Saturday, August 11, 2012

ကိုယ်ပိုင်နိုင်ငံခြားငွေစာရင်း ဖွင့်ထားသူများ မော်တော်ယာဉ်တင်သွင်းခြင်းအား ယခုလမှစတင်ကာ နေရာနှစ်နေရာ၌ ဆောင်ရွက်နိုင်တော့မည်

Ever November | 8/11/2012 01:08:00 PM | Best Blogger Tips

ကိုယ်ပိုင်နိုင်ငံခြားငွေစာရင်းဖွင့်လှစ်ထားသူများအား၂၀၀၇ခုနှစ်Model နှင့်အထက် မော်တော်ယာဉ်တင်သွင်း
ခွင့်ပြုရာတွင်ယခင်က နေရာတစ်နေရာတွင်သာ ဆောင်ရွက်နိုင်ရာမှယခုအခါ နေရာနှစ်နေရာတွင် ဆောင်
ရွက်နိုင်ပြီဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရှိရသည်။

အဆိုပါဆောင်ရွက်ချက်အတွက် ကိုယ်တိုင်လာရောက်လျှောက်ထား သူများအနေဖြင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ နေပြည်တော်ရုံးချုပ်တစ်နေရာတည်းတွင် ဆောင်ရွက်နိုင်ခဲ့ပြီး ယခုအခါ အဆိုပါနေရာတွင်သာမက ရန်ကုန်တိုင်းဒေသကြီးရုံးခွဲအမှတ် ၂၂၈-၂၄၀၊ ကမ်းနားလမ်း(အလယ်လမ်း)တွင် ဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း၊ အဆိုပါဆောင်ရွက်ချက်ကို ၃၀.၇.၂၀၁၂ ရက်မှစတင်ကာ ဆောင်ရွက်ပေးနေပြီဖြစ်ကြောင်း သတင်းထုတ်ပြန်ထားချက်အရ သိရသည်။ လာရောက်လျှောက်ထားသူများအနေဖြင့် သတ်မှတ်အထောက်အထားစာရွက်များ ပါရှိရမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ နိုင်ငံခြားငွေစာရင်း ဖွင့်လှစ်ထားသူများအား ၂၀၀၇ ခုနှစ်မော်ဒယ်နှင့်အထက် မော်တော်ယာဉ်တင်သွင်းခွင့်ပြုချက် လျှောက်ထားရာတွင် မော်တော်ယာဉ်တစ်စီး တင်သွင်းခွင့်ပြုပါရန်လျှောက်လွှာနှင့် ကိုယ်တိုင်လက်မှတ်ရေးထိုးချက် ပါဝင်ရမည်ဖြစ်သည်။ ၎င်းအပြင် မှတ်ပုံတင်/ နိုင်ငံသားစိစစ်ရေးကတ်မူရင်းနှင့် မိတ္တူ၊ ဘဏ်စာအုပ်မူရင်းနှင့် မိတ္တူ၊ အိမ်ထောင်စုစာရင်း မူရင်းနှင့်မိတ္တူ၊ တင်သွင်းမည့် မော်တော်ယာဉ် Invoice မူရင်း၊ မော်တော်ယာဉ်တင်သွင်းခွင့်ဆိုင်ရာ ကြီးကြပ်ရေးကော်မတီမှ စိစစ်ခွင့်ပြုခဲ့သည့် စာရင်းခေါင်းစဉ်တွင်ပါဝင်ခဲ့သော သင်္ဘောသားများ၊ နိုင်ငံခြားတွင် အလုပ်လုပ်ကိုင်သည့် အလုပ်သမားများ၊ နိုင်ငံခြားသံရုံးများတွင် တာဝန်ထမ်းဆောင်ခဲ့သော ၀န်ထမ်းများအပါအ၀င် လူပုဂ္ဂိုလ်တစ်ဦးချင်းအား ခွင့်ပြုပါမစ်ထုတ်ပေးခဲ့သည့်စာရင်းတွင် မပါဝင်ကြောင်း ခံဝန်ကတိပြုချက်တို့ ပါဝင်လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။ 
ရေးသားသူ -ထွန်းထွန်း
Internet Journal

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1