Friday, August 10, 2012

ရှန်ဟိုင်းမြို့၌ “ဟိုင်ကူ”အမည်ရှိမုန်တိုင်း တိုက်ခတ်နိုင်ဖွယ်ရှိ

Ever November | 8/10/2012 10:01:00 AM | Best Blogger Tips

တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့၌ ယခုတစ်ပတ်အတွင်း “ဟိုင်ကူ”အမည်ရှိ တတိယအကြိမ်မြောက် တိုင်ဖုန်း မုန်တိုင်း ပြင်းထန်စွာ တိုက်ခိုက်နိုင်ဖွယ်ရှိသောကြောင့် အာဏာပိုင်များက ၄င်းပြည်နယ်ရှိ ဒေသခံ ၂၀၀၀၀၀ ဦးခန့်အား ဘေးကင်းရာသို့ ပြောင်းရွှေ့ပေးခဲ့ကြကြောင်း နိုင်ငံပိုင် မီဒီယာများက သြဂုတ် ၇ ၇က်၌ ပြောကြားခဲ့သည်။ အဆိုပါ တိုင်ဖုန်းမုန်တိုင်း “ဟိုင်ကူ”သည် ကျီကျန်းပြည်နယ်တွင် ဦးစွာတိုက်ခတ်ဖွယ်ရှိပြီးနောက် သြဂုတ် ၇ ရက် သို့မဟုတ် ၈ ရက်၌ ရှန်ဟိုင်းမြို့သို့ ၀င်ရောက်လာနိုင်ကြောင်း တရုတ်မိုးလေ၀သ စီမံခန့်ခွဲရေးဌာနက ခန့်မှန်း ပြောကြားခဲ့သည်။ အဆိုပါ တိုင်ဖုန်းမုန်တိုင်းကြောင့် “ကျီကျန်း” ပြည်နယ်ရှိ ဒေသခံပြည်သူ ၁၃၀၀၀၀ ဦးနှင့်အတူ အခြားဒေသမှ ပြည်သူများအား ၄င်းပြည်နယ်ရှိ အာဏာပိုင်များက ချက်ချင်း ပြောင်းရွှေ့ပေးခဲ့ကြကြောင်း သိရသည်။
khitlunge

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1