Saturday, August 11, 2012

အစ္စလာမ်မစ် ကာကွယ်ရေးတပ်ဦး ဗုဒ္ဓဘာသာ ဘုရားကျောင်း ၂ ခုကို တိုက်ခိုက်

Ever November | 8/11/2012 12:53:00 PM | Best Blogger Tips

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိက္ခတွေအတွင်း ရိုဟင်ဂျာတွေ အသတ်ခံရတဲ့အပေါ် အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေဆီ ပြည်နယ် မခါဆာမြို့မှာ မနေ့က ဆန့်ကျင် ဆန္ဒပြကြရာက ဗုဒ္ဓဘာသာ ဘုရားကျောင်း ၂ ခုကို တိုက်ခိုက်ခဲ့ကြပါတယ်။
မနေ့က သောကြာနေ့ ဝတ်ပြုအပြီးမှာ FPI အစ္စလာမ်မစ် ကာကွယ်ရေး တပ်ဦးက ဦးဆောင်တဲ့ ဆန္ဒပြသူတွေဟာ လမ်းလျှောက် ဆန္ဒပြရာကနေ ကွမ်းကောင်း ဗုဒ္ဓဘာသာနဲ့ ဆူလာဝေစီ ဗုဒ္ဓဘာသာ ကောင်စီရဲ့ ဇီယန်းမာ ဗုဒ္ဓဘာသာ ၀တ်ကျောင်းတွေ ရှိရာကို သွားကြပြီး ကျောင်းတံခါးတွေကို ထုရိုက်၊ ခဲတွေနဲ့  ပစ်ပေါက်ပြီး အကြမ်းဖက် တိုက်ခိုက်ခဲ့ကြပါတယ်။
ရဲတပ်ဖွဲ့ က အကြမ်းဖက် တိုက်ခိုက်မှုတွေကို ဟန့်တားပြီး ဗုဒ္ဓဘာသာ ခေါင်းဆောင်တွေနဲ့  FPI ဆန္ဒပြ ခေါင်းဆောင်တွေအကြား ပြေလည်မှုရအောင် တွေ့ဆုံ ညှိနှိုင်းပေးခဲ့ပါတယ်။
ဒီအတောအတွင်းမှာပဲ မလေးရှား ၀န်ကြီးချုပ်ဟောင်း ဒေါက်တာ မဟာသီယာ မိုဟာမက်က မြန်မာနိုင်ငံက ရိုဟင်ဂျာတွေရဲ့ အရေးကို မလေးရှားနိုင်ငံ တစ်ခုတည်း ဖြေရှင်းပေးရုံနဲ့  မလုံလောက်တဲ့အတွက် အစ္စလာမ်နိုင်ငံတွေ ၀ိုင်းဝန်း ကူညီပေးကြဖို့  တိုက်တွန်း လိုက်ပါတယ်။
RFA

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1