Thursday, August 16, 2012

16.8.2012 မှ 22.8.2012 အထိ (၇) ရက်သားသမီး ဟောစာတမ်း

Ever November | 8/16/2012 11:53:00 AM | Best Blogger Tips
တနင်္ဂနွေ
          စွန့်စားမှု စူးစမ်းမှု များ သုတေသနပြုမှု များ၊ စာမေးပွဲ ဖြေဆိုမှုများအောင်မြင်မည်။ အင်တာဗျူးဖြေ ဆိုသူများ မုချအောင်မြင်မည်။ လုပ်ငန်းပြောင်းခြင်း လုပ်ငန်းသစ် လျှောက်ခြင်းများ အောင်မြင်မည်။ အချစ်ရေးမှာ စိတ်ဝမ်းကွဲ သဘောထားကွဲလွဲခြင်း နှင့် ချောင်းကိုပစ်ပြီး မြစ်ကိုရှာသူများပြန်ရောက်လာပါမည်။ အငယ်အနှောင်းရကိန်းရှိသော ကိန်းပေါ်နေ၍ အိမ်ထောင်ရှင်တို့ စန်းပွင့်ကြမည်။ သို့သော် စီးပွားရေးမှာ ငွေပေးချေးခြင်း ရှယ်ယာလုပ်ခြင်းတို့ ဂရုစိုက်ပါ။ အလိမ်ခံရကိန်းရှိသည်။ ခရီးယာယီသွားရမည်။
 
အကျိုးပေးဂဏန်း         - ၁၊ ၆၊ ၉။
အထူးဟော               -ကံကောင်းသောကာလဖြစ်ပါသည်။
ယတြာ                     - တနင်္ဂနွေ နေ့တွင် အိုးအသစ်ဖြင့် ရေသန့်ထည့်ပြီး အိမ်ဘုရားကို ကပ်ပါ။
 
တနင်္လာ
 
          မျှော်လင့်ချက်တွေ ရည်မှန်းချက်တွေ အကောင်အထည်ဖော်အောင်မြင်ပါလိမ့်မည်။ သို့သော် တစ်ကြိမ် နှင့် မပြီးတတ်ပါ။ ကြိမ်ကြိုးစားမှု့တော့ ဖြစ်တတ်ပါသည်။ ခြေ လက်တို့ နာကျင်မှု့ဖြစ်မည်။ ထီပေါက် မဲပေါက် ဖြစ်မည်။ ဆုငွေ ရကိန်းရှိသည်။ ဆန္ဒစောပြီး  မပြောသင့်ပါ မလုပ်သင့်ပါ မယုံသင့်ပါ။ ဒေါသ မထွက်သင့်ပါ။ ရန်သူက မိတ်ဆွေကောင်းဖြစ်ပြီး မိတ်ဆွေကောင်းဟု ထင်ရသူက ရန်သူဖြစ်ပွားတတ်ပါသည်။ အချစ်ရေး အိမ်ထောင်ရေးမှာ စိတ်ရှုပ်ပြီးမှ စိတ်ချမ်းသာရလိမ့်မည်။ ခရီးယာယီ မြင်သည်။ သားချင်း ဆွေမျိုးအတွက် စိတ်ရှုပ်ရတတ်သည်။
 
အကျိုးပေးဂဏန်း         - ၃၊ ၆၊ ၉။
အထူးဟော               - စဉ်းစားပြီးမှ ဆုံးဖြတ်ပါ။
ယတြာ                     - အိမ်ဘုရားကို တနင်္လာနေ့နံနက်တွင် ကံကော် ၁၅ ညွန့် ကပ်လှူပါ။
 
အင်္ဂါ
                   လက်အောက်ငယ်သား (သို့မဟုတ်) ငယ်သောသူ တို့ မလေးမစား ဆက်ဆံမှု့ ပြန်ပြောမှုတို့ကြောင့် စိတ်ဆင်းရဲမှု့တို့ဖြစ်မည်။  လမ်းကြောင်းပြောင်းခြင်း အလုပ်ပြောင်းခြင်း ဖြစ်လျှင်ကောင်းမည်။ ၀မ်းဗိုက် ဂရုစိုက်ပါ။ ခြေ  လက် ဂရုစိုက်ပါ။ ခိုက်မိတတ်ပါသည်။ ခရီးယာယီသွားရမည်။ ငွေကြေးကိစ္စဖြေရှင်းရမည်။ မရောက်ဘူးသောနေရာရောက်မည်။ လုပ်ငန်းတာဝန်ပြောင်းလဲလုပ်ကိုင်ရမည်။ အချစ်ရေးမှာ တစ်ယောက်မက စွဲလန်းမှု ဖြစ်မည်။ အိမ်ထောင်ရှိသူတို့ အငယ်အနှောင်းပေါ်မည်။ စီးပွားရေး ကိုရှယ်ယာမလုပ်သင့်ပါ။ ရှယ်ယာနှင့်ကွဲတတ်ပါသည်။

အကျိုးပေးဂဏန်း         - ၃၊ ၅၊ ၀။
အထူးဟော               - အတိုက်အခံ ကြုံမည်။ ကျော်နိုင်မည်။
ယတြာ                     - အင်္ဂါနေ့တွင်အိမ်ဘုရားကို အောင်သပြေ () ညွန့်ကပ်ပါ။
 
