှင့် မက္ကဆီကိုနိုင်ငံ တောင်-အနောက်တောင်ပိုင်း အက်ကာပူလ်ကိုဒေသမှ ၄၈၀ မိုင်အကွာတွင် ဖြစ်ပေါ်လျက်ရှိကြောင်း မိုင်ယာမီမြို့ရှိ အမျိုးသားဟာရီကိန်း မိုးလေ၀သပညာရှင်များက ည ၈ နာရီအချိန်တွင် ပြောကြားခဲ့သည်။ အဆိုပါ မုန်တိုင်းသည် တစ်နာရီလျှင် ၁၆ မိုင်နှုန်းဖြင့် အနောက်မြောက်ဘက်သို့ ရွေ့လျားလျက်ရှိပြီး လေတိုက်နှုန်းသည် တစ်နာရီလျှင် မိုင် ၄၀ နှုန်းဖြင့် တိုက်ခတ်နိုင်ကြောင်း သိရသည်။
 (အင်တာနက်)
khitlunge

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1