Friday, August 10, 2012

တိုင်းရင်းဆေးနှင့် နှလုံးရောဂါကာကွယ် ကုသရေး

Ever November | 8/10/2012 08:52:00 PM | Best Blogger Tips

"ဦးနိုင်ကြီး တစ်ယောက် ဆုံးသွား ပြီ"တဲ့။ ဒီနေ့ ဖယ်ရီ ကားပေါ် အ ရောက် အဲဒီ သတင်း ကို ကြားလိုက်ရ တော့ အံ့ဩသွားမိတယ်။ ဦးနိုင်ကြီး က ရုံးကပင်စင်ယူသွားတာ ဘာကြာ သေးလို့လဲ၊ လေးနှစ်လောက်ပဲရှိသေး တယ်။ သူ့မှာ သွေးတိုးအခံတော့ ရှိ တယ်။ ဒါပေမယ့် ဆေးပုံမှန်သောက် နေတဲ့သူဆိုတော့ ဘာသံမှ မကြားခဲ့ မိပါဘူး။
နောက်မှ အပြည့်အစုံသိရ တာက အဲဒီ သူဆုံးမယ့်နေ့ကတောင် သူ့သားနဲ့ ကားပြင်၊ နောက် အတူတူ ထမင်းစားကြသေးတယ်ဆိုပဲ။ ထမင်း စားပြီး ခဏနေတော့ ရင်ဘတ်က အောင့်တယ်ဆိုပြီး သူစားနေကျ သွေး တိုးကျဆေးကို သောက်နေကျထက် တောင် ပိုပြီး သောက်လိုက်သေးတယ် ဆိုပဲ။ အဲဒီမှာ သွေးကြောတွေပေါက် ပြီး ဆုံးသွားတာလို့ပြောတယ်။ တကယ်တော့ နှလုံးဟာ ခန္ဓာကိုယ် ရဲ့ အဓိကအစိတ်အပိုင်းတစ်ခုဖြစ်ပါ တယ်။
ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ထဲ မှာ သွေးကြောအမျှင်လေးတွေ မိုင် ပေါင်းချီပြီး ရှိနေပါတယ်။ အဲဒီ သွေး ကြောမျှင်လေးတွေထဲမှာ စီးဆင်း လည်ပတ်နေတဲ့သွေးတွေ ချောချော မွေ့မွေ့ ရှိနေဖို့လိုပါတယ်။ နောက် ဒီရောဂါရဲ့ လျှို့ဝှက်ချက်က နှစ်ပေါင်း များစွာ လက္ခဏာမပြဘဲ သူ့ကို သတိ ပြုမိတဲ့အချိန်ဟာ နှလုံးကို ရုတ်တရက် တိုက်ခိုက်ခံရခြင်း (Heart Attack) ကြောင့် ရင်ဘတ်အောင့်ဝေဒနာခံစား ရတော့မှ သိကြတာမျိုးပါ။
ကျွန်တော့် ဆရာမတစ်ယောက်တုန်းကဆို ရုံးမှာ အလိုလိုနေရင်း မောနေတတ်တာ၊ အဲဒီ အခါမျိုးမှာ ကြံရည်ဝယ်သောက်လိုက် ရင် သက်သာသွားတာတွေ့ဖူးပါတယ်။ နှလုံးရောဂါမှာ နှလုံးသွေးကြော ကျဉ်းတာနဲ့ နှလုံးသွေးကြောကျယ် တာဆိုပြီး ၂ မျိုးရှိပါတယ်။ နှလုံး သွေးကြောကျယ်တာကတော့ ချက် ချင်းခွဲစိတ်ကုသရပါတယ်။ ကျွန်တော် အလုံစက်ရုံမှာ တာဝန်ကျတုန်းက စက် ရုံမှူးရဲ့ သမီးလေးဆို မောမောနေလို့ ဆရာဝန်ကြီးကိုသွားပြတော့ နှလုံးသွေး ကြောကျယ်တာမို့ ချက်ချင်းပဲ စီစဉ် ပြီး ခွဲစိတ်လိုက်လို့ ပြန်ကောင်းသွား ပါတယ်။
