Monday, August 20, 2012
လူပျိုကြီး အပျိုကြီတန်ဖိုးနင့် အိမ်ထောင်သည်အလှ
Ever November | 8/20/2012 10:33:00 AM | Best Blogger Tips
မော်ဒယ်အပျိုကြီးတင်မိုးလွင်
လူပျိုကြီး(တန်ဖိုး)
လူပျိုကြီး လူပျိုကြီးနဲ့  ခေါ်လိုက်ကြတာ တော်တော်သေ ဘာ တွေ့ နေကြမယ် ထ င် ပါ တယ် ၊ ခေါ်တာတော့ လွယ်ပါတယ် အခေါ်ခံ ရတဲ့ သူရဲ့  တန်ဖိုးရော နားလည်းကြရဲ့ လားမသိဘူး ၊ လူပျိုကြီး တစ်ယောက်ဖြစ်ဖို့  ဘယ်လောက်တန်ဖိုး ကြီးမားတယ် ဘယ်လော က်ပေးဆပ်ခဲ့ ရတယ် လူတွေကြားမှာ နားလည်းနိုင်မူ့ စွမ်းအားတွေ ဘယ်လောက်ထုတ်သုံး ခဲ့ ရတယ်ဆိုတာ လူကြီးကြီးမ ဟုတ်ခဲ့ တဲ့ သူတွေ မသိပါဘူးလေ၊ အိမ်ထောင်ကျသွားတဲ့  လူတွေသာ ရာထူးတွေ မြင့် မြင့် လာတတ်ပေမယ့်  လူပျိုကြီး ထပ်တိုးခေါ်လိုက် လူပျိုသိုး ဒီနှစ်မျိုးပဲသုံးလို့ ရမယ် အိမ်ထောင်ကျတဲ့  ယောကျာ်းတွေကတော့  စစချင်း အိမ်ထောင်သည်၊ မိန်းမနောက်လင်ယူ တစ်ခုလပ် မိန်းမသေသွားရင် မုဆိုးဖို မိန်းမနောက်လင်ယူပြီးသေသွားတော့  တခုလပ်မုဆိုးဖို ကလေးမွေးပြီး မိန်းမနောက်လင်ယူ ကလေးကျန်ခဲ့ ရင် သားတစ်ယောက်တခုလပ် မိန်းမက ကလေးထားပြီးသေသွားရင် သားတစ်ယောက်မုဆိုးဖို အမျိုးမျိုးရာထူးတွေတိုးနေကြတာလေ မိန်းမ နောက်လင်ယူရင်လည်း လင်ကြီးဆိုတဲ့  ဂုဏ်လေးတခုတောင် အဆစ်ပါသေးရဲ့ ၊၊
လူပျိုကြီးတွေ ရည်စားထား သဘောထားမတိုက်ဆိုင်လို့  ပြတ်စဲ နောက်တစ်ယောက်ထား လူတွေဘာမှ မပြောဘူး အိမ်ထောင်သည် အသစ်တွေ့ လို့  ချစ်မယ် မပြင်နဲ့ မယားငယ်နေတဲ့  သတင်း ဝက်ဝက်ကွဲဖို့ သာ ပြင်ထားပေတော့ ၊၊ဒီလို ဒီကြောင်း အကြောင်းစုံကို  ရောင်းကုန်ထက် တွက်တဲ့ နေရာမှာ တော်လို့  အပူမရှာပဲ လူတကားတွေ့ ရဲ့  နှုတ်ဖျားက လူပျိုကြီးဆိုတဲ့  ခေါ်သံနဲ့ ပဲ ပိတိပွားပြီး ဂုဏ်ရှိန်မြင့် ခဲ့ ကြတာပေါ့ ၊၊
