In-cell display နည်းပညာအသုံးပြုထားသည့် ပိုမိုပါးလွှာသော iPhone သစ်များကို Apple တင်ပို့ရောင်းချမည်
အသစ်ထွက်ပေါ်မည့် မျိုးဆက်သစ် iPhone တွင် in-cell display 
နည်းပညာများကို အသုံးပြုထားပြီး ၎င်းကို LG, Japan Display နှင့် Sharp တို့၏ 
display များနှင့် ပေါင်းစပ်ထုတ်လုပ်ဖွယ်ရှိကြောင်း Wall Street Journal 
မှဖော်ပြခဲ့သည်။
In-cell display များသည် touch screen နှင့် LCD display panel များကို 
panel တစ်ခုတည်းအဖြစ် ပေါင်းစပ်ထားသည့်အတွက် display အရည်အသွေးကို 
မြှင့်တင်စေသလို ထုတ်ကုန်၏အထူကိုလည်း လျော့စေနိုင်ကြောင်း သိရသည်။ LG, 
Sharp နှင့် Sony, Hitachi, Toshiba တို့ကိုပေါင်းစပ်ထားသည့် Japan Display
 တို့သည် အဆိုပါ display များကို အလုံးအရင်းဖြင့် ထုတ်လုပ်လျက်ရှိပြီး 
လာမည့်ဆောင်းဦးရာသီတွင် တင်ပို့ရောင်းချမည်ဖြစ်ကြောင်း Apple 
မှပြောကြားခဲ့သည်။ အဆိုပါ display နည်းပညာသည် ထုတ်ကုန်၏အလေးချိန်ကိုလည်း 
လျှော့ချပေးနိုင်ပြီး အရွယ် အစားကြီးမားသည့် ဘက်ထရီကိုလည်း 
ထည့်သွင်းအသုံးပြုနိုင်စေသည်ဟု သိရသည်။ LCD အတွင်း touch sensor များကို 
ပေါင်းစပ်ထည့်သွင်းထားသည့် ၎င်းနည်းပညာသည် သီးခြား touch-screen layer 
မလိုအပ်ဘဲ အသုံးပြုနိုင်စေသည့်အတွက် အထူ မီလီမီတာဝက်ခန့် 
လျော့ကျစေသည့်အပြင် ပုံရိပ်ဖော်ပြမှုအရည်အသွေးကိုလည်း 
မြှင့်တင်ပေးနိုင်ကြောင်း Display Search မှလေ့လာဆန်းစစ်သူ Hiroshi Hayase 
ကပြောကြားခဲ့သည်။ရေးသားသူ -နောင်နောင်
Internet Journal  
 
 
 
          
      
 
  
 
 
 
 
 
 
 
 
 
 
 
No comments:
Post a Comment