Sunday, July 29, 2012

ရိုဟင်ဂျာတွေကို ထပ်မံ လက်ခံဖို့ ဘင်္ဂလားဒေ့ရှ် ငြင်းဆို

Ever November | 7/29/2012 03:43:00 AM | Best Blogger Tips
၂၀၁၂ ခုနှစ် ဇွန်လက ဘင်္ဂလားဒေ့ခ်ျ လုံခြုံရေးတပ်ဖွဲ့ဝင်များ ကင်းလှည့်နေစဉ်။

မြန်မာနိုင်ငံကနေ ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို သူတို့ နိုင်ငံမှာ ထပ်မံလက်ခံဖို့  မဖြစ်နိုင်တော့ဘူးလို့  ဘင်္ဂလားဒေ့ရှ် ၀န်ကြီးချုပ် ရှိတ်ဟာဆီနာက ပြောပါတယ်။ 
မိမိတို့ နိုင်ငံအနေနဲ့ လက်ရှိမှာတင် မြန်မာနိုင်ငံကလာတဲ့ ရိုဟင်ဂျာ ၃ သိန်းကို ဒုက္ခသည်တွေ အဖြစ် လက်ခံထားရပါတယ်။ ထွက်ပြေးလာတဲ့ ဒုက္ခသည် မှန်သမျှကို လက်ခံဖို့ လည်း မိမိတို့  ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ တာဝန်မရှိပါဘူးလို့  ၀န်ကြီးချုပ် ရှိတ်ဟာဆီနာ က ပြောကြောင်း အယ်ဂျာဇီရား သတင်းမှာ ဖေါ်ပြထားပါတယ်။
ဒီအတောအတွင်းမှာပဲ ရခိုင်ပြည်နယ်မှာ မကြာသေးခင်က  ဖြစ်ပွားခဲ့တဲ့ ပြဿနာတွေကို  မြန်မာအစိုးရ လုံခြုံရေးတပ်ဖွဲ့ တွေက နှိမ်နင်းရာမှာ မမျှမတ  ခွဲခြားဆက်ဆံမှုတွေ ရှိခဲ့တယ်ဆိုတဲ့ သတင်းတွေကို မိမိတို့ ရရှိနေကြောင်း ကုလသမဂ္ဂ လူ့ အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး နာဗီ ပီလေ (Navi Pillay) က မနေ့ က ပြောဆိုလိုက်ပါတယ်။
အကြမ်းဖက် လုပ်ရပ် ကျူးလွန်မှုတွေကို တားဆီးအပြစ်ပေးဖို့ လည်း Ms. Navi Pillay က မြန်မာအစိုးရကို တိုက်တွန်းလိုက်ပါတယ်။ ရိုဟင်ဂျာတွေနဲ့ ပတ်သက်ပြီး မြန်မာအစိုးရ နဲ့  သတင်းမီဒီယာတချို့  အပြင် လူမှုရေး ကွန်ယက် စာမျက်နှာတွေမှာ ရင့်သီးပြင်းထန်တဲ့ အသုံးအနှုံး သုံးစွဲမှုတွေအပေါ်  သူ့အနေနဲ့  စိုးရိမ်ပူပန်မိတယ်လို့ လည်း ဆိုပါတယ်။
ဒါ့အပြင် လူ့ အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် မစ္စတာ ကင်တားနား (Tomas Ojea Quintana) ကို လာမဲ့  ၃၀ ရက်နေ့ ကနေ သြဂုတ်လ ၄ ရက်နေ့ အထိ  မြန်မာနိုင်ငံကို လာရောက်ဖို့  မြန်မာအစိုးရရဲ့ ဖိတ်ကြားချက်ကို Ms. Navi Pillay က ကြိုဆိုလိုက်ပါတယ်။ မစ္စတာ ကင်တားနားရဲ့ အဲဒီခရီးစဉ် အတွင်း ရခိုင်ပြည်နယ်က ဖြစ်ရပ်တွေမှာ ထိခိုက်နစ်နာဆုံးရှုံး ရသူအားလုံးအနေနဲ့ မစ္စတာ ကင်တားနားကို လွတ်လပ်စွာ တွေ့ ဆုံပြောဆိုခွင့် ရရှိဖို့  အရေးကြီးကြောင်းလည်း ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာ မဟာမင်းကြီးက ပြောဆိုပါတယ်။
RFA

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1