                            အပူအပင်ကင်းတဲ့  သူတွေထဲမှာ လူပျိုကြီးများလည်းပါပါတယ် ကလေးတွေလိုပါပဲ သူတို့ ဘဝတွေဟာ သားကျွေးမူ့  မယားကျွေး ခလေးကျောင်းစရိတ် စသည့် ဖြင့်  အမျိုးမျိုးကုန်ရသော ငွေကြေးတွေ သုံးစရာမရှိတော့  အပူအပင် ကင်းမဲ့ သလို ဘောဘတရားမရှိသူတွေလဲဖြစ်ပါတယ် အလှူ ဧည့် ခံ ပွဲများတက်ရောက် ရာတွင်လည်း လူပျိုကြီးများကို အိမ်ထောင်သည် များက အမီ မလိုက်နိုင်ပါ အိမ်ထောင်ရှင်ဆိုကတည်းက ကလေးတွေတစီတတန်းနဲ့  အဝတ်အစားကအစ ဘိုသီဘတ်သီဝတ်ပြီးလာကြပေမယ့် လည်း လူပျိုကြီးတွေကတော့  အဝတ်ကို ကော့ နေအာင်ဝတ်ပြီး အပူအပင်မရှိ ပွဲကိုအစမှအဆုံး အေးအေးဆေးဆေးနဲ့  နေနိုင်တဲ့  ကမ္ဘာ့ ကျော် မင်းသားများလည်း ဖြစ်ပါတယ် ၊
                လူပျိုကြီးများက သဒ္ဒါတရားနဲ့  ကုသိုလ်ကောင်းမူ့ များကိုလည်း အိမ်ထောင်သည်များထက် ပိုလုပ်နိုင် ပိုလှူနိုင်ကြပါတယ်၊ ရပ်ကွက်ထဲမှာပဲ ကြည့် ပါ အလှူ တစ်ခုခု လုပ်တော့ မယ်ဆိုရင် လူပျိုကြီးများကို အင်ရှာပြီး အလှူပွဲ အစမှအဆုံး အကူအညီတောင်းသူကများပါတယ် ထို့ ကြောင့်  ထိုအလှူများထဲမှာ ကုသိုလ်များလည်း သူတို့ ရကြတယ် နောက်တစ်ခု ပေးကမ်းစွန့် ကြဲ ခြင်း တွေများများ လုပ်ပြီး လိုအပ်တဲ့  တောင်းဆုတွေကိုလည်း ဘုရားမှာ အမြဲဆုတောင်းကြတယ်( ဘာဆုတောင်းလဲ ဆိုတာတော့  လူပျိုကြီးတွေကိုသာ မေးကြည့် ပေါ့ နော်)၊၊
                   လူပျိုကြီးတော်တော်များများဟာ မုသား အလိမ်အညာစကားကင်းသူများဖြစ်တယ်လို့ ပြောရင် သင်ယုံမလား ? .အမှန်ပါပဲ လူပျိုကြီးတွေဟာ အလိမ်အညာ ကင်းပါတယ် ဘာကြောင့် လဲဆိုတော့  သူတို့ ဟာ လွတ်လပ်စွာ သွားနိုင်လာနိုင် ချုပ်ခြယ်မဲ့ သူ မရှိတော့  အိမ်ထောင်သည်တွေလို မိန်းမကြောက်ပြီး အနည်းဆုံး ဘီယာ ဆ်ုင်ထိုင်နေရင်တောင် မိန်းမကမေးလိုက်ရင်း လက်ဖက်ရည် ဆိုင်ထိုင်နေတာပါလို့  အညာစကား သုံးကြရတာပါပဲ အချိန်တန်လို့  အိမ်ပြန် မိန်းမ ပိုက်ဆံ အပ်ဖို့  မပြည့် လို့  မိန်းက စစ်တဲ့ အခါ ဟိုဟာ ဒီယာနဲ့  အကြောင်း ပြချက် အမျိုးမျိုးပြလိမ်ညာ တတ်ကြတာတွေကြီးပဲလေ လူပျိုကြီးတွေကတော့  ကိုယ်ပိုင်ပိုက်ဆံကိုယ်၇ှာ ကိုယ့် ဟာ ကိုယ်သုံး လိမ်ညာစရာဘာမှမရှိတော့  လိမ်ညာခြင်းကင်းကြတာပေါ့ လေ၊၊ 
