Wednesday, August 15, 2012

သရုပ်ဆောင် ပညာကို အစကနေ သင်ယူနေတဲ့ ယုသန္တာတင်

Ever November | 8/15/2012 03:12:00 PM | Best Blogger Tips

အနုပညာ ပျိုးခင်းက စင်တင် မင်းသမီး ဖြစ်တဲ့ ယုသန္တာတင်က အနုပညာ ပျိုးခင်း နဲ့ ဇာတ်ကား ၆ ကား ရိုက်ကူးထားပြီး အခုလက်ရှိ ထွက်ထားတဲ့ လူမင်း နဲ့ အတူ သရုပ်ဆောင်ထား တဲ့ “နှစ်ဝါတစ်နီ” ဆိုတဲ့ ကားလေးကို ပရိသတ်တွေ ကြိုက် နှစ်သက်ကြပါတယ်။ ဒီကားလေးက သူ့ရဲ့ ပထမဦးဆုံး ထွက်ရှိတဲ့ ကားလေးဖြစ်တဲ့ အတွက် စိုးရိမ်စိတ်တွေ ရှိခဲ့ ကြောင်း ပြောတဲ့ ယုသန္တာတင်က . . .

“ဒီကားလေးက ဟာသ ပုံစံကားလေးပေါ့။ ယုသန္တာတင် အနေနဲ့ အတတ်နိုင် ဆုံး ကြိုးစားပြီး ရိုက်ထားတယ်။ အခု ကားလေးက ကြော်ငြာ ရိုက်တာနဲ့ မတူ ဘူး။ ကိုယ့်ရဲ့ ပထမဦး ဆုံးထွက်လာတဲ့ အခွေ ဆိုတော့ အခွေ မထွက်ခင် ကတည်းက တအား စိတ်လှုပ်ရှားတာ၊ ပရိသတ် တွေဆီက ဘယ်လိုမျိုး စကားသံတွေ ကြားမလဲ ဆိုတာ စိုးရိမ်တယ်။ အခု ထွက်လာတော့လည်း အဆင်ပြေသွားတယ်။ စိုးရိမ်စိတ် ကတော့ ပထမဦးဆုံးရှိုး လျှောက်သလိုမျိုး ရင်ခုန်တယ်။ ဒါက ကြော်ငြာလိုရှိုး ပုံစံခ ဏ လေးမဟုတ်ဘူး။ ပရိသတ်က အကြာကြီး ကြည့်မှာ ဆိုတော့ ကြောက်လည်း ကြောက်တယ်။ ရင်လည်း ခုန်တယ်။ ယုသန္တာတင် အနေ နဲ့လည်း ဒီကားလေးကို ကြည့် ပြီး လိုအပ် တာတွေကို နောက်ကား မှာ ဖြည့်သွားမှာပါ လို့ပြောပါတယ်။
ယုသန္တာတင်က အနုပညာ ပျိုးခင်းရဲ့ လက်တွဲခဲ့တာ တစ်နှစ် ပြည့်တော့မှာ ဖြစ်ပါတယ်။ လက်တွဲခဲ့တဲ့ တစ်နှစ် အတွင်း မှာလည်း အနုပညာရှင်တွေဆီ က အတွေ့ အကြုံ၊ ပညာတွေလည်း အများကြီး ရရှိခဲ့ကြောင်း ပြောပါတယ်။ အနုပညာ လောကကို မော်ဒယ် အနေနဲ့ စဝင်ခဲ့တဲ့ ယုသန္တာတင်က အခု သရုပ်ဆောင်ဘက် ကို ခြေလှမ်း ရောက်သွား တဲ့အတွက် အစကနေ သင်ယူရကြောင်း ပြောပါတယ်။
“အားလုံးပြန်ပြီး သင်ယူရတယ်။ ကားရိုက်တဲ့ အခါမှာလည်း အကုန်လုံး ဝိုင်းပြီး သင်ပေးကြတယ်။ ကိုယ်က Photo မော်ဒယ်က စလာတာပေါ့။ အဲဒီတုန်း က ကျတော့ ရုပ်သေ သရုပ်ဆောင် ရတယ်။ အခုကျတော့ ရုပ်ရှင် ဆိုတော့ မတူတော့ဘူး။ ပိုပြီး ကြိုးစားရတယ်။ အကုန်လုံး စပြီး သင်ရတာပေါ့။ ကိုယ့် တစ်ယောက်တည်း အတွက်ကြောင့် ရိုက်ကွင်းမှာ ကြန့်ကြာ သွားမှာ လည်း စိုးရိမ်တယ်” လို့ ပြောတဲ့ ယုသန္တာတင်ကို မော်ဒယ်နဲ့ သရုပ်ဆောင် ဘယ်ဟာ ပိုပြီးခက်ခဲ သွားမလဲ ဆို တာ မေး ကြည့်တော့..
“ကိုယ့်မှာ သင်စရာတွေ များလာတယ်။ ကျန်တာ တော့ မကွာပါဘူး။ သူ့နေရာ နဲ့ သူတော့ ခက်ခဲတာပဲ။ ကိုယ်က Photo မော်ဒယ်ကနေ သရုပ်ဆောင် ဘက်ကို ကူးတာ ဆိုတော့ ခက်ခဲတာပေါ့။ ကားရိုက်တာ ကျ တော့ အသစ်လိုပဲ သင်နေရတယ်” လို့ ပြောပါတယ်။
တွယ်တာ
Popular facebook

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1