Thursday, August 23, 2012

ရန်ကုန် ဟိုတယ် အခန်းခ ဈေးနှုန်းများ အာဆီယံ နိုင်ငံ များထက် ကြီးမြင့်နေဆဲ

Ever November | 8/23/2012 01:35:00 PM | Best Blogger Tips

ရန်ကုန် အခြေစိုက် နိုင်ငံခြားမှ လာရောက် ရင်းနှီး မြှုပ်နှံ ထားသည့် ဟိုတချို့တွင် အာဆီယံနိုင်ငံရှိ ဟိုတယ် ဈေးနှုန်းများ ထက် မြင့်တက် နေသေးကြောင်း မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များ အသင်း (UMTA)မှ တာဝန်ရှိသူက ပြောကြားသည်။
၎င်းက ဩဂုတ် ၁၇ ရက်နေ့ မြန်မာနိုင်ငံ ဟိုတယ် လုပ်ငန်းရှင်များ အသင်းတွင် ကျင်းပသည့် ရန်ကုန် ဟိုတယ်ဇုန်နှင့် ခရီးသွားလုပ်ငန်း ရှင်များတွေ့ဆုံသည့် ဆွေးနွေးပွဲ တွင် ပြောခြင်းဖြစ်သည်။ “FDI ဟိုတယ်တွေက ဈေး နှုန်းလျှော့ချတယ်သာပြောတယ်၊ အာဆီယံဈေးနှုန်းထက် ကြီးမြင့် သေးတယ်။ Renew (ပြန်သုံးသပ်) ဖို့လိုသေးတယ်”ဟု ၄င်းကဆိုသည်။
မြန်မာနိုင်ငံသို့ ယခုနှစ်ဆန်းမှ စတင်ကာ ပြည်ပဧည့်သည် ဝင် ရောက်မှုမြင့်တက်နေပြီး ဟိုတယ် အခန်းမလုံလောက်မှုကြောင့်ရန်ကုန် တွင် ဟိုတယ်အခန်းခ ဈေးနှုန်းများ မြင့်တက်ခဲ့ခြင်းဖြစ်သည်။ “ မြန်မာနိုင်ငံကို အခြားနိုင်ငံက VIP တွေလည်း လာတယ်။ ကွန်ပ လိန်းလာတယ်။ အရင်က ဒေါ်လာ ၇၀၊ ၈၀ ပေးရတဲ့အခန်းက အခု ၃၀ဝ၊ ၄၀ဝ ဖြစ်နေတယ်။ အခန်းထဲမှာ ဘာမှမပါဘူး။ ဒီလိုပြော နေတာ ကြားနေရပြီ”ဟု ခရီးသွား လုပ်ငန်းကို နှစ်ပေါင်း ၃၀ ကျော် လုပ်ကိုင်လာသူတစ်ဦးကပြောသည်။
ရန်ကုန်တိုင်းဒေသကြီးတွင် လက်ရှိဟိုတယ် ၁၉၅ လုံးရှိပြီးအခန်း ပေါင်း ၈၃၅၀ ရှိသော်လည်း နိုင်ငံ ခြားသားအများစု တည်းခိုနိုင်သည့် အခန်းမှာ ၂၀ဝ၀ ခန့်သာရှိသည့် အတွက် ခရီးသည်လာရောက်မူ များချိန်တွင် ဈေးပိုယူခြင်းဖြစ် ကြောင်း၊အခြားအခန်းများကိုလည်း အဆင့်မြှင့်တင်ရန် လိုအပ်ကြောင်း ဟိုတယ်လုပ်ငန်းရှင်တစ်ဦးက သုံး သပ်သည်။
နိုင်ငံခြားမှ လာရောက်ရင်းနှီး မြှုပ်နှံထားသည့်ဟိုတယ်တချို့တွင် ဈေးနှုန်းပိုယူနေသည့်အတွက် ခရီး သွားလုပ်ငန်းကုမ္ပဏီများ အဆင် ပြေစေရန်အတွက် တိုင်းရင်းသား ပိုင်ဟိုတယ် ၃၅ လုံးအား Contract စာချုပ်ချုပ်ဆိုရန်အတွက် ညှိနှိုင်းပေးခဲ့ကြောင်း ရန်ကုန် ဟိုတယ် ဇုန်ဥက္ကဋ္ဌ ဦးတင်ဝင်းက ဆိုသည်။
သို့သော် ခရီးသွားလုပ်ငန်းရှင် တချို့က တစ်နှစ်စာ အခန်း Contract များ ရယူထားသော်လည်း အမှန်တကယ် ဧည့်သည်ထည့်ပေး ခြင်း မရှိသည့်အတွက် အခန်းများ ပိုနေကြောင်း ပန်ဒါဟိုတယ်တာဝန် ရှိသူကပြောသည်။ ဟိုတယ်အခန်းခများ ဈေးနှုန်း မြင့်တက်ခြင်းကြောင့် ခရီးသွား လုပ်ငန်း ကုမ္ပဏီများလုပ်ငန်းလုပ် ကိုင်ရန်ခက်ခဲလာသည့်အတွက် ခရီးသွားလုပ်ငန်းကုမ္ပဏီ ၃၀ ကျော် က လက်မှတ်ရေးထိုးကာ ၂၀၁၂ ခုနှစ် ဇွန်လ ၂၃ ရက်နေ့နှင့် ဇူလိုင် ၁၅ ရက်များတွင် ဟိုတယ်နှင့် ခရီး သွားလာရေးလုပ်ငန်းဝန်ကြီးဌာနသို့ စာရေးသားတိုင်ကြားမှုများပြုလုပ် ခဲ့သည်။
ယင်းကဲ့သို့ တိုင်ကြားခဲ့သည့် အတွက် ဝန်ကြီးဌာနက FDI ဟိုတယ်ရှိ Standard Room အခန်းခ များကို ဒေါ်လာ ၁၅၀ ထက် ပိုမယူ ရန် သတ်မှတ်ခဲ့ပြီးပိုယူသည့် ဟို တယ်များအား အရေးယူမှုများပြု လုပ်ခဲ့ကြောင်းသိရသည်။ သို့သော်လည်း ယင်းကဲ့သို့ အရေးယူပြီးချိန်အထိ အချို့အခန်းခ ဈေးနှုန်းများမြင့်တက်နေကြောင်းခရီးသွားလုပ်ငန်းရှင်တစ်ဦးက ပြောသည်။
ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းက ထုတ်ပြန်သောစာရင်း အရ ၂၀၁၁ ခုနှစ်တွင် ရန်ကုန်လေ ဆိပ်သို့ ကမ္ဘာလှည့်ခရီးသည်၃၆၄၇၄၃ဦးဝင်ရောက်ခဲ့သည်။ မြန်မာနိုင်ငံတွင် နိုင်ငံခြားမှလာရောက်ရင်းနှီးမြှုပ်နှံထား
သည့် ဟိုတယ် ၂၂ လုံး၊ ဖက်စပ်ဟိုတယ် ၄ လုံး၊ အစိုးရပိုင်ဟိုတယ် ၆ လုံး နှင့် ပုဂ္ဂလိကပိုင်ဟိုတယ် ၇၀၇ လုံး ရှိပြီး စုစုပေါင်းဟိုတယ် ၇၃၉ လုံး ရှိသည်။
ရဲရင့်မိုးအောင်
Venus News

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1