             သက်တမ်းကြာတဲ့  ရုပ်ကြွင်းဆို ပညာရှင်တွေက စိတ်ဝင်စားသလို ရှေ့ ဟောင်းပြတိုက်တွေမှာ ဘာလို့ လူတွေ များနေတာလည်း စိန်ဆိုတာ ရှားပါး ပစ္စည်းမို့ တန်းဖိုးမြင့် တင်တာပေါ့  နှစ်ချို့ ဝိုင်ဟာ သက်တမ်းကြာလေ အရသာရှိလေ လူတွေ ကြိုက်လေမို့  လူပျိုကြီးဆိုတာလဲ တန်းဖိုးမဖြတ်နိုင်တဲ့  အနှိုင်းမဲ့ ဂုဏ်တစ်ခုကို ပိုင်ဆိုင်ထားသူများဖြစ်လို့  လူတွေကလူပျိုကြီးလို့  ခေါ်တာကို ပြုံးပြုံးလေး အခေါ်ခံလိုက်စမ်းပါ လူပျိုကြီးတို့ ရေ......
(အကြံပေးခြင်း၊၊  ၊၊အမေများနေ့  အဖေများနေ့  ချစ်သူများနေ့  ဟိုနေ့ ဒီနေ့ တွေ အများကြီးရှိပေမဲ့ လည်း တန်ဖိုးရှိသော လူပျိုကြီးများအတွက် စာဖတ်သူ အပေါ်င်း ကိုကို မမ ညီ ညီမများက ဆန္ဒမဲ ကောက်ခံပြီး လူပျိုကြီးများနေ့  ကိုသတ်မှတ်ပေးလိုက်လျှင် မည်မျှပင်ကောင်းလိုက်မည် မသိ)
(မှတ်ချက်၊၊   ၊၊လူပျိုးကြီးများ ဖက်မှ ဘက်လိုက်ရေးသားခြင်းမဟုတ်ပါ အမှန်တရားနဲနဲလေး သိသမျှချပြတာပါ ကျွန်တော်လည်း လူပျိုးကြီးတော့  မဟုတ်သေးပါဘူး ကိုယ့်ကို ချစ်တဲ့ သူမတွေ့ ခဲ့ ရင် ဒီလိုလေး နေမယ်လို့  စဉ်စားမိလို  ရေးခဲ့ မိတာ)ဒါက ကြော်ငြာတာ ဟီး......
အပျိုကြီးများရဲ့  အလှတရား
                  လူဘဝရဲ့  သက်တမ်း၃၀ နှစ်လောက်နီးရင် လူတွေက အိမ်ထောင် မကြသေတဲ့  ယောကျာ်းလေးဆို လူပျိုကြီး မိန်းကလေးဆိုရင် အပျိုကြီးရယ်လို့  တင်စား ခေါ်ကြတယ်နော် ကျနော့ လည်း အတူတူပါပဲ တချို့ မမ တွေကို အပျိကြီးလို့  စနောက် တတ်ပါတယ်၊ သို့ သော် သေချာ တွေးကြည့် တော့  အပျိုကြီးတစ်ယောက်ရဲ့  ဂုဏ်၊ အပျိုကြီးတစ်ယောက်ရဲ့  သီးခံနိုင်သည့်  စွမ်းအား ၊ လောကဒဏ်ကို တစ်ယောက်ထဲ ဖြတ်ကျော်ရဲ့ တဲ့  သတ္တိ၊ တိုင်ပင်ဖော်မလိုပဲ ဘဝကို ရည်ရွယ် သည့်  ပန်းတိုင် ရောက်အောင် လျှောက်နိုင် သည့် ဇွဲ ၊ မည့် သည့် အရာမဆို တစ်ယောက်ထဲ ဆုံးဖြတ်နိုင်တာ ကောင်းသည် ဖြစ်စေ ဆိုးသည် ဖြစ်စေ တစ်ကိုယ်တည်း ခံနိုင်ရှိသော စွမ်းအား စသည့်  လူပေါ်င်းများစွာ မလုပ်နိုင်သည့်  အရာကို လုပ်နိုင်သော အာဂ လူသားများသာဖြစ်ပါသည်။
