Wednesday, August 15, 2012

ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် ကို မြန်မာဒါရိုက်တာ ရိုက်ကူးခြင်းဖြင့် ဂုဏ်ယူလို ကြောင်း ဇာဂနာပြောကြား

Ever November | 8/15/2012 03:23:00 PM | Best Blogger Tips

ဗိုလ်ချုပ် ရုပ်ရှင်ဇာတ်ကားနဲ့ ပတ်သက်ပြီး ဗိုလ်ချုပ်အောင်ဆန်း နဲ့ ဒေါ်ခင်ကြည် နေရာ မှာ ပါဝင် သရုပ်ဆောင်မယ့် သရုပ်ဆောင် ၄ ယောက်ကို အိုက်တင်အခြေခံနဲ့ပတ် သက်ပြီး ပြင်သစ် အနုပညာကျောင်း က ကျောင်းဆရာ နဲ့ သင်တန်းပေးမယ့် အပေါ်မှာ ဇာဂနာက..

”သြဂုတ်လ၂ဝရက်နေ့မှာ မြန်မာနိုင်ငံကို ရောက်လာမယ်။ ဗိုလ်ချုပ် သရုပ်ဆောင်၂ယောက နဲ့ဒေါ်ခင်ကြည် သရုပ်ဆောင်၂ယောက်ကို ဘယ်လို သရုပ်ဆောင် ရမှာလဲ ဆိုတဲ့ အိုက်တင် အခြေခံကို သင်ပေးမှာပါ။မြန်မာနိုင်ငံ မှာကဒီလို စနစ်တကျ အမူအရာ အိုက်တင်နဲ့ပတ်သက်ပြီး တစ်ခါမှ သင်တန်း မရှိခဲ့ဘူးလေ။ အဲဒီပြင်သစ် ဆရာကို ထပ်ပြီး အကူအညီတောင်းထား တယ်။ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးမှာ ကျောင်းသား ၃ဝ ကို အခြေခံ သင်ပေးမယ်။ နောက်တစ်ခုက ဆရာဖြစ်သင်တန်းကို သင် ပေးမယ်။
ခုလောလောဆယ် ဗိုလ်ချုပ်နဲ့ ဒေါ်ခင်ကြည်နေရာမှာ သရုပ်ဆောင်မယ့် ၄ ယောက် ကို အရင်သင်မယ်။ ဒါတွေ အားလုံး ကို ရုပ်ရှင်အစည်း အရုံးအောက်မှာပဲ လုပ်မှာပါ” လို့ပြောပါတယ်။ ဇာတ်ညွှန်း မူကြမ်းကို အမေရိကန်ကို ယူသွားပြီးရင် ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင် အတွက် ဇာတ်ညွှန်း မူကြမ်း ထွက်လာရင် လုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး ”ဒီနှစ်မှာ (သမ်အမ်းတေ့စ်) ဇာတ်ကား နဲ့ အော်စကားဆု ရသွားတဲ့ အသိကို အကူအညီ တောင်းထားတယ်။ သူနဲ့လည်း ခင်တော့ ကူညီမယ်။ သူ့ဘာသာသူ ခွဲခြား စိတ်ဖြာလိမ့် မယ်။ကွန်ပျုတာ ဂရပ်ဖစ်နဲ့ ပတ်သက် ပြီးတော့ဘယ်လိုလုပ်ရမယ်၊ ဘယ်လောက်ကုန်ကျ မလဲဒါတွေက အစပေါ့နော် ပြီးတော့ စတူဒီယို နဲ့ ရိုက်ရမှာလား၊ အစစ် ရိုက်ရမှာလား၊ ဒီလို အခန်းတွေ ကိုလည်းအချိန်ရော၊ကုန်ကျစရိတ် ရော တစ်ခါတည်း သိရ မယ်လေ။ ဇာတ်ညွှန်း အချောကတော့ အဲဒါတွေလုပ် ပြီးတာနဲ့ တစ်လနှစ်လ အတွင်း ပြီးမှာပါ။ ပြီးတာနဲ့ စရိုက်တော့မှာပါ” လို့ ပြောကြားခဲ့ပါတယ်။ ရိုက်ကူးရေးနေရာ တွေနဲ့ ပတ်သက်ပြီးတော့ ဇာဂနာက”လတ်တလော စဉ်းစားထားတာက မြန်မာနိုင်ငံမှာ ရိုက်မယ်။ ပြီးရင် မလေးမှာရိုက် မယ်။ မလေးရှားမှာ ရိုက်မယ်ဆိုတာက စတူဒီယို ဈေးနှုန်း သက်သာတယ်။ Add Audio ဆို တာက ကျွန်တော် တို့ကို အသံပိုင်းမှာ ကူညီမှာပါ။ သူက အရှေ့တောင် အာရှမှာ အကောင်းဆုံးလေ။ ငွေကြေး မယူဘူး။ စေတနာနဲ့ ကူညီ မှာ။ ဒါကြောင့် အဲဒီဘက်ကို လုပ်မှာပါ။ ဥရောပဘက်က ကိစ္စတွေ ကတော့ ဂျာမနီ Babelsbers Studio က ကူညီမယ်။ အဖွဲ့တွေကိုလည်း တင်ပြ ပြီးပြီ။ ဟောလီး ဝုဒ်ကလူတွေလည်းပါမယ်။ ဗိုလ်ချုပ်က အမေရိကန် မသွားဘူးဆိုပေမယ့် ဟိုဘက်က ကင်မရာ၊လိုက်တင် ကွန်ပျူတာတွေ ကို စေတနာ နဲ့ကူညီ တာ လေ။ ဂျပန် က EX Studioလည်း ကမ်းလှမ်း ထားတယ် ။ဟောလီးဝုဒ်ကကူညီမှာ ပါ”ပြောပါတယ်။ ဗိုလ်ချုပ်ရုပ်ရှင် ဇာတ်ကား ဖြစ်မြောက်ဖို့ အတွက် မှာ ပါဝင်သရုပ်ဆောင်သူ လည်းမြန်မာ လူမျိုး၊ ဇာတ်ညွှန်း ရေးသားခဲ့တာ လည်း မြန်မာနိုင်ငံ၏ နိုင်ငံကျော် ဒါရိုက်တာ နဲ့ စာရေးဆရာ၊ ထိုနည်းလည်းပဲ ဒါရိုက်တာ ရွေးချယ်မှု အပိုင်း မှာ ဇာဂနာကို မေးကြည့်တဲ့အခါ… ”ကျွန်တော့်ဆန္ဒကတော့ ဒါရိုက်တာ ကို မြန်မာပဲ ဖြစ်စေချင်တယ်။ မြန်မာပဲ ဖြစ်ရမယ်။ မြန်မာ ဒါရိုက်တာဆိုတဲ့ ဂုဏ်ကို ယူချင်တယ်။ သရုပ်ဆောင် ဆိုလည်း ဂုဏ်ယူလို့ ရပြီလေ။ ဗိုလ်ချုပ် အကြောင်း ကို မြန်မာတွေပဲ ကောင်းကောင်းသိတယ်လို့ ယုံကြည် တယ်။ နိုင်ငံခြားသားတွေကတော့ ပို မသိနိုင်ပါဘူး။ မြန်မာက ဘယ် ဒါရိုက်တာ နဲ့ပဲရိုက် ရိုက်၊ နှစ် ယောက်ပေါင်း မလား၊ သုံးယောက်ပေါင်းမ လားရတယ်။ မြန်မာဖြစ်ရင်ရပြီ” လို့ပြောပါတယ်။ ဇာဂနာ က ပြည်ပ ခရီးစဉ် အနေနဲ့ သြဂုတ်လ ၁၅ရက်နေ့မှာ အမေရိကန်နိုင်ငံသို့၁ဝရက်ကြာ သွား ရောက်မှာ ဖြစ်ကြောင်း လည်း ပြောသွားပါတယ်။
ထူးထူး
Popular facebook

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1