နှလုံးသွေးကြောကျဉ်း ဝေဒနာဖြစ်ပွားတဲ့အကြောင်းတွေက တော့ ကိုလက်စထရောလ်လို့ခေါ်တဲ့ အဆီဓာတ်တွေ သွေးထဲမှာ များနေ ခြင်း၊ ခန္ဓာကိုယ်ဝဖြိုးလွန်းခြင်း၊ သွေး တိုးနှင့် ဆီးချိုသွေးချိုရောဂါရှိခြင်း၊ နှလုံးရောဂါမျိုးရိုးရှိခြင်း၊ ဆေးလိပ်၊ အရက်နှင့် မူးယစ်ဆေးဝါးသုံးစွဲခြင်း၊ အမျိုးသမီးများအနေဖြင့် ပဋိသန္ဓေ တားဆေးသုံးစွဲခြင်းနှင့် စိတ်ဖိစီးမှု (Stress) ခံစားနေရခြင်းတို့ကြောင့် ဖြစ်ပါတယ်။ ကိုလက်စထရောလ် မများဖို့ ဆီစားသုံးရာမှာ စားအုန်းဆီ ကိုရှောင်ပြီး ဆီသန့် ဒါမှမဟုတ် ဟင်း သီးဟင်းရွက်ဆီကိုသာစားသုံးပါ။
ခန္ဓာ ကိုယ် အလေးချိန်ကို ထိန်းပါ။ ဒီနေရာ မှာ အစားအစာတွေ အထူးသဖြင့် အဆီ၊ အဆိမ့်၊ အချိုတွေကို စား ကောင်းတိုင်း တဝတပြဲမစားဖို့၊ တတ် နိုင်ရင် ချဉ်၊ ဖန်၊ စပ်၊ ခါး အသီးအနှံ တွေပါ တွဲစားပေးဖို့လိုပါတယ်။ သွေး တိုးနှင့် သွေးချို၊ ဆီးချိုပါရှိရင် အစား အသောက်ပိုဆင်ခြင်ဖို့ လိုပါတယ်။ ဆေးလိပ်၊ အရက်၊ မူးယစ်ဆေးဝါး ရှောင်ကြဉ်ရပါမယ်။ အမျိုးသမီးများ အနေနဲ့လည်း တတ်နိုင်ရင် ပဋိသန္ဓေ တားဖို့ တားဆေးသုံးစွဲခြင်းမှ ရှောင် ကြဉ်ဖို့ (ပဋိသန္ဓေတားဆေးမသုံးဘဲ ပဋိသန္ဓေတားသည့် အခြားနည်းလမ်း များကိုရွေးချယ်ပါ။) အလျဉ်းသင့်ရင် ကျွန်တော်ဆောင်းပါးရေးတင်ပြပါဦး မယ်။ စိတ်ဖိစီးမှု(Stress) က လွတ် ကင်းအောင် စိတ်ကိုပျော်ရွှင်အောင်၊ ချမ်းသာအောင်နေရပါမယ်။ စိတ်ထား တတ်ရပါမယ်လို့ပြော ကြားချင်ပါ တယ်။
နှလုံးရောဂါဟာ အဖြစ်များတဲ့ ရောဂါထဲမှာပါဝင်ပါတယ်။ လူရဲ့ ခန္ဓာ ကိုယ် အစိတ်အပိုင်းတွေအနက် နှလုံး ဟာ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ ဆေးပညာအလိုအရ လူ တစ်ယောက် အသက်ရှင်၊ မရှင်ကို နှလုံးခုန်မှု ရှိ၊ မရှိနဲ့ တိုင်းတာလေ့ရှိ ပါတယ်။ နှလုံးရောဂါဖြစ်ပွားရခြင်း အကြောင်းရင်းကတော့ စိတ်ဖိစီးမှု (Stress) များခြင်းနဲ့အစားအသောက် မဆင်ခြင်ခြင်းကြောင့် ဖြစ်ပါတယ်။ လူတွေမှာ စိတ်ကိုတည်ငြိမ်နေစေဖို့ အမြဲသတိထားပြီးနေတဲ့ အလေ့အကျင့် ကို လိုက်နာဆောင်ရွက်သင့်ပါတယ်။ ]စိတ်တိုလျှင် အသက်တိုသည်"ဆိုတဲ့ စကားအတိုင်း ဒေါသထွက်လာလျှင် လည်း သတိထားပြီး ဒေါသကို မပေါက်ကွဲရန် ထိန်းဖို့လိုပါတယ်။
