Saturday, August 11, 2012

အစိုးရမှ အင်အားသုံးပြီး KIO ဌာနချုပ်ကို စစ်ဆင်နေ

Ever November | 8/11/2012 10:11:00 AM | Best Blogger Tips

အစိုးရ တပ်ဖွဲ့များသည်၊ ကချင် လွတ်မြောက်ရေး တပ်မတော် (KIA) ရှေ့တန်း စခန်း ဌာနချုပ်နှင့် (၁၀) မိုင်ခန့်သာ ဝေးသော ဒေါ့ဖုန်ယန်မြို့နယ်ခွဲ ဘက်သို့ ရောက်ရှိနေပြီး ဖြစ်ပါသည်။

“ အစိုးရ တပ်ဖွဲ့တွေက လိုင်ဇာကို စစ်ဆင်နိုင်ဖို့ ဗန်းမော်ကတဆင့် တာပိန် ရေအား လျှပ်စစ်ဖက်ကို လမ်းကြောင်း (၁) အနေနဲ့ တကြောင်း အင် အားဖြည့်တယ်။ ပြီးတော့ လမ်းကြောင်း (၂)အနေနဲ့ ဒေါ့ဖုန်ယန် မြို့နယ်ခွဲဘက်
ကို အင်အားဖြည့်ပါတယ်။ ကျနော်တို့နဲ့ (၃) ရက်အတွင်းမှာ အပြင်းအထန် တိုက်ပွဲတွေ (၁၂) ခါဖြစ်ခဲ့တယ်။ သူတို့ဖက်က အကျအဆုံး မသိပေမဲ့ ဒါဏ်ရာ ရသူတွေကိုတော့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ဖက်ကို ပို့လိုက်တယ်” ဟု ဆိုပါသည်။


သြဂုတ်လ ၉ ရက်နေ့ နေ့လည်ပိုင်းတွင် တာပိန်ရေအား လျပ်စစ်အနီး၌ အစိုးရခမရ ၃၁၉ နှင့် ပြင်းထန်စွာ တိုက်ပွဲ ဖြစ်ပွားခဲ့ ပါသည်။ အစိုးရတပ်ဖွဲ့သည် ကေအိုင်အေ ရှေ့တန်း ဌါနချုပ် (ယာယီ) ရုံးစိုက်ထားသော လိုင်ဇာဘက်ကို စစ်ဆင်နိုင်ရန်၊ ၀၇-၀၈-၂၀၁၂ ရက်နေ့တွင် မြစ်ကြီးနား ဘက်မှ၎င်း၊ (၀၈-၀၈-၂၀၁၂) ရက်နေ့တွင် မြစ်ကြီးနား-လိုင်ဇာလမ်းပေါ်
ရှိ ဒဘတ်ယန် တွင်လည်းကောင်း အင်အား ထပ်ဖြည့် ထားပါသည်။

ဗန်မော်ဘက်မှ စစ်အင်အားများကိုလည်း ၀၇-၀၈-၂၀၁၂ ရက်နေ့တွင် ပြန်လည် အင်အား ဖြည့်တင်းထာြး
ပီး (လမ်းကြောင်း နှစ်ခုဖြင့် လိုင်ဇာဖက်ကို ချီတက် နေခြင်းဖြစ်ပါသည်။

လမ်းကြောင်း (၁) ဗန်းမော်မှ - တာပိန်ရေအားလျှပ်စစ်သို့

လမ်းကြောင်း (၂) ဗန်းမော်မှ- ဒေါ့ဖုန်ယန်မြို့နယ်ခွဲဘက်
သို့ (လိုင်ဇာ မှ ၁၀ မိုင်ကျော်သာဝေး)

လိုင်ဇာ စစ်ဆင်ရေးကို ပြီးခဲ့သည့် သြဂုတ်လ (၇) ရက်နေ့မှ စပြီး ပြင်းထန်သော ထိုးစစ်ဖြင့် စတင် ဆင်နွှဲ လာနေပါသည်။ ဤ သို့ကြောင့် (၃) ရက်အတွင်း တိုက်ပွဲပေါင်း (၁၂) ကြိမ် ပြင်းထန်စွာ ဖြစ်ပွား ခဲ့ခြင်းဖြစ်ပါသည်။


ဤကဲ့သို့သော အခြေအနေ၌ တရုတ်ပြည်ဖက်၌ ရောက်ရှိနေသော ကချင် စစ်ပြေး ဒုက္ခသည် များကိုလည်း တရုတ်အစိုးရက နှင်ထုတ် နေသည်ဟု ကချင်ဒုက္ခသည် အရေးကို ကူညီနေသော အဖွဲ့အစည်းများက ဆိုပါသည်။ KIO သည် အစိုးရနှင့် အပစ် အခတ်ရပ်စဲရေးအတွက် အဆိုပြုမှု ရှိသော်လည်း အစိုးရ လက်မခံ ပယ်ချခဲ့ပြီးမှ လိုင်ဇာ စစ်ဆင်ရေး တိုက်ပွဲများ ပြင်းထန် လာခဲ့ခြင်း ဖြစ်ပါသည်။
 
 ရွှေင်္ဟသာသတင်းဌာန

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1