Monday, August 20, 2012

ဖိလစ်ပိုင်စစ်တပ်နှင့် မွတ်ဆလင်သူပုန်တို့ တိုက်ခိုက်မှုကြောင့် ဒေသခံသောင်းချီ ထွက်ပြေး

Ever November | 8/20/2012 11:00:00 AM | Best Blogger Tips
မာဂွင်ဒါနာအိုပြည်နယ် ဒါတူအန်ဆေးမြို့အနီးရှိ တောနက်အတွင်း တွေ့ရသော BIFF လက်နက်ကိုင်တပ်ဖွဲ့ဝင်များ

ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းတွင်စစ်တပ်နှင့်မွတ်ဆလင်သူပုန်တို့အကြားတိုက်ခိုက်မှုများ ဖြစ်ပွားနေသောကြောင့် လူပေါင်း ၄၅၀၀၀ခန့် နေရာရွှေ့ပြောင်းခဲ့ရကြောင်း ကုလသမဂ္ဂမှ သြဂုတ်လ ၁၆ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

စာသင်ကျောင်းများနှင့် ဘာသာရေးကျောင်းများကို ပြုလုပ်ထားသော ကယ်ဆယ်ရေးစခန်းများရှိ နေရာရွှေ့ပြောင်းရသူများ၏ ထက်ဝက်ခန့်သည် နေထိုင်မှုအတွက် ဆိုးရွားသော အခြေအနေတွင်ရှိနေကြကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးမှ အကြီးအကဲဖြစ်သူ Arjun Jain က ပြောကြားခဲ့သည်။
ထို့ပြင် ကယ်ဆယ်ရေးစခန်း များသည် အလွန်ပြည့်သိပ်နေကာ အခန်းတစ်ခန်းတွင် မိသားစုရှစ်စုမှ ဆယ်စုအတွင်း နေထိုင်နေရသည်။
ပြီးခဲ့သည့်အပတ်အတွင်းက တောင်ပိုင်းပြည်နယ် Maguin danao တွင် ဘန်ဆမိုရိုအစ္စလာမ်မစ် လွတ်မြောက်ရေး (BIFF) အဖွဲ့ဝင်များက ဖိလစ်ပိုင်စစ်တပ်တပ်ခွဲအချို့အား ၀င်ရောက်တိုက်ခိုက်မှုကြောင့် တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး စစ်သားငါးဦးထက် မနည်း ဒဏ်ရာရခဲ့သည်။
ယင်း BIFF အဖွဲ့တွင် တိုက်ခိုက်ရေးသမား ရာချီရှိနေပြီး ယခင်အင်အား ၁၂၀၀၀ ရှိသော မိုရိုအစ္စလာမ်မစ် လွတ်မြောက်ရေးတပ်ဦး (MILF)မှ ခွဲထွက်ခဲ့ခြင်းဖြစ်ပြီး ယင်းတပ်ဦးသည် မူဆလင် လူနည်းစုအတွက် နိုင်ငံခွဲထွက်ရန် ၁၉၇၀ နှစ်များမှစပြီး ကြိုးပမ်းနေခြင်းဖြစ်သည်။ ယခုအချိန်တွင်(MILF)သည်အစိုးရနှင့်ငြိမ်းချမ်း ရေးယူပြီးဖြစ်၍ ဖိလစ်ပိုင် တောင် ပိုင်းဒေသတွင် ကိုယ်ပိုင်အုပ်ချုပ်ရေး ဒေသအဖြစ်ပေးရန် လိုလားလျက်ရှိသည်။
ယခုစစ်တပ်နှင့်တိုက်ခိုက်မှု ဖြစ်ပွားနေသော(BIFF)အဖွဲ့ခေါင်းဆောင်သည် ဆော်ဒီအာရေဗျနိုင်ငံတွင် လေ့
ကျင့်ထားရသူဖြစ်သည်။
၂၀၀၈ ခုနှစ်မှစပြီး ဖိလစ်ပိုင်တောင်ပိုင်းရှိ ခရစ်ယာန်နိုင်ငံများသို့ ၀င်ရောက်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး ယင်းတိုက်ခိုက်မှုများကြောင့် အရပ်သား ၄၀၀ ကျော် သေဆုံးခဲ့ရကာ လူပေါင်း ၇၅၀၀၀၀ ခန့် နေရာရွှေ့ပြောင်းခဲ့ရကြောင်း အေအက်ဖ်ပီ သတင်းတွင် ဖော်ပြထားသည်။
EMG

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1