စိတ် ညစ်စရာ၊ ပူပန်စရာတွေ့ရင်လည်း အလွန်အကျွံမဖြစ်အောင် ထိန်းရပါ မယ်။ အစားအသောက်စားရာမှာ လည်း အဆီ၊ အဆိမ့်များ လွန်ကဲစွာ မစားဖို့ ဆင်ခြင်ရပါမယ်။ နောက် တစ်ခုက လည်ပင်းကျိတ်(Thyroid Gland) မှ ဟော်မုန်းဓာတ်လျော့နည်း မယ်ဆိုရင် နှလုံးသွေးကြောကျဉ်း ရောဂါရဲ့ လက္ခဏာတွေဖြစ်တဲ့ မော ပန်းခြင်း၊ အအေးမခံနိုင်ခြင်း၊ ဆံပင် ကျွတ်ခြင်း၊ အဝလွန်ကဲခြင်း၊ အဆစ် နာခြင်း၊ စိတ်ဓာတ်ကျခြင်း (Depression) တို့ ဖြစ်ပေါ်လာနိုင်ပါ တယ်။ နှလုံးသွေးကြောကျဉ်းရောဂါ ကာကွယ်ရေးအနေနဲ့ ဟင်းသီးဟင်း ရွက်အဆီကိုသာ စားပါ။ ကြက်ဥလျှော့ စားပါ (ဆီးချို၊ သွေးတိုးပါရှိလျှင် တစ်ပတ် ၂ လုံးသာစားပါ)။
ကညွတ်၊ ဂေါ်ဖီ၊ မုန်လာဥ၊ ဟင်းနုနယ်၊ ကန်စွန်း ဥ၊ ပန်းသီး၊ လိမ္မော်သီး၊ သစ်တော် သီး၊ ပဲပင်ပေါက်စားပေးပါ။ နှလုံးသွေးကြောကျဉ်းရောဂါ ကုသရေးအနေနဲ့ လတ်ဆတ်တဲ့ သံ ပရာသီးကို ဓားသန့်သန့်နဲ့ ကန့်လန့် ဖြတ်ပိုင်းပါ။ ဖန်ခွက်တစ်ခုမှာ တစ်ခြမ်း စီလှန်၍ ထည့်ပါ။ ကျိုက်ကျိုက်ဆူနေ သည့်ရေနွေးကို လောင်းထည့်ပြီးအဖုံးနဲ့လုံအောင်ချက်ချင်းပိတ်လိုက်ပါ။ အေးသွားသောအခါ သောက်သုံးရ ပါမယ်။
ပျောက်ကင်းပြီးနောက်ပိုင်းတွင်လည်းအတန်ကြာဆက်လက် သောက်သုံးဖို့လိုပါတယ်။ နှလုံးအားနည်း
ရင်တော့ပျားရည်ထမင်းစားဇွန်းတစ်ဇွန်းနဲ့ ရေအေးဖန်ခွက်တစ်ခွက်ကိုတစ်လလောက် သောက်ပေးပါ။
 နှလုံးကျပ်မောပြီး ဆီးချိုပါရှိနေ ရင်တော့ ဆင်တုံးမနွယ်၊ ဥနှဲ၊ ဖျသက်၊ နနွင်းခါး၊ ၄င်း ၄ မျိုးကို ဆတူကြိတ်ပြီး ပျားရည်နှင့်တေပါ။ ပြီးလျှင် နေ့စဉ် ဆီးကင်းငယ်ခန့် စားပေးပါ။
ကျော်စိုးအောင် (စက်မူ)
Health Digest

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1