                           အပျိုကြီး တစ်ယောက်ဖြစ်လာဖို့ ဆို တာ တော်တော်တော့  မလွယ် ကူတဲ့ ကိစ္စပါ ပထမဦးဆုံး အပျိုကြီး စလုပ်ပြီး ဆိုတာနဲ့  သူငယ်ချင်း အပေါ်င်းအသင်းတွေရဲ့  စနောက်တဲ့  ဒဏ်ခံရပြီ အထီးကျန်မူ့ ကို မဖိတ်ခေါ်ပဲ တဖြည်းဖြည်း ရောက်လာတော့ လဲ လက်ခံပေးရတယ်၊ လူတွေက ယောကျာ်းမရတာကို ပဲ သနားသလိုလို အကြည့် လှေင်သလိုလို အပြုံးတွေကို ခံနိုင်အောင် ကြိုးစားရတာ ဘယ်လောက်ခက်ခဲလိမ့် မလဲနော်၊ ညည်းနက်နက်မှာ မိုးတွေရွာ လေတွေတိုက် လျှပ်စီးဒဏ်တွေ ကြားမှာ တော်ယုံလူတွေတောင် ကြောက်နေတဲ့ အချိန်မှာ အပျိုကြီးတွေကတော့  မျက်လုံးလေး ပေကလပ် ပေကလပ်နဲ့  ဘုရားစာသာ ရွတ်ဆိုနေရတဲ့  ဒုက္ခ ကို  တော်ယုံလူ တွေကတော့  ခံစားနိုင်မှာ မဟုတ်ပါဘူးလေ။ ဒါကြောင့်  သူတို့ ဟာ ရဲရင့် သတ္တိ ရှိပြီး ကိုယ့် ကိုကိုယ် ယုံကြည်တဲ့  သူတွေလည်း ဖြစ်တယ် ၊ အရေးအကြောင်းဆို ဟိုလူ့ အားကိုး ဒီလူအားကိုးနဲ့  သိမ်ငယ်တဲ့ စိတ်မရှိသူတွေပေါ့ ။
                                    နောက်တစ်ချက် အပျိုကြီးတွေက ချစ်ခြင်း မေတ္တာ ကြီးမား သူတွေလည်း ဖြစ်တယ် သူတို့ ဟာ အချစ်ကြီးပြီး အချစ်ကို တစ်ယောက်အတွက်ပဲ သဂြိုလ်တတ်တော့  တစ်သက်မှာ တစ်ယောက်ပဲ ချစ်တတ်သူဖြစ်ပြီး အကြောင်းမလှလို့  ပေါ်င်းဖက်ခွင့် မရပေမယ့်  တစ်ယောက်ထဲအပေါ် နားလည်း ခွင့် လွတ်မူ အပြည့် နဲ့  အချစ်သစ်ကို မရှာပဲ သစ္စာရှင် ချစ်တတ်သူများ ဖြစ်ပါတယ် ။ ကလေးလေးတွေ အများစုကို ကြည့် မယ်ဆိုရင်လည်း အပျိုကြီးတွေကို ပိုချစ်တတ်ကြတယ် ဘာကြေင့် လည်းဆိုတော့  အပျိုကြီးအများစုက ကလေးသိပ်ချစ်တတ်လို့ ပါပဲ သူတို့ ဝမ်းနဲ့  လွယ် မမွေးရပေမယ့်  