Friday, August 10, 2012

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့၌ ရေကြီးမှုဖြစ်ပေါ်နေ

Ever November | 8/10/2012 09:05:00 PM | Best Blogger Tips

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့၌ သြဂုတ် ၇ ရက်က မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးမှုများပေါ်လာခြင်းကြောင့် လူနေအိမ်များနစ်မြုပ်ခဲ့ရာ၎င်းဒေသရှိ ပြည်သူ၈၀၀၀၀ခန့်အား ဘေးကင်းရာအရပ်သို့ ပြောင်းရွှေ့ပေးခဲ့
ကြကြောင်း သိရသည်။ အဆိုပါ ရေကြီးမှုများ ဖြစ်ပေါ်လာခြင်းကြောင့် ဒေသတွင်းရှိ ကျောင်းများနှင့် ရုံးများအား ပိတ်ပစ်ခဲ့ရသည့်အပြင် အိမ်ခြေထောင်ပေါင်းများစွာ နစ်မြုပ်ခဲ့ရသောကြောင့် ကယ်ဆယ်ရေးသမားများအား ၄င်းဒေသသို့ စေလွှတ်ခဲ့ရကြောင်း၊ သို့ရာတွင် ရေကြီးမှုများကြောင့် သေဆုံးသူဦးရေမှာ သြဂုတ် ၈ ရက်အထိ ၁၆ ဦးအထိ မြင့်တက်လာခဲ့ကြောင်း၊ ပျောက်ဆုံးနေသော လူဦးရေစာရင်းအား ယခုတိုင် အတိအကျ မသိရသေးကြောင်း ဖိလစ်ပိုင် အာဏာပိုင်များက ပြောကြားခဲ့သည်။
khitlunge

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1