Thursday, August 16, 2012

ဘင်္ဂါလီဒုက္ခသည်စခန်းရောက် ဟိန္ဒူ(၉၈)ဦးအား စစ်တွေသို့ ပြန်လည်ပို့ဆောင်

Ever November | 8/16/2012 11:56:00 AM | Best Blogger Tips
ဘင်္ဂလီဒုက္ခသည်စခန်းသို့ရောက်ရှိသွားကြသည့် မီးဘေးသင့်ဟိန္ဒူဘာသာဝင် (၉၈)အားဦးကို သက်ဆိုင်ရာက စစ်တွေမြို့သို့ ယနေ့ (သြဂုတ်လ-၁၅)ရက်နေ့တွင်ပြန်လည်ပို့ဆောင်ပေးလိုက်ကြောင်း သတင်းရရှိသည်။

ဇွန်လအတွင်းက  ပဋိပက္ခများကြောင့် ဟိန္ဒူဘာသာဝင်အချို့ဘင်္ဂလီဒုက္ခသည်စခန်းသို့ ပို့ဆောင်ခံရပြီးနောက် ၄င်းတို့၏တောင်းဆိုမှုကြောင့် (၂)လအကြာတွင် စစ်တွေမြို့သို့ပြန်လည်ပို့ဆောင်ပေးလိုက်ခြင်းဖြစ်သည်။

“လူဦးရေက(၉၈)ယောက်ပါ၊ သူတို့အရင်က စက်ရုံစုရပ်ကွက်အကွက်(၁၀)/(၁၁)မှာ နေခဲ့ တယ်။ ဒီကိုအစိုးရ အစီအစဉ်နဲ့ပို့တာပါ၊ပြဿနာဖြစ်ပြီးတစ်ပါတ် အကြာမှာအစိုးရအဖွဲ့ဆီ စာတင်ထားပါတယ်။လောလောဆယ်  ကျွန်တော်တို့ဘုရားကျောင်းမှာ ထားပေးထားပါတယ်။အစိုးရကနေရာချပေးတဲ့နေရာမှာ နေရမှာပါ၊"ဟု စစ်တွေမြို့နယ် ဟိန္ဒူဘာသာရေးအဖွဲ့ အတွင်းရေးမှူးဦးမြင့်ဆွေက ပြောသည်။

အဆိုပါ ဒုက္ခသည်များအား စစ်တွေမြို့မောလိပ်ရပ်ကွက် ဆရီဆရီမိုဟာဒေ့ဗ်ဘာရီ(မဟာသီဝ) ဟိန္ဒုဘုရား ရှိခိုးကျောင်းတော်ကြီးတွင်  နေရာချပေးထားကြောင်းသိရသည်။

အဆိုပါ မီးဘေးသင့် ဟိန္ဒူဒုက္ခသည်(၉၈)ဦးအား ယနေ့နံနက်ပိုင်းတွင် တစ်ကြိမ်နေ့လည်ပိုင်းတွင် တစ်ကြိမ် ရဲတပ်ဖွဲ့ကားဖြင့် စစ်တွေမြို့နယ်မှန်စီးကျေးရွာအနီး ဘင်္ဂလီဒုက္ခသည်စခန်းမှ စစ်တွေမြို့သို့ပို့ဆောင်ခဲ့ခြင်း ဖြစ်သည်။

“မနက်ပိုင်းကတော့ဘုရားကျောင်းမှာရှိတဲ့ဒုက္ခသည်တွေကိုလူကြီးတွေလာကြည့်ပါတယ်။ အားလုံးစီစဉ် ပေးမယ် လို့ပြောသွားပါတယ်”ဟုဟိန္ဒူဘာသာဝင်တစ်ဦးက ပြောသည်။

 “ ဟိုမှာအခက်အခဲရှိတယ်၊ ဘယ်နေ့ကဘာသွားလဲဆိုရင် မီးလောင်တဲ့နေ့ကဘင်္ဂလီနဲ့ပါသွားတယ်၊ မိသားစု ဆယ်ယောက်ရှိတယ်။ အစိုးရက ပို့ပေးတာ၊ကျွန်တော်တို့ကို မူလနေရာသို့ပို့ပေးဖို့အတွက် တောင်းဆို တာတွေရှိခဲ့ပါတယ်။ အရင်ကနေခဲ့တဲ့နေရာ  ကစက်ရုံစု၊ ဘင်္ဂလီဒုက္ခသည်စခန်းမှာ နေခဲ့တာရခိုင်သချိုင်းနောက်ဘက် အဲဒီစခန်းမှာပါ။

မီးရထားလမ်းမြောင်းနဲ့ကပ်လို့ပါ”ဟု ဘင်္ဂလီဒုက္ခသည်စခန်းမှ ရောက်ရှိလာသည့်ဟိန္ဒူဘာသာဝင်အိုရီဘိုတိုက ၄င်းတို့ကြုံတွေ့ခဲ့ ရသည့်ကို ပြောပြသည်။အဆို ဟိန္ဒူဘာသာဝင်များမှာ မီးဘေးသင့်ဒုက္ခသည်များဖြစ်ပြီး   နှစ်လအကြာတွင်ဘင်္ဂလီဒုက္ခသည် စခန်းများမှ ပြန်လည်ပို့ဆောင်ပေးခဲ့ခြင်းဖြစ်သည်။

 “ဟိုမှာနှစ်လလောက်နေခဲ့ရတယ်။ သွားလို့မရဘူး၊ ကျွန်တော်တို့စာသင်ကျောင်းမှာနေလာရတယ်။ ဒီကိုလာတဲ့အခါ ဆရာတို့အစီအစဉ်နဲ့ပါမိသားစုလေးယောက်ရှိပါတယ်”ဟု မီးဘေးသင့် ဟိန္ဒူဒုက္ခသည် တစ်ဦး က ပြောသည်။
မိုးဝေ ရခိုင်ပြည်နယ် (မြစ်မခ) 

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1