Thursday, August 16, 2012

သီလဝါစီးပွားရေးဇုန်တွင် ဂျပန်ကုမ္ပဏီများ ရင်းနှီးမြှုပ်နှံ အကောင်အထည်ဖော်မည် ဟုဆို

Ever November | 8/16/2012 11:30:00 AM | Best Blogger Tips

နိုင်ငံတကာမှ စီးပွားရေး လုပ်ငန်းရှင်များ ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားလျက် ရှိသော သီလဝါအထူး စီးပွား ရေးဇုန်ကို မြန်မာနိုင်ငံမှ ပုဂ္ဂလိက လုပ်ငန်းရှင်နှင့် ဂျပန်နိုင်ငံမှ ကုမ္ပဏီတို့ ပူးပေါင်း၍ အကောင်အထည် ဖော်မည် ဖြစ်ကြောင်း ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ စက်မှု လက်မှုနှင့် ကုန်သည်များ အသင်းချုပ် ဥက္ကဋ္ဌ ဦးဝင်း အောင်က အတည်ပြု ပြောကြားသည်။
အဆိုပါ အထူးစီးပွားရေး ဇုန်သည် ဟက်တာနှစ်ထောင့်လေးရာ ခန့်မြေအကျယ်အဝန်းရှိပြီး မြန်မာနိုင်ငံမှလုပ်ငန်းရှင်များက ငါးဆယ်တစ်ရာခိုင်နှုန်းနှင့် ဂျပန်နိုင်ငံမှ လေး ဆယ့်တစ်ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံရန်သဘောတူညီထားကြောင်း ဦးဝင်းအောင်က ဆက်လက်ပြောကြားသည်။ “ကျွန်တော်တို့ရဲ့ အသင်းအဖွဲ့တွေ ပါဝင်လို့ရအောင် ရှယ်ယာလည်းဝင်လို့ရအောင် အများပိုင်ကုမ္ပဏီ တည်ထောင်မယ်”ဟု ဦးဝင်းအောင်က ဩဂုတ်လ ၁၁ ရက်နေ့တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံစက်မှု လက်မှုနှင့်ကုန်သည်များ အသင်းချုပ်၌ကျင်းပပြုလုပ်သော သီလဝါအထူးစက်မှုဇုန်နှင့် ပတ်သက်၍လုပ်ငန်းရှင် များသို့ အသိပေးခြင်းအခမ်းအနားတွင် ယင်းသို့ပြောကြားခြင်းဖြစ်သည်။
“ကျွန်တော်တို့ အနေနဲ့ ဒီစီမံကိန်းနဲ့ ပတ်သက်ပြီး ရေရေရာရာမသိသေးဘူး။ Physical Study လည်း မရှိသေးဘူး”ဟု မြန်မာနိုင်ငံ ဆန်စပါး အသင်းမှ ဥက္ကဋ္ဌ ဦးချစ်ခိုင်က ဆိုသည်။ ယင်းစီးပွားရေး အထူးဇုန်တွင် မြန်မာနိုင်ငံမှလုပ်ငန်းရှင်များ စုပေါင်း ရင်းနှီးမြှုပ်နှံရန်အတွက် အများပိုင် ကုမ္ပဏီတည်ထောင်သွားမည်ဖြစ်ပြီး မည်သည့် စီးပွားရေးလုပ်ငန်းရှင်မဆို ရင်းနှီးမြှုပ်နှံနိုင်ကြောင်း ၄င်းကရှင်းပြသည်။
“အများပိုင် ကုမ္ပဏီ ဆိုတာတော့ ဖွဲ့စည်းသင့်ပါတယ်။ အာဆီယံမှာ ယှဉ်ပြိုင်နိုင်ဖို့ အတွက်ပါ”ဟု မြန်မာနိုင်ငံဆီကုန်သည်များအသင်းမှ တွဲဖက်အတွင်းရေးမှူး ဦးဆန်းလင်းက ပြောကြားသည်။
မင်းသူရ
Venus News

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1