Tuesday, July 24, 2012

CNID၏ အမြင့်ဆုံး ဂုဏ်ပြုဆုကို လက်ခံရယူမည့် မော်ရင်ဟို

Ever November | 7/24/2012 06:51:00 PM | Best Blogger Tips
CNID၏ အမြင့်ဆုံး ဂုဏ်ပြုဆုကို လက်ခံရယူမည့် မော်ရင်ဟို
ရီးရဲလ်အသင်း၏ နည်းပြ မော်ရင်ဟိုသည် သူ၏ ဘောလုံးလောတွင် ရရှိခဲ့သော အောင်မြင်မှုများကြောင့် ပေါ်တူဂီ အားကစား ကလောင်ရှင်များ အဖွဲ့ (CNID)မှ ချီးမြှင့်မည့် Fernando Soromenho Prestige Awardဆုအား လာမည့် သောကြာနေ့တွင် လက်ခံယူရမည် ဖြစ်သည်။
အသက် (၄၉)နှစ် အရွယ်ရှိ မော်ရင်ဟိုသည် ယင်းဂုဏ်ပြုဆုအား လစ်ဘွန်းမြို့ရှိ ပတ်စ်တာနာ ပဲလေ့စ်ဟိုတယ်တွင် လက်ခံရယူမည် ဖြစ်ကာ သတင်းစာ ရှင်းလင်းပွဲကိုလည်း ပြုလုပ်မည် ဖြစ်သည်။ (၁၉၆၇)ခုနှဏ်မှ စတင်ပေးအပ်ခဲ့သည့် ယင်းဆုသည် CNIDမှ ချီးမြှင့်သည့် အမြင့်ဆုံး ဂုဏ်ပြုဆုလည်း ဖြစ်သည်။
နည်းပြဘ၀အား (၂၀၀၀)ခုနှစ်တွင် ဘင်ဖီကာ အသင်းနှင့် စတင်ခဲ့သည့် မော်ရင်ဟိုသည် (၁၂)နှစ်တာ ကာလအတွင်း အောင်မြင်မှု ဆုဖလားများစွာ ရယူနိုင်ခဲ့သူ ဖြစ်သည်။ 
soccer weekly

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1