Thursday, August 23, 2012

2013 DV မဲ အောက်တိုဘာ ၁ရက် တွင် နောက်တစ်ကြိမ် မဲ ထပ်ဖောက်နိုင်ပြီ

Ever November | 8/23/2012 03:28:00 PM | Best Blogger Tips

DV 2013 Program အတွက် DV မဲကို အောက်တိုဘာ၁ ရက်တွင် နောက်ထပ် တစ်ကြိမ် မဲဖောက်ရန်ရှိနိုင်သည့်အတွက်Confirmaton နံပါတ် ကို သိမ်းထားရန် မြန်မာနိုင်ငံ ဆိုင်ရာအမေရိကန် သံရုံးထုတ်ပြန်ချက် တွင်ရေးသားထားသည်။

2013 အတွက် DV မဲကို မေလ ၁ရက်က တစ်ကြိမ်ထုတ်ပြခဲ့ပြီးဖြစ်၍ မဲပေါက်မပေါက်ကို www.dvlottery.state.gov ထဲရှိ "Entrant Status" ဟုခေါ်သော Link ကိုနိပ်ပြီး မိမိ၏ ၂၀၁၁ ခုတွင် DV စာရင်းသွင်းစဉ်ကရထားသော Confirmaton နံပါတ်၊ မိမိ၏နောက်ဆုံးအမည်နှင့် မွေးဖွားသည့်ခုနှစ်ကိုရိုတ်ထည့်၍ DV မဲပေါက်မပေါက်ကို ကြည့်နိုင်သည်။

အကယ်၍မဲပေါက်ပါက website မှ ဆက်လုပ်ရမည့်ညွှန်ကြားချက်ကို တပါတည်းပေးမည်ဖြစ်ပြီး ညွှန်ကြားချက်အတိုင်း လိုက်နာရန် လိုအပ်သည်ဟု ရေးသားထားသည်။

ထိုပြင် DV ပေါက်မပေါက်ကိုwww.dvlottery.state.gov တွင်ကြည့်ခြင်းဖြင့်သာသိနိုင်ပြီး မဲပေါက်ခြင်းကို အီးမေးလ်၊စာဖြင့် အကြောင်းကြားခြင်းမပြူဟု သိရသည်။

DV Program တွင်ဗီဇာကံစမ်းရန်အတွက်အခကြေးငွေမပေးရကြောင်း မဲပေါက်လျင်လည်းငွေပေးရန်မလိုကြောင်း ထုတ်ပြန်ချက်တွင်သတိပေးထားသလို
State Department မှလည်းအချက်အလက်များအတွက်ငွေကြေးမတောင်းခံ့ဟုဆိုသည်။

အီးမေးလ်ဖြင့် DV ပေါက်ကြောင်းအကြောင်းကြားပြီးငွေပို့ခိုင်းခြင်းများကို အထူးသတ်ပြုရန် ထုတ်ပြန်ချက်တွင်ရေးသားထားသည်။

DV မဲနှင့်ပတ်သက်၍ သိရှိလိုလျင် ရန်ကုန် သံရုံး၏ဗီဇာတွင်ကြည့်ရှုနိုင်သည်။
myanmartharkaung blog

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1