၂၀၁၂ ခုနှစ် ဇူလိုင်လ ၂၆ ရက်က နေပြည်တော်တွင် ပြည်သူ့လွှတ်တော် အစည်းအဝေး ကျင်းပနေစဉ်။
ပျဉ်းမနား နေပြည်တော်မှာ ကျင်းပနေတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ 
မြို့နယ်၊ ကျေးရွာ အုပ်ချုပ်ရေး အဆင့်တွေအတွက် ပြည်သူလူထုက 
ရွေးချယ်လိုက်တဲ့ အမျိုးသမီးတွေကို တင်မြှောက်ပိုင်ခွင့် ရှိ မရှိဆိုတဲ့ 
မေးခွန်းကို ဖလုံဆဝေါ ပါတီရဲ့ 
ဘားအံမြို့နယ် မဲဆန္ဒနယ်မြေ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းဆေအွာက 
တင်သွင်းခဲ့ပါတယ်။
လက်တွေ့အခြေအနေမှာ အမျိုးသမီးတွေရဲ့ အခွင့်အရေး တန်းတူရပိုင်ခွင့်ဟာ
 အားနည်းနေသေးတာကြောင့် ဒီမေးခွန်းကို လွှတ်တော်မှာ တင်ပြရတာဖြစ်တယ်လို့ 
ဒေါ်နန်းဆေအွာက RFA ကိုပြောပါတယ်။
ဒီမေးခွန်းနဲ့ ပတ်သက်လို့ ပြည်ထဲရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး 
ဗိုလ်မှူးချုပ် ကျော်ဇံမြင့်က ပြန်လည်ဖြေဆိုရာမှာ သတ်မှတ် အရည်အချင်းနဲ့ 
ပြည့်မီတယ်ဆိုရင် အမျိုးသားဖြစ်စေ၊ အမျိုးသမီး ဖြစ်စေ ရပ်ကွက် သို့မဟုတ် 
ကျေးရွာ အုပ်ချုပ်ရေးမှူး အဖြစ်  ရွေးချယ်ခံပိုင်ခွင့် ရှိတယ်လို့ ပြန်လည် 
ဖြေဆိုသွားပါတယ်။
လက်ရှိ လွှတ်တော်တွင်း အမျိုးသမီး လွှတ်တော် ကိုယ်စားလှယ်ဦးရေ စုစုပေါင်းဟာ ၁၂ ရာခိုင်နှုန်းပဲ ရှိပါသေးတယ်။
RFA 

No comments:
Post a Comment