တကယ့် ကို အကြင်နာ တရားအပြ ည့် ထားပြီး ချစ်တတ်ကြတယ် ခွေးလေးတွေ ကြောင်းလေးတွေဆိုလည်း အပျိုကြီးတွေရဲ့  အချစ်တော်လေတွေပေါ့  ဒါဟာ ကြီးမားတဲ့  ကိုယ်ချစ်စာ တရား လက်ကိုင်ထားပြီး သူတို့ လေးတွေ ငါမှမကျွေး ငါမှ မပြုစုရင်ဆိုတဲ့  အတွေးလေးတွေကို လက်တွေ့  အကောင်အထည်ဖော်ပြီး စေတနာထားတတ်သူများလည်း ဖြစ်ပါတယ်၊၊
                       အပျိုကြီး တစ်ယောက်ရဲ့  ရင့် ကျက်တည်ငြိမ်နေတဲ့ အလှကိုလည်း ဘယ်ကောင်မလေး တစ်ယောက်ကမှ တုနိုင်းလို့ မီမယ် မထင်ပါဘူး။ သူတို့ ဟာ အလှကို ပေါ်စေယုံပဲ ပြင်တတ်ပြီး အလွန်းအကဲ ပြင်ဆင်မူ့ များ မရှိပေ။ အဝတ်အစားက အစ လူမြင် မတင့် သော အဝတ်အစားကိုလည်း ရှောင်ကျင်ကြညည် ဘာကြောင့် လည်းဆိုတော့  လူအများရဲ့  စိတ်ဝင်စားမူ့  ခံရသော အပျိုကြီးများသည် လူအများပြောမဲ့ စကားကို အစတည်းက ကာကွယ် ထားခြင်း ဖြစ်ပါသည်၊  ဘာပဲပြောပြော အပျိုကြီးဆိုတာ ဖန်တီယူလို့ မရတဲ့ အရာပါ ပါရမီထူးလို့  အပျိုကြီးဖြစ်ရတာပါ၊ အိမ်ထောင်ကျသွားတဲ့ လူတစ်ယောက်ဟာ ပိုက်ဆံဘယ်လောက်ပေးပေး အပျိုကြီးလုပ်လို့ တော့ မရတော့ ပါဘူး အပျိုကြီး တစ်ယောက်ဟာ ဘယ်အချိန်ဖြစ်ဖြစ် အိမ်ထောင်ပြုလို့ ရပါတယ်။ ရှားပါး ပစ္စည်းဟာ တန်ဖိုး ကြီးပါတယ်။ ဒီတော့ ဘာပဲဖြစ်ဖြစ် အပျိုကြီးတစ်ယောက်ဖြစ်ရတာ ဂုဏ်ယူစရာပါ အားငယ်စရာ မရှိတဲ့ ဘဝ မို လို့  ရဲရဲကြီး ရှေ့ ဆက်ကြပါ၊၊( အင်း ဒီ ဘလော့ ဖတ်ပြီး အပျိုကြီးဘဝကို အားကျသွားတဲ့  မမကြီးတွေရဲ့  ကိုကို ကြီးတွေက တော့  ဒင်ကြောင့် ငါ့ ဟာမတွေ အပျိုကြီးလုပ်ကုန်တာ ဆိုပြီ ငါ့ ကို ဘယ်လောက်တောင် တင်းနေမလဲ မသိဘူး ..အင်း ရေးသာရေးနေရတာ ကြောက်စိတ်လေးတော့ ဝင်မိတယ်)
ပြီးပြည့် စုံတဲ့  အိမ်ထောင်သည်အလှ
