Sunday, July 15, 2012

ခလရ (၂၀)တပ်ရင်းမှ ဗိုလ်မှူး ဦးမင်းသိန်းထွန်းအား ပလက်ဝမြို့နယ်မှ မုဒိန်းမှုဖြင့် တရားစွဲ

Ever November | 7/15/2012 08:14:00 PM | Best Blogger Tips

ရခိုင်ပြည်နယ် ပလက်ဝမြို့နယ်တွင် ခလရ (၂၀) စစ်ကြောင်းမှူး ဗိုလ်မှူး ဦးမင်းသိန်းထွန်းအား ဂူဝကျေးရွာ (ခမီးအုပ်စု)မှ မုဒိန်းမှုဖြင့် တိုင်ကြားတရားစွဲဆိုထားရာ ယခုလတတိယအပတ်ထဲတွင် စစ်ဆေးရန်ရှိကြောင်း သိရှိရသည်။
ပလက်ဝမြို့နယ် ဂူဝကျေးရွာ (ခမီးအုပ်စု)မှ အလယ်တန်းပြကျောင်းဆရာမ ဒေါ်နုနုခင်မှတဆင့် တရားစွဲဆိုခြင်းဖြစ်ပြီး အမှုအား စစ်ဆေးမေးမြန်းရန် စစ်တွေ တရားရုံးတော်သို့ ဇူလိုင် ၁၅ ရက်နေ့အရောက် သက်သေထွက်ဆိုဖို့ ခေါ်ယူထားကြောင်း ဒေါ်နုနုခင် အသိုင်းအ၀ိုင်းမှ ပြောသည်။
အတင်းအဓမ္မမ မုဒိန်းမှုပြုကျင့်ခံရတဲ့ မိန်းခလေးကို ပြောဖို့အတွက် သည်းခံပါရှင်၊ ဟုတ်ကဲ့ခမီးအမျိုးသမီးလေးပါ၊ ဆရာမ နုနုခင်ကို ၁၅ ရက်နေ့ စစ်တွေသို့အရောက် ခေါ်ထားပါတယ်၊ အဲဒီကိုရောက်တာနဲ့ ဒကစ(ဒေသကွပ်ကဲရေးမှူး) ကိုအသိပေးပြီး စစ်တပ်တရားခုံရုံးမှာ စစ်ဆေးဖို့သိရပါတယ်၊ တိုင်ကြားထားတာက ဖေဖေါ်ဝါရီလကတည်းက ဖြစ်ပါတယ်၊ ကျမတို့သိရသလောက် အဲဒီ ဗိုလ်မှူး မင်းသိန်းထွန်းကိုတော့ စစ်အကျဉ်းထောင်မှာ ချုပ်ထားတယ်လို့ သိရပါတယ်၊ ဆရာမဦးဆောင်ပြီးတော့ စစ်တွေသို့လာကြမှာ ဖြစ်ပါတယ်။ ” ဟု အမည်မဖေါ်လိုသူ ဆရာမအသိုင်းအ၀ိုင်းက ရှင်းပြခြင်းဖြစ်သည်။
ပလက်ဝမြို့နယ်အခြေစိုက် စစ်ဗျူဟာ ၃ သို့ ဂူဝကျေးရွာမှ တိုင်ကြားထားခြင်းဖြစ်ပြီး ၎င်းဗျူဟာမှ စစ်တွေမြို့ ဒကစ(ဒေသကွက်ကဲရေးမှူး) သို့တဆင့် အစီရင်ခံတင်ပြခဲ့ရာမှ ယခုကဲ့သို့ အရေးယူစစ်ရေးရန် ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း သိရှိရသည်။
ဗိုလ်မှူး ဦးမင်းသိန်းထွန်းမှာ ပလက်ဝမြို့နယ် အနောက်ခြမ်းနှင့် မြောက်ခြမ်းတို့တွင် လုံခြုံရေး၊ စည်းရုံးရေးနှင့် နယ်မြေစိုးမိုးရေး တာဝန်ဖြင့် လှုပ်ရှားနေသော စစ်ကြောင်းမှူးဖြစ်ပြီး ခလရ (၂၀) မှာ စစ်တွေမြို့သလုံးတော်ဓါတ် ဘုရားကြီးရှေ့တွင် အခြေစိုက်သော တပ်ရင်းဖြစ်သည်။
ယင်းပလက်ဝမြို့နယ် ခလရ (၂၀) စစ်ဆင်ရေးစစ်ကြောင်းကို ဗိုလ်မှူး မျိုးမင်းထွန်းအား အစားထိုးတာဝန်ပေးထားကြောင်းနှင့် စစ်ဗျူဟာ (၃) မှ ကွက်ကဲလျက်ရှိကြောင်း သိရှိရသည်။
Arakan Times
 

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1