Friday, July 27, 2012

မြန်မာနိုင်ငံဝန်ကြီးများမှစ၍ Capacity Training တက်ရန်လိုကြောင်း ဟားဗတ်တက္ကသိုလ်ပညာရှင်များ အကြံပြုပြောကြား

Ever November | 7/27/2012 08:40:00 PM | Best Blogger Tips


မြန်မာနိုင်ငံ၏ Capacity သည် အခြားသော ကမ္ဘာ့နိုင်ငံ များနှင့် နှိုင်းယှဉ်ပါက အလွန် နိမ့်ကျလျက်ရှိနေသည့်အတွက် အစိုးရ၀န်ကြီးများမှစ၍ Democracy Training, Capacity Training စသည်တို့အား သင်ကြား လေ့လာရန် လိုသည်ဟု ဟားဗတ်တက္ကသိုလ် ပညာရှင် များ၏ ပြောကြားအကြံပြုချက် အား ရထားပို့ဆောင်ရေး ၀န်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးဦးအောင်  မင်း၏ ပြောကြားချက်အရသိရှိရ သည်။
““ဟားဗတ်တက္ကသိုလ်ကပညာ ရှင်တွေက ပြောတယ်။ ဦးအောင် မင်း၊ ခင်ဗျားတို့ကိုယ် ခင်ဗျားတို့ အထင်မကြီးပါနဲ့။ ခင်ဗျားတို့မှာ Capacity မရှိဘူး။ သူတို့ပြော တာက Capacity နောက်တစ်ခု။ အဲဒီပညာရှင်တွေက ဘာပြော သလဲဆိုတော့  ခင်ဗျားတို့မှ Capacity မရှိတဲ့အတွက် ပြဿနာ တွေနဲ့ တွေ့တဲ့အခါမှာ မဖြေရှင်း နိုင်တော့ဘူး။ လွယ်လွယ်လေးနဲ့ ဖြေရှင်းရမယ့်ပြဿနာတွေကိုမဖြေ ရှင်းတတ်တော့ယာယီ ပြဿနာ တွေဖြစ်လာရော။ ဒီအတွက် ခင်ဗျားတို့အနေနဲ့ Democracy Training တို့ ၊ Capacity Training တို့ ၊ Capacity Building တို့ လုပ်ရမယ်။ အဲဒီတော့ ပညာရှင် တွေက ပြောတယ်။ သူတို့အနေနဲ့ အားနာလို့ မပြောတာတဲ့။ သူက ပြောတယ်။ခင်ဗျားတို့ဝန်ကြီး တွေကစပြီး Democracy Training တို့ Capacity Building တို့ကို စတက်ရမယ်တဲ့။ သူ ပြောတာကို ကျွန်တော့်အနေနဲ့ စိတ်မဆိုးပါ ဘူး။ ဒီလို Democracy Training အကြောင်းပြောတော့ Egress အကြောင်း ပြောချင်တယ်။ Egress အနေနဲ့ က ပါတီမထောင်ဘူး။ နိုင်ငံရေး မလုပ်ဘူး ဆိုပြီး ကြေညာထား ပြီးသား။ သူက ဒီမှာ ဒီမိုကရေစီ Training တွေပေးပြီး ပညာရှင် တွေမွေးထုတ်ပေးနေတာပါတဲ့။ အဲဒီတော့ ၂၀၁၀ ရွေးကောက်ပွဲ မတိုင်ခင် လောက်တုန်းကစပြီး Egress  နဲ့ ကျွန်တော်တို့ အပေး အယူလုပ်ပါတယ်။ အထူးသဖြင့် ဒေါက်တာနေ၀င်းမောင်ပေါ့ဗျာ။  ဒေါက်တာနေ၀င်းမောင်က သူနဲ့ ကျွန်တော်နဲ့စပြီး ကျွန်တော်က ပြောရေးဆိုခွင့်ရှိတယ်။ ပညာမရှိ ဘူး။ ခင်ဗျားကပညာရှိတယ်။ ပြောရေးဆိုခွင့်မရှိဘူး။ ဒီတော့ ကျွန်တော်တို့နှစ်ယောက်ပေါင်း လိုက်ရင် ပညာလည်းရှိမယ်။ ပြောရေးဆိုခွင့်လည်းရှိမယ်။ ပြော သမျှမှာလည်း ပညာပါမယ်။ကျွန် တော်တို့ အနေနဲ့ကလည်း ပညာ ရှင်တွေကိ သိပ်အားကိုးပါတယ်”” ဟု ရထားပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးအောင်မင်း က ဇူလိုင်လ ၂၂ ရက်နေ့ နိုင်ငံ ရေးပါတီများမှ တာဝန်ရှိသူများ နှင့် တွေ့ဆုံစဉ် ပြောကြားသွားခဲ့ သည်။
ကမ္ဘာကျော် ဟားဗတ်တက္က သိုလ်ရှိ စီးပွားရေးပညာရှင်များ၏ အကြံပြုဝေဖန်ချက်များအရ မြန်မာနိုင်ငံ၏ Capacity (တာဝန် နှင့်လျော်ညီသော အလုပ်လုပ်နိုင် စွမ်း)သည် အခြားသော ကမ္ဘာ့ နိုင်ငံများ၏ Capacity နှင့် နှိုင်း ယှဉ်ပါက နိုင်ငံ ၁၆၀ ၌အဆင့် ၁၅၀ ၌ ရှိနေကြောင်း သိရှိရပြီး Capacity Building, Democracy Training, Capacity Training   တို့အား အစိုးရ၀န်ကြီးများမှ စ၍ လေ့လာတက်ရောက်ရန် လိုသည်ဟု ပြောကြားခဲ့ကြောင်း လည်း ပြည်ထောင်စုဝန်ကြီးဟု ပြောပြချက်မှ တစ်ဆင့် သိရှိရ သည်။
ခန့်ခန့် (ဒဿနိက)
Hot News Journal 

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1