              အိမ်ထောင်ကျတယ် အိမ်ထောင်ကျတယ်နဲ့  စကားလုံးတွေကို ခွဲခြားတွေးပြီး အိမ်ထောင်ပြုရမှာ ရင်လေးနေတတ်ကြတယ် ထင်ပ။ တကယ်တော့ လူတွေက အိမ်မှာထောင်ကျတယ်လို့  မှတ်ယူပြီးတော့  အိမ်ထောင်ပြုရမှာ ဝန်လေးနေတာပဲ ဖြစ်နိုင်ပါတယ်။ လူအမျိုးမျိုး စိတ်အထွေထွေ ဆိုသလိုဘဲ ကိုယ်ထင်တာ ကိုယ်တွေးပြီး ရင်လေးတာ ပြစ်ပြောလို့ မရပါဘူး လူအမျိုးမျိုးထဲမှာ လူလာဖြစ်တဲ့  ကျွန်တော့ အတွေးကလည်း ဒီလိုဗျ အိမ်  ဆိုတာက ကိုယ်ချစ်တဲ့ သူနဲ့  အတူနေပြီး မိဘ အထောက်ပံ့  အားလုံးကို စွန့် လွတ်ပြီး ဆင်းရဲ အတူ ချမ်းသာ မခွဲပဲ နှစ်ယောက်သား ဘဝကို ကောင်းတူဆိုးဖက် ရင်ဆိုင်ဖို့  ဘဝ ရှေ့ တန်းက ခံတပ်စခန်း တစ်ခုကို တည်ဆောက်ပြီး နေထိုင်တဲ့  နေရာပေါ့ ဗျာ၊၊ ထောင်  ဆိုတာက ကိုယ့် မှာ ပိုင်ဆိုင်တဲ့  ချစ်ခြင်း ၊ ကြင်နာ ညဃင်း၊ ယုယတွယ်တာခြင်း၊ မြတ်နိုးမူ့ အစုစု ၊ ဂရုတစိုက် အားကိုးလိုမူ့  ဘယ်မိန်းကလေးကိုမှ ပေးအပ်လို့ မရတဲ့  ခံစားချက် အဝဝ တို့ က သစ္စာအထုပ်ထဲ ထည့်  သံယောဇဉ်ကြိုးနဲ့  ခိုင်ခိုင် တုပ်ပြီး တည်ငြိမ်တဲ့  စိတ် ခိုင်မာတဲ့  ဆုံးဖြတ်ချက်နဲ့  ကိုယ်ချစ်တဲ့  ချစ်သူရဲ့ နှလုံးသား အိမ်တော်မှာ လွတ်ရက် မလိုပဲ တသက်တာ အတွက် တုနိုင်းမမှီတဲ့  လောက အဆောက်အအုံ အဖြစ် ကိုယ်တိုင်ဝင်ခဲ့ တယ်လို့  သဘောထားပေးကြပါ၊၊ တနည်းအားဖြင့်  ဒုက္ခ တွေအပြည့် နဲ့  မကောင်းတဲ့ သူတွေ အပြစ်ပေးတဲ့  ထောင်လို့ မမြင်ဘဲ အသစ်သဘောနဲ့  ချစ်သူကိုခြင်း ကိုက်မှာ စိုးလို့  ထောင်ပေးထားတဲ့  ခြင်ထောင်လို့  အန္တရာယ်ကာကွယ် ပေးမဲ့  ထောင်လို့ မြင်ကြည့် ပေးပါ၊
                       အိမ်ထောင်ပြုလိုက်ရင် လွတ်လပ်မူတွေ ပျောက်ဆုံးကုန်တယ် သွားချင်တာသွားလို့ မရ နေချင်သလို နေလို့ မရ စသည့်  အကြောင်း ပြချက် အမျိုးမျိုးကလည်း အိမ်ထောင်ပြု ရမှာကို ကြောက်စေပါတယ်၊၊ တကယ်တော့  လွတ်လပ်မူ နောက်ကွယ်က မကောင်းမူ့ အမျိုးအမျိုးနဲ့  ပျက်စီးချင်းဆိုတာ ခဏတာတောင် မကောင်းပါဘူး၊ အိမ်ထောင်ကျလို့  လွတ်လပိမူ့ တွေ ဆုံးရုံးသွားတယ်ဆိုတာ ကလည်း မဟုတ်ပါဘူး ။ ထိန်းသိမ်း မူ့ အောက်မှာ စည်းကမ်းသတ်မှတ်ချက် နည်းနည်းလေးပါပဲ၊၊ စည်းကမ်းဆိုတာကလည်း ချစ်ခြင်း စာအုပ်ထဲက စာမျက်နာ တစ်ချို့ ပါပဲ အမျီုးသမီးတွေ မီမီ ခင်ပွန်းကို စိုးရိမ်းပြီးစွာနဲ့  လုပ်ငန်းတာဝန် ပြီူဆုံးချိန်မှာ မိမိမျက်စိရှေ့ မှာ ထားပြီးတော့  လိုအပ်သမျှ လုပ်ပေးမယ် လင်ယောကျာ်းရဲ့  အကြင်နာကို အပြည့် အဝ လိုချင်တဲ့  ချစ်ခြင်းရဲ့  အတ္တ အတွက် ဟို မသွားရဘူး ဒီမလာရဘူးလို့  သတ်မှတ်တာကို အပြစ်လို့ မမြင်ပဲ ကိုယ့် အတွက် ပြောနေတာပါလားလို့  ဖြည့် တွေးပေးရင် လွတ်လပိမူ့ မရှိဘူး ဆိုတဲ့  စာမျက်နာဟာ  အိမ်ထောင်ရေး ကျမ်းမှာ အလိုလို ပျောက်ကွယ် သွားပါလိမ့် မယ်။ အိမ်ထောင်ရှင်တွေဟာ  မိန်းမပဲ ဖြစ်ဖြစ် ယောကျာ်းပဲ ဖြစ်ဖြစ် စိုးရိမ်းစိတ်ကြီး တတ်ကြပါတယ်၊၊ အမျိုးသမီးဟာလည်း အိမ်မှာ အိမ်အလုပ်လုပ်နေပေမယ့်  စိတ်က ချစ်လင်အပေါ်မှာ အမြဲရောက်ပြီး အိမ်က ယောကျာ်း ထွက်သွား ကတည်းက ကျောပြင်းကို ကြည့် ပြီး လမ်းသွားရင်း ဘာများဖြစ်မလဲ ကားတွေများတဲ့ လမ်းမှာဆိုရင် အန္တရာယ်ကို စိုးရိမ်းရ ခရီးဝေး သွားရင်လဲ အဆင်ရော ပြေပါ့ မလား ဒီလို အတွေးတွေနဲ့  လူက အိမ်မှာ စိတ်ကယောကျာ်းနောက်လိုက်ပြီး ပူပန်နေကြရတာပေါ့ ။ စားချိန်ရောက်ရင်လည်း သူစားကော စားပြီးပြီလား အိမ်ပြန်စားတဲ့ သူဆိုရင်လည်း အချိန်တန်လို့ မှပြန်မရောက်ရင် ဘာလို့ လဲ အလုပ်ထဲမှာအဆင်မပြေလို့ လား ဘာများ ဖြစ်နေလို့ လဲ ဆိုတဲ့ အတွေးနဲ့ စိတ်ကို အမြဲ ပူပင်စေခဲ့ ပါတယ်။ ယောကျာ်းတွေလည်း အတူတူပါပဲ မိန်းမသာ အိမ်မှာ ထားပြီး အလုပ်လုပ်နေရပေမယ့်  စိတ်ကတော့  မိန်းမအိမ်မှာ တစ်ယောက်ထဲ ကြောက်နေမလား ပျင်းနေမလား ဒီအချိန်သူဘာများ လုပ်နေမလဲ အဝတ်လျှော်ရင် ရေးချိုးခန်းထဲများ ချော်လဲ နေမလား ထမင်းဟင်း ချက်ရင် အပူတွေများ လောင်နေမလား ဂက်အိုးတွေလဲ လုံပါ့ မလား  တစ်ခုခု ဆိုတဲ့  အတွေးတွေနဲ့  လူပင်ပန်ူး စိတ်ပန်းနဲ့ ပေါ့ ၊ ဒါပေမယ့် လည်း တစ်နေ့ တာရဲ့ လူပင်ပန်း စိတ်ပင်ပန်းမူ့ တွေဟာ အိမ်အပြန် တစ်ယောက်မျက်နာတစ်ယောက် တွေ့ တော့ လဲ သူအလိုလို ပြေဖျောက်ပြီး ကြည်နူးမူ့ အပြည့် နဲ့   နေ့ ရက်တွေကို ကုန်ဆုံးစေတာ ဘယ်လောက်ကြည်နူးဖို့  ကောင်းမလဲ ၊၊