ဗုဒ္ဓဟူး
 
          ရည်ရွယ်ချက် တွေများနေမည်။ တခုပြီးမှ တခုလုပ်ပါ။ အောင်မြင်လာပါမည်။ ရည်ရွယ်ချက် အားလုံးကို တပြိုင်နက်တည်း မလုပ်သင့်ပါ။ ငွေကြေးအပြောင်းအလဲ အလဲအဖယ်တွေ လုပ်ဖြစ်မည်။ ဆိုင်ကယ် ကား ဂရုစိုက်မောင်းပါ။ ပွတ်တိုက်မိတတ်ပါသည်။ ရည်းစား၊ချစ်သူ စွဲလန်းသူ တွေ့မည်။ ခရီးဝေး ယာယီ သွားရမည်။ လမ်းခရီး အန္တရာယ်မရှိပါ။ အလုပ်ရကိန်းမြင်သည်။ အလုပ်ပြောင်းလဲမှုဖြစ်မည်။  လက်ဆောင်ရမည်။ ပစ္စည်းပျောက်ကိန်းရှိသည်။ ပြန်တွေ့မည်။
 
အကျိုးပေးဂဏန်း         - ၄၊ ၂၊ ၇။
အထူးဟော               - အတိုက်အခံတွေ ကြုံရတတ်သည်။
ယတြာ                     - ဗုဒ္ဓဟူးနေ့တွင် ဘုရားကို ရေသက်စေ့ သပ္ပာယ်ပါ လိုရာဆုပန်ပါ။
 
ကြာသပတေး
 
          အဝေးမိတ်ဆွေအကူအညီရမည်။ မိတ်ဆွေသစ်တွေ များလာမည်။ အလုပ်အကိုင်ကိစ္စ စီးပွားရေးကိစ္စများ အပေါင်းအသင်းမိတ်ဆွေအကူအညီဖြင့်အောင်မြင်မည်။ခရီးဝေးသွားရမည်။ခရီးလမ်းအန္တရာယ်မရှိပါ။ငွေဝင်ငွေထွက်များမည်။   ရွှေ စက်တို့ ၀င်ထွက်မည်။ ဆွေမျိုးသားချင်းအတွက် စိတ်ရှုပ်ရတတ်သည်။ အချစ်ရေး အိမ်ထောင်ရေးကောင်းသည်။ စိတ်ဝမ်းကွဲနေသောသူနှင့် ပြန်ပြေလည်မည်။ စပ်တူစီးပွားရေးကောင်းသည်။
 
အကျိုးပေးဂဏန်း         - ၀၊ ၁၊ ၅။
အထူးဟော               - ကံကောင်းမည်။
ယတြာ                     - ကြာသပတေးနေ့နံနက်တွင် ဘုရားကို သပြေပန်း (၁၉) ညွန့် ကပ်လှူပါ။
 
သောကြာ
          သံယောဇဉ်ကြီးခြင်း သ၀န်တိုခြင်း တို့ကြောင့် ချစ်သူနှင့် အဆင်မပြေဖြစ်မည်။ အထင်လွဲ စွပ်စွဲမှု တို့ကြောင့် ပြသာနာတက်မည်။ မသေချာ မရေရာ ပြောဆိုလုပ်ကိုင်မှုကြောင့် လူခင်ခြင်းစိတ်ဝမ်းကွဲတတ်သည်။ ခြေ၊လက် ခိုက်မိတတ်သည်။ စာမေးပွဲ အင်တာဗျူးအောင်မြင်မည်။ သင်၏ တယူသန်မှုကိုဆင်ခြင်ပါ။ တဇွတ်ထိုးလုပ်ကိုင်မှုဆင်ခြင်ပါ။
 
အကျိုးပေး ဂဏန်း        - ၂၊ ၆၊ ၉။
အထူးဟော               - အောင်မြင်မှုများမည်။
ယတြာ                     - သောကြာနေ့တွင် အိမ်ဘုရားကို သစ်သီး မျိုးလှူပါ။
 
စနေ
          မရည်ရွယ်ပဲ စော်ကဲ မင်းဖြစ်ကိန်းရောက်နေသည်။သင်၏ ကံကောင်းသည်။ စောင့်ရှောက်သူ ကူညီသူ မစသူ ပေါ်မည်။ အလုပ်အကိုင်ရမည်။ အဆင်ပြေမည်။ ၀င်ငွေကောင်းမည်။ လစာကောင်းမည်။ အချစ်ရေးကောင်းသည်။ ခရီးဝေးသွားရမည်။ စီးပွားရေး လူမှုရေး အချစ်ရေး ပညာရေး အားလုံးကောင်းနေသော ကာလဖြစ်သည်။ စပ်တူလုပ်ငန်းအကျိုးပေးသည်။ မလိုသူပေါ်မည်။ အတိုက်အခံကြုံမည်။ ကျော်နိုင်မည်။
 
အကျိုးပေးဂဏန်း         - ၃၊ ၅၊ ၇။
အထူးဟော               -ကံကောင်းသည်။
ယတြာ                     - စနေနေ့တွင် စနေနံဘုရားကို ဒန်းညွန့် ညွန့် ကပ်လှူပါ။
ဒေါက်တာထွန်းလင်း( ဘုတလင် )

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1