Wednesday, August 15, 2012

ဥပေါင်း ၈၇ လုံးကို ကိုယ်ဝန်ဆောင် ထားသည့် ၁၇ ပေအရှည်ရှိ စပါးအုံးမြွေတွေ့ရှိ

Ever November | 8/15/2012 03:32:00 PM | Best Blogger Tips
အမေရိကန် ပြည်ထောင်စု ဖလော် ရီဒါ ပြည်နယ်တွင် ၁၇ ပေ အရှည်ရှိ စပါးအုံးမြွေ တစ်ကောင် တွေ့ရှိခဲ့ သည်။ အဆိုပါမြွေသည်  ဥပေါင်း ၈၇ လုံးကို ကိုယ်ဝန်ဆောင် ထားကြောင်း စစ်ဆေး တွေ့ရှိချက် အရ သိရသည်။၎င်း စပါးအုံးမြွေကြီး သည် ဖလော်ရီဒါ ပြည်နယ်တွင် တွေ့ရှိရ သော မြွေများအနက် အကြီး ဆုံးမြွေကြီး ဖြစ်ကြောင်း၊ အလေးချိန်မှာ ၁၆၄ ဒသမ ၅ ပေါင်ရှိသည်။အဆိုပါ စပါးအုံးမြွေ ကြီးအား ယခုနှစ် မတ်လအတွင်းကEvergladesအမျိုးသားဥယျာဉ်တွင်ဖမ်းမိခဲ့ခြင်းဖြစ်ပြီး၎င်းတို့၏ လေ့လာကျက်စားပုံကို လေ့
လာရန် ၎င်း မြေကြီး၏ နောက်သို့ သုတေသီများ က ခြေရာခံ လိုက်ကာ မှတ်တမ်း တင်ခဲ့သည်။
၎င်း စပါးအုံးမြွေ သည် အရှေ့တောင်အာရှ မျိုးရင်းဖြစ်ပြီး ပြီးခဲ့သည့် ဆယ်စုနှစ်သုံးစုကျော်က အမေရိကန်ပြည် ထောင်စုသို့ ရောက်ရှိနေခဲ့ခြင်း ဖြစ်သည်။ ၎င်း မြွေမျိုးစိတ် သည် အဆိပ် မရှိသော်လည်း လူသားတို့ကို ရစ်ပတ် ဝါးမျိုကာ အသက် အန္တရာယ် ပေးနိုင်ကြောင်း သိရသည်။ထို့နောက် ၎င်း မြွေကြီးအား အမျိုးသား သမိုင်းပြတိုက်သို့  ပြန်လည်ယူ ဆောင်လာခဲ့ပြီး ရင်ခွဲစစ်ဆေး ကြည့်ရာ မျိုးဥ ၈၇ လုံးကို တွေ့ရှိခဲ့ရ ကြောင်း သိရ သည်။စပါးအုံးမြွေ များသည် ငှက်များ၊ ယုန်များ၊ မြေခွေးများနှင့် တိရစ္ဆာန်ငယ် များကို စားသောက်သည့် အသား စား သတ္တဝါ ဖြစ်သည်။ ယခင်က ဖလော်ရီဒါ ပြည်နယ်တွင် ရှာဖွေတွေ့ရှိ ခဲ့သော စပါးအုံးမြွေ များသည်  ၁၆ ဒသမ ၈ ပေအရှည် ရှိပြီး မျိုးဥ ၈၅ လုံးသာရှိကြောင်း၊ ယခု မြွေကြီးသည် ၁၇ ပေရှိပြီး မျိုးဥ ၈၇ လုံး ရှာဖွေ တွေ့ရှိခဲ့သည့် အတွက် ယခင် စံချိန်ကို ချိုးနိုင်ခဲ့ ကြောင်း သိရသည်။ 
Myawaddy

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1