                 လင်ရယ် မယားရယ်လို့  ဖြစ်လာရင် ထောက်ထား ညှာတာမူ့ နဲ့  နောက်ပြန်ကြည့် တတ်တဲ့  စာမျက်နာ တစ်ခု ဘဝမျက်နာမှာ အလိုလို တိုးလာ ခဲ့ တယ် ။ ထောက်ထား ညှာတာ နောက်ပြန်ကြည့် တတ်တယ်ဆို တာကတော့  မကောင်းမူ့  တစ်ခုခု လုပ်တော့ မယ် ဆိုရင် ငါတကယ်လို တစ်ခုခု ဖြစ်သွားခဲ့ ရင် ငါ့ မိန်းမတော့  လောကအလည်မှာ အားကိုးရာမယ့်  မျက်နာ ငယ်နေတော့ မှာပဲ ဆိုတဲ့ စိတ် အရှက်ကွဲ အကျိုး နည်းစေမယ့်  အလုပ် ဥပမာ မယားငယ်နေတာပဲ ဖြစ်ဖြစ် ခိုးဝှက် မကောင်းမူ့  ဒုစရိုက်တို့ ကိုလုပ်လို့  ပေါ်သွားခဲ့ ရင် ပတ်ဝန်ကျင်မှာ ငါ့ မိန်မတော့  မျက်နာငယ်ငယ်နဲ့  ဘဝကို ဖြတ်သန်း ရတော့ မှာပဲ ဆိုတဲ့  ရှေ့ ဖြစ်လာမယ့်  အရာကို နောက်ပြန် မိန်းမကို လှည့် ကြည့် လာတတ်တွေကြောင့်  အိမ်ထောင်ရှင်တွေဟာ အမှားနည်း လာခဲ တယ်လို့ ထင်ပါတယ်။စားတဲ့ နေရာမှာပဲ ဖြစ်ဖြစ် သွားတဲ့ နေရာမှာပဲ ဖြစ်ဖြစ် အိမ်ထောင်ရှင်တွေဟာ တကယ့် ကို ကြည်နူးစရာကောင်းသလို အားကိုးရာနဲ့  အားကိုးခံ ပိတိလေး တွေကတော့  အိမ်ထောင်မဲ့ တွေထက် အနှိုင်းဆ မဲ့  သာပါတယ်။ အစားစားရင်လဲ တစ်ယောက်မျက်နာ တစ်ယောက်ကြည့်  ပြီး ငပိရည်နဲ့  စားနေရပေမယ့် လည်း ပိတိလေး ခတ်ထားတဲ့  ဟင်းဆိုတော့  အရသာက သာမည မဟုတ်တော့ ပဲ အဟာရအပြည့် နဲ့  နတ်သုဒ္ဒါနဲ့  ဘယ်လဲ နိုင်ပါ့ မလဲနော်.....
မှတ်ချက်။   ။ စာဖတ်သူ သူငယ်ချင်းတွေ အားလုံး ပဲ လူပျိုကြီး လုပ်ကြမလား...အပျိုကြီး လုပ်ကြမလား..ဒါမှမဟုတ် ပြီးပြည့် စုံတဲ့  အိမ်ထောင်သည် ဘဝကို နေသွားကြမလား ..ကဲ ဘယ်လိုတွေ စဉ်းစားထားကြလဲ ? 
ရွှေမြို့တော်
No comments:
England - Premier League
Italy - Serie A
Spain - Primera Division
Germany - Bundesliga
